ဖိလစ္ပိုင္ေတာင္ပိုင္း ပင္လယ္ျပင္တြင္ အင္အား ၇.၈ ရွိေသာ ငလ်င္လႈပ္ခတ္

ဖိလစ္ပိုင္ေတာင္ပိုင္း ပင္လယ္ျပင္တြင္ အင္အား ၇.၈ ရွိေသာ ငလ်င္လႈပ္ခတ္
============================
ဂ်ာမန္ ေျမငလ်င္သုေတသနဗဟိုဌာန(GFZ) ရဲ႕ ေျပာျပခ်က္အရ တနလၤာေန႔ (ဇြန္လ ၈ ရက္) မွာ ဖိလစ္ပိုင္ေတာင္ပိုင္း မင္ဒါနာအို (Mindanao) ကြၽန္းအလြန္မွာ ရစ္ခ္တာစေကး အဂ္အား ၇.၈ ရွိတဲ့ ငလ်င္တစ္ခု လႈပ္ခတ္သြားခဲ့ၿပီးတဲ့ေနာက္ ဆူနာမီသတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။
ဒီငလ်င္ဟာ ေျမေအာက္အနက္ ၁၀ ကီလိုမီတာမွာ လႈပ္ခတ္သြားတာျဖစ္တယ္လို GFZ က ဆိုပါတယ္။ ဖိလစ္ပိုင္နဲ႔ အိမ္နီးနားခ်င္း အင္ဒိုနီးရွားႏိုင္ငံတိုရဲ႕ ဘူမိ႐ူပေဗဒေအဂ်င္စီေတြက ဆူနာမီသတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ၾကပါတယ္။ ႏိုင္ငံႏွစ္ခုစလုံးမွာ ႀကီးႀကီးမားမား ပ်က္စီးဆုံးရႈးမႈ ရွိတယ္ဆိုတဲ့ သတင္းေတြ လတ္တေလာမွာေတာ့ မရရွိေသးပါဘူး။
အလားတူပဲ ဂ်ပန္ႏိုင္ငံကလည္း သူ႔ရဲ႕ ပစိဖိတ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ေနရာအေတာ္မ်ားမ်ားမွာ ဆူနာမီသတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။
GFZ ဟာ အေစာပိုင္းတုန္းက ဒီငလ်င္အင္အားကို ၈.၂ လို သတ္မွတ္ခဲ့တာပါ။ အေမရိကန္ ဆူနာမီသတိေပးစနစ္ကလည္း ငလ်င္လႈပ္ခတ္ၿပီးေနာက္ ဆူနာမီအႏၲရာယ္ရွိႏိုင္ေၾကာင္း သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
ဖိလစ္ပိုင္ေအဂ်င္စီျဖစ္တဲ့ Phivolcs ကေတာ့ ငလ်င္အင္အားဟာ ၇.၀ ရွိတယ္လို ေျပာၿပီး ပ်က္စီးမႈေတြ ရွိႏိုင္ေၾကာင္းနဲ႔ ၁ မီတာထက္ျမင့္တဲ့ ဆူနာမီလွိင္းေတြ နာရီေပါင္းမ်ားစြာအထိ ဆက္ျဖစ္ႏိုင္ေၾကာင္း သတိေပးထားပါတယ္။
အင္ဒိုနီးရွားႏိုင္ငံရဲ႕ BMKG ေအဂ်င္စီကေတာ့ ငလ်င္အင္အားကို ၇.၇ လို တိုင္းတာသတ္မွတ္ပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံ ဆာရန္ဂါနီ (Sarangani) ျပည္နယ္၊ အလာဘဲလ္ (Alabel) ၿမိဳက ရဲမႉး ဘန္ဂ်ီ အန္ေခ်တာ (Benjie Ancheta) က သူတို အလံတင္အခမ္းအနား လုပ္ေနတုန္း ငလ်င္လႈပ္သြားတာျဖစ္ၿပီး လႈပ္ၿပီးၿပီးခ်င္းမွာပဲ ရဲစခန္းအေဆာက္အအုံမွာ အက္ေၾကာင္းတခ်ိဳ ျဖစ္သြားတယ္လို ေျပာပါတယ္။
လူထိခိုက္ဒဏ္ရာရတာ ဒါမွမဟုတ္ ေသဆုံးတာမ်ိဳး လတ္တေလာ သတင္းမရေသးေပမဲ့ ျပင္းထန္တဲ့တုန္ခါမႈေၾကာင့္ လူတခ်ိဳ မူးလဲသြားတာမ်ိဳးေတာ့ ရွိတယ္လို အန္ေခ်တာက ေျပာပါတယ္။
“ဒါဟာ ကြၽန္ေတာ္တို ႀကဳံဖူးသမွ်ထဲမွာ အျပင္းထန္ဆုံး ငလ်င္ပဲ” လို အန္ေခ်တာက ႐ိုက္တာသတင္းဌာနကို ဖုန္းနဲ႔ ေျပာျပခဲ့ပါတယ္။
အင္ဒိုနီးရွားေျမာက္ပိုင္း မာနာဒို (Manado) ၿမိဳက မ်က္ျမင္သက္ေသေတြကလည္း ငလ်င္လႈပ္တာ ေတာ္ေတာ္ေလး ျပင္းျပင္းထန္ထန္ ခံစားခဲ့ရတယ္လို ေျပာၾကပါတယ္။
ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြဟာ ေတာင္အေမရိကကေန ႐ုရွားအေရွ႕ဖ်ားေဒသအထိ သြယ္တန္းေနၿပီး ငလ်င္နဲ႔ မီးေတာင္လႈပ္ရွားမႈ အလြန္မ်ားျပားတဲ့ “ပစိဖိတ္ငလ်င္ကြင္းဆက္”ရဲ႕ ေက်ာက္ခ်ပ္လႊာ တည္ေဆာက္ပုံ ရႈပ္ေထြးတဲ့ အစိတ္အပိုင္းေတြ ျဖစ္ၾကပါတယ္။
ဖိလစ်ပိုင်တောင်ပိုင်း ပင်လယ်ပြင်တွင် အင်အား ၇.၈ ရှိသော ငလျင်လှုပ်ခတ်
============================
ဂျာမန် မြေငလျင်သုတေသနဗဟိုဌာန(GFZ) ရဲ့ ပြောပြချက်အရ တနင်္လာနေ့ (ဇွန်လ ၈ ရက်) မှာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို (Mindanao) ကျွန်းအလွန်မှာ ရစ်ခ်တာစကေး အဂ်အား ၇.၈ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီးတဲ့နောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဒီငလျင်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်သွားတာဖြစ်တယ်လို GFZ က ဆိုပါတယ်။ ဖိလစ်ပိုင်နဲ့ အိမ်နီးနားချင်း အင်ဒိုနီးရှားနိုင်ငံတိုရဲ့ ဘူမိရူပဗေဒအေဂျင်စီတွေက ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ နိုင်ငံနှစ်ခုစလုံးမှာ ကြီးကြီးမားမား ပျက်စီးဆုံးရှုးမှု ရှိတယ်ဆိုတဲ့ သတင်းတွေ လတ်တလောမှာတော့ မရရှိသေးပါဘူး။
အလားတူပဲ ဂျပန်နိုင်ငံကလည်း သူ့ရဲ့ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် နေရာအတော်များများမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။
GFZ ဟာ အစောပိုင်းတုန်းက ဒီငလျင်အင်အားကို ၈.၂ လို သတ်မှတ်ခဲ့တာပါ။ အမေရိကန် ဆူနာမီသတိပေးစနစ်ကလည်း ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီအန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်အေဂျင်စီဖြစ်တဲ့ Phivolcs ကတော့ ငလျင်အင်အားဟာ ၇.၀ ရှိတယ်လို ပြောပြီး ပျက်စီးမှုတွေ ရှိနိုင်ကြောင်းနဲ့ ၁ မီတာထက်မြင့်တဲ့ ဆူနာမီလှိင်းတွေ နာရီပေါင်းများစွာအထိ ဆက်ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ BMKG အေဂျင်စီကတော့ ငလျင်အင်အားကို ၇.၇ လို တိုင်းတာသတ်မှတ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ဆာရန်ဂါနီ (Sarangani) ပြည်နယ်၊ အလာဘဲလ် (Alabel) မြိုက ရဲမှူး ဘန်ဂျီ အန်ချေတာ (Benjie Ancheta) က သူတို အလံတင်အခမ်းအနား လုပ်နေတုန်း ငလျင်လှုပ်သွားတာဖြစ်ပြီး လှုပ်ပြီးပြီးချင်းမှာပဲ ရဲစခန်းအဆောက်အအုံမှာ အက်ကြောင်းတချို ဖြစ်သွားတယ်လို ပြောပါတယ်။
လူထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာမျိုး လတ်တလော သတင်းမရသေးပေမဲ့ ပြင်းထန်တဲ့တုန်ခါမှုကြောင့် လူတချို မူးလဲသွားတာမျိုးတော့ ရှိတယ်လို အန်ချေတာက ပြောပါတယ်။
“ဒါဟာ ကျွန်တော်တို ကြုံဖူးသမျှထဲမှာ အပြင်းထန်ဆုံး ငလျင်ပဲ” လို အန်ချေတာက ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ ပြောပြခဲ့ပါတယ်။
အင်ဒိုနီးရှားမြောက်ပိုင်း မာနာဒို (Manado) မြိုက မျက်မြင်သက်သေတွေကလည်း ငလျင်လှုပ်တာ တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို ပြောကြပါတယ်။
ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေဟာ တောင်အမေရိကကနေ ရုရှားအရှေ့ဖျားဒေသအထိ သွယ်တန်းနေပြီး ငလျင်နဲ့ မီးတောင်လှုပ်ရှားမှု အလွန်များပြားတဲ့ “ပစိဖိတ်ငလျင်ကွင်းဆက်”ရဲ့ ကျောက်ချပ်လွှာ တည်ဆောက်ပုံ ရှုပ်ထွေးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။




