ဖိလစ္ပိုင္ႏိုင္ငံ၌ အင္အားျပင္းငလ်င္တစ္ခုလႈပ္ခတ္မႈေၾကာင့္ လူ ၃၅ ဦးေသဆုံးၿပီး အေဆာက္အအုံမ်ားစြာၿပိဳက်ဖိလစ္ပိုင္ႏိုင္ငံ၌ အင္အားျပင္းငလ်င္တစ္ခုလႈပ္ခတ္မႈေၾကာင့္ လူ ၃၅ ဦးေသဆုံးၿပီး အေဆာက္အအုံမ်ားစြာၿပိဳက်

ဖိလစ္ပိုင္ႏိုင္ငံ၌ အင္အားျပင္းငလ်င္တစ္ခုလႈပ္ခတ္မႈေၾကာင့္ လူ ၃၅ ဦးေသဆုံးၿပီး အေဆာက္အအုံမ်ားစြာၿပိဳက်ဖိလစ္ပိုင္ႏိုင္ငံ၌ အင္အားျပင္းငလ်င္တစ္ခုလႈပ္ခတ္မႈေၾကာင့္ လူ ၃၅ ဦးေသဆုံးၿပီး အေဆာက္အအုံမ်ားစြာၿပိဳက်

====================================

ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္း ဆာရန္ဂါနီ ျပည္နယ္၌ ဇြန္လ ၈ ရက္နံနက္ပိုင္းတြင္ ျပင္းအား ၇ ဒသမ ၈ မဂၢနီက်ဳရွိအင္အားျပင္းငလ်င္တစ္ခုလႈပ္ခတ္သြားရာ အနည္းဆုံး လူ ၃၅ ဦး ေသဆုံးၿပီး အေဆာက္အအုံမ်ားစြာ ၿပိဳက်ပ်က္စီးကာ စာသင္ေက်ာင္းမ်ားႏွင့္ ေလေၾကာင္းလိုင္းမ်ားကို ယာယီရပ္ဆိုင္းထားရေၾကာင္း တာဝန္ရွိသူမ်ားကေျပာသည္။ ငလ်င္ေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံ အခ်ိဳ႕၌ဆူနာမီသတိေပးခ်က္ ထုတ္ျပန္ရေသာ္လည္း ေနာက္ပိုင္းတြင္ထုတ္ျပန္ခ်က္ကိုျပန္လည္႐ုပ္သိမ္းခဲ့သည္။
လူဦးေရခုနစ္သိန္းေက်ာ္ရွိေသာ ဆိပ္ကမ္းၿမိဳ႕ျဖစ္သည့္ ဂ်န္နရယ္ဆန္းတို႔တြင္ ေသဆုံးသူ ၁၀ ဦးရွိၿပီး လက္ရွိအခ်ိန္ထိ အနည္းဆုံးလူ ၁၂ ဦး ေပ်ာက္ဆုံးေၾကာင္း ဖိလစ္ပိုင္၏ အရပ္ဘက္ကာကြယ္ေရး႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူ ဂ်ဴနီကာ့စတီလိုကေျပာသည္။ ေသဆုံးမႈမ်ားမွာ အေဆာက္အအုံအပ်က္အစီးမ်ားပိမိျခင္း၊ ေျမၿပိဳျခင္းတို႔ေၾကာင့္ျဖစ္ၿပီး လူေပါင္း ၁၃၄ ဦးထက္မနည္း ဒဏ္ရာရရွိထားေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳသည္။
ငလ်င္လႈပ္ခတ္ခ်ိန္က စာသင္ေက်ာင္းမ်ား ျပန္ဖြင့္သည့္အခ်ိန္ႏွင့္ တိုက္ဆိုင္ေနသျဖင့္ ဂ်န္နရယ္ဆန္းတို႔ရွိ ႏွစ္ထပ္ေက်ာင္းေဆာင္တစ္ခုၿပိဳက်သည့္ေနရာ၌ ေက်ာင္းသားအခ်ိဳ႕ပိတ္မိေနသည္။ လက္ရွိတြင္စာသင္ေက်ာင္းေပါင္း ၅၈၀၀ ေက်ာ္ကိုအေရးေပၚပိတ္ထားရသည္။ ယခုလႈပ္ခတ္သည့္ငလ်င္၏ဗဟိုခ်က္သည္ မင္ဒါနာအိုျပည္နယ္ရွိေရျပင္ေအာက္ အနက္ ၃၃ ကီလိုမီတာ၌ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။
Ref: Xinhua


ဖိလစ်ပိုင်နိုင်ငံ၌ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူ ၃၅ ဦးသေဆုံးပြီး အဆောက်အအုံများစွာပြိုကျ
====================================
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆာရန်ဂါနီ ပြည်နယ်၌ ဇွန်လ ၈ ရက်နံနက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျုရှိအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံးပြီး အဆောက်အအုံများစွာ ပြိုကျပျက်စီးကာ စာသင်ကျောင်းများနှင့် လေကြောင်းလိုင်းများကို ယာယီရပ်ဆိုင်းထားရကြောင်း တာဝန်ရှိသူများကပြောသည်။ ငလျင်ကြောင့် အိမ်နီးချင်းနိုင်ငံ အချို့၌ဆူနာမီသတိပေးချက် ထုတ်ပြန်ရသော်လည်း နောက်ပိုင်းတွင်ထုတ်ပြန်ချက်ကိုပြန်လည်ရုပ်သိမ်းခဲ့သည်။

လူဦးရေခုနစ်သိန်းကျော်ရှိသော ဆိပ်ကမ်းမြို့ဖြစ်သည့် ဂျန်နရယ်ဆန်းတို့တွင် သေဆုံးသူ ၁၀ ဦးရှိပြီး လက်ရှိအချိန်ထိ အနည်းဆုံးလူ ၁၂ ဦး ပျောက်ဆုံးကြောင်း ဖိလစ်ပိုင်၏ အရပ်ဘက်ကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂျူနီကာ့စတီလိုကပြောသည်။ သေဆုံးမှုများမှာ အဆောက်အအုံအပျက်အစီးများပိမိခြင်း၊ မြေပြိုခြင်းတို့ကြောင့်ဖြစ်ပြီး လူပေါင်း ၁၃၄ ဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

ငလျင်လှုပ်ခတ်ချိန်က စာသင်ကျောင်းများ ပြန်ဖွင့်သည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဂျန်နရယ်ဆန်းတို့ရှိ နှစ်ထပ်ကျောင်းဆောင်တစ်ခုပြိုကျသည့်နေရာ၌ ကျောင်းသားအချို့ပိတ်မိနေသည်။ လက်ရှိတွင်စာသင်ကျောင်းပေါင်း ၅၈၀၀ ကျော်ကိုအရေးပေါ်ပိတ်ထားရသည်။ ယခုလှုပ်ခတ်သည့်ငလျင်၏ဗဟိုချက်သည် မင်ဒါနာအိုပြည်နယ်ရှိရေပြင်အောက် အနက် ၃၃ ကီလိုမီတာ၌ ဖြစ်ပွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

Ref: Xinhua