ဒီမိုကရက္မ်ားႏွင့္ အေျခအတင္ျဖစ္ပြားၿပီးေနာက္ ေဒၚလာ ၇၀ ဘီလီယံတန္ လူဝင္မႈႀကီးၾကပ္ေရး ရန္ပုံေငြဥပေဒၾကမ္းကို ထရန႔္ လက္မွတ္ေရးထိုး

ဒီမိုကရက္မ်ားႏွင့္ အေျခအတင္ျဖစ္ပြားၿပီးေနာက္ ေဒၚလာ ၇၀ ဘီလီယံတန္ လူဝင္မႈႀကီးၾကပ္ေရး ရန္ပုံေငြဥပေဒၾကမ္းကို ထရန႔္ လက္မွတ္ေရးထိုး
==================================
ဇြန္ ၁၁

အေမရိကန္ႏိုင္ငံသားႏွစ္ဦး အမွားအယြင္း ပစ္သတ္ခံရမႈႏွင့္ပတ္သက္၍ ဒီမိုကရက္မ်ားႏွင့္ လအေတာ္ၾကာ ႏိုင္ငံေရးအရ အေျခအတင္ျဖစ္ပြားေနမႈကို အဆုံးသတ္ကာ သမၼတ ေဒၚနယ္ထရန႔္သည္ ေဒၚလာ ၇၀ ဘီလီယံ တန္ဖိုးရွိ လူဝင္မႈ ႀကီးၾကပ္ေရးဥပေဒစိုးမိုးေရး ရန္ပုံေငြဥပေဒၾကမ္းကို ဗုဒၶဟူးေန႔တြင္ ဥပေဒအျဖစ္ လက္မွတ္ေရးထိုးလိုက္သည္။

ယခုဘတ္ဂ်က္သည္ ထရန႔္၏ သမၼတသက္တမ္း လက္က်န္ကာလအတြက္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အေကာက္ခြန္ဥပေဒစိုးမိုးေရးအဖြဲ႕ (ICE) ႏွင့္ အေကာက္ခြန္ႏွင့္ နယ္စပ္ကာကြယ္ေရးအဖြဲ႕ (CBP) တို႔ကို ေငြေၾကးပံ့ပိုးေပးမည္ျဖစ္ၿပီး၊ ၿပီးခဲ့သည့္ဇူလိုင္လက ရရွိထားသည့္ ေဒၚလာ ၁၄၀ ဘီလီယံအျပင္ ထပ္မံတိုးပြားလာျခင္းျဖစ္သည္။

အိမ္ျဖဴေတာ္အလြတ္သေဘာ႐ုံးခန္း(Oval Office)၌ ျပဳလုပ္သည့္ လက္မွတ္ေရးထိုးပြဲတြင္ သမၼတထရန႔္က ျပည္တြင္းလုံၿခဳံ ေရးဝန္ႀကီးဌာန(DHS)၏ ဘတ္ဂ်က္ကို ပိတ္ဆို႔ရန္ ႀကိဳးပမ္းခဲ့သည့္ ဒီမိုကရက္မ်ားအား ျပင္းျပင္း ထန္ထန္ ျပစ္တင္ေဝဖန္ခဲ့သည္။

“ဒီမိုကရက္ေတြဟာ အေမရိကန္ရဲ႕ နယ္စပ္ေတြကို ဖြင့္ဟေပးဖို႔ ယုတ္ညံ့တဲ့ ႀကိဳးပမ္းမႈအျဖစ္ ရန္ပုံေငြေတြကို ပိတ္ဆို႔ခဲ့တာပါ။ သူတို႔က ကြၽန္ေတာ္တို႔ကို ပရမ္းပတာျဖစ္မႈနဲ႔ ရာဇဝတ္မႈေတြဆီ ျပန္ဆြဲေခၚသြားခ်င္ေနတာ” ဟု ထရန႔္က စြပ္စြဲခဲ့သည္။

အစုလိုက္အၿပဳံလိုက္ ျပည္ႏွင္ဒဏ္ေပးမည့္ ကတိျပဳခ်က္ျဖင့္ တက္လာသည့္ ထရန႔္အစိုးရသည္ လက္ရွိတြင္ ရာဇဝတ္မွတ္ တမ္းမရွိသူမ်ားကိုပါ ပိုက္စိပ္တိုက္ ဖမ္းဆီးမႈမ်ား တိုးျမႇင့္လုပ္ ေဆာင္လာခဲ့ရာ ၎၏ဒုတိယသက္တမ္း ပထမ ၉ လအတြင္း လမ္းေပၚတြင္ ဖမ္းဆီးမႈႏႈန္းမွာ ယခင္သမၼတ ဂ်ိဳးဘိုင္ဒင္ သက္ တမ္းေနာက္ဆုံးလမ်ားႏွင့္ ႏႈိင္း ယွဥ္ပါက ၁၁ ဆအထိ ျမင့္တက္လာေၾကာင္း တက္ႂကြလႈပ္ရွားသူအဖြဲ႕မ်ားက ေထာက္ျပၾကသည္။

ကနဦးတြင္ ဒီမိုကရက္မ်ားသည္ ယခုရန္ပုံေငြကို ေထာက္ခံခဲ့ေသာ္လည္း၊ ဇန္နဝါရီလအတြင္းက မင္နီဆိုတာျပည္နယ္တြင္ ျပဳလုပ္သည့္ လူဝင္မႈႀကီးၾကပ္ေရးစစ္ဆင္ ေရး (Operation Metro Surge)အတြင္း အေမရိကန္ႏိုင္ငံသားႏွစ္ဦးျဖစ္သည့္ ရီေနးဂြတ္ဒ္ႏွင့္ အဲလက္စ္ပရက္ထီတို႔ ေသနတ္ျဖင့္ အမွားအယြင္း ပစ္သတ္ခံရၿပီးေနာက္ လမ္းေၾကာင္းေျပာင္းလဲခဲ့သည္။

အရာရွိမ်ား၏ အျပဳအမူကို ထိန္းခ်ဳပ္မည့္ စည္းမ်ဥ္းမ်ားမပါလွ်င္ ရန္ပုံေငြကို ကန႔္ကြက္မည္ဟု ဒီမိုကရက္မ်ားက တင္းခံခဲ့ျခင္းေၾကာင့္ ဝန္ႀကီးဌာနေအာက္ရွိ မရွိမျဖစ္မဟုတ္ေသာ လုပ္ ငန္းမ်ားကို ၇၆ ရက္ၾကာ ပိတ္ထားခဲ့ရၿပီး ေလဆိပ္လုံၿခဳံေရး (TSA) တြင္ ဝန္ထမ္းအခက္အခဲမ်ား ႀကဳံေတြ႕ခဲ့ရသည္။

ေနာက္ဆုံးတြင္ ရီပတ္ဘလီကန္မ်ားသည္ ICE ႏွင့္ CBP အတြက္ ရန္ပုံေငြကို သီးသန႔္ခြဲထုတ္ကာ အထက္လႊတ္ေတာ္တြင္ အစဥ္အလာအရ လိုအပ္ေသာ ေထာက္ခံမဲ ၆၀ အစား ႐ိုးရွင္းေသာ အမ်ားစုမဲ (Simple Majority) ျဖင့္ အတည္ ျပဳႏိုင္မည့္ “ဘတ္ဂ်က္ျပန္လည္ညႇိႏႈိင္းေရး” နည္းလမ္းကို အသုံးျပဳ၍ ဥပေဒၾကမ္းကို အႏိုင္ကပ္အတည္ျပဳခဲ့ျခင္း ျဖစ္သည္။

နယူးေယာက္လူဝင္မႈႀကီးၾကပ္ေရးၫြန႔္ေပါင္းအဖြဲ႕ (NYIC) အပါအဝင္ လူ႔အခြင့္အေရးအဖြဲ႕မ်ားကမူ ယခုဘတ္ ဂ်က္သည္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို အျပစ္ပုံခ်၍ ပစ္ မွတ္ထားျခင္းျဖစ္ၿပီး လူမႈအသိုက္အဝန္းမ်ားကို မတည္မၿငိမ္ျဖစ္ေစကာ မိသားစုမ်ားကို ကြဲကြာေစလိမ့္မည္ဟု ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ ခ်ထားၾကသည္။


ဒီမိုကရက်များနှင့် အခြေအတင်ဖြစ်ပွားပြီးနောက် ဒေါ်လာ ၇၀ ဘီလီယံတန် လူဝင်မှုကြီးကြပ်ရေး ရန်ပုံငွေဥပဒေကြမ်းကို ထရန့် လက်မှတ်ရေးထိုး
==================================
ဇွန် ၁၁

အမေရိကန်နိုင်ငံသားနှစ်ဦး အမှားအယွင်း ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ဒီမိုကရက်များနှင့် လအတော်ကြာ နိုင်ငံရေးအရ အခြေအတင်ဖြစ်ပွားနေမှုကို အဆုံးသတ်ကာ သမ္မတ ဒေါ်နယ်ထရန့်သည် ဒေါ်လာ ၇၀ ဘီလီယံ တန်ဖိုးရှိ လူဝင်မှု ကြီးကြပ်ရေးဥပဒေစိုးမိုးရေး ရန်ပုံငွေဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်သည်။

ယခုဘတ်ဂျက်သည် ထရန့်၏ သမ္မတသက်တမ်း လက်ကျန်ကာလအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) နှင့် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအဖွဲ့ (CBP) တို့ကို ငွေကြေးပံ့ပိုးပေးမည်ဖြစ်ပြီး၊ ပြီးခဲ့သည့်ဇူလိုင်လက ရရှိထားသည့် ဒေါ်လာ ၁၄၀ ဘီလီယံအပြင် ထပ်မံတိုးပွားလာခြင်းဖြစ်သည်။

အိမ်ဖြူတော်အလွတ်သဘောရုံးခန်း(Oval Office)၌ ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲတွင် သမ္မတထရန့်က ပြည်တွင်းလုံခြုံ ရေးဝန်ကြီးဌာန(DHS)၏ ဘတ်ဂျက်ကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့သည့် ဒီမိုကရက်များအား ပြင်းပြင်း ထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။

“ဒီမိုကရက်တွေဟာ အမေရိကန်ရဲ့ နယ်စပ်တွေကို ဖွင့်ဟပေးဖို့ ယုတ်ညံ့တဲ့ ကြိုးပမ်းမှုအဖြစ် ရန်ပုံငွေတွေကို ပိတ်ဆို့ခဲ့တာပါ။ သူတို့က ကျွန်တော်တို့ကို ပရမ်းပတာဖြစ်မှုနဲ့ ရာဇဝတ်မှုတွေဆီ ပြန်ဆွဲခေါ်သွားချင်နေတာ” ဟု ထရန့်က စွပ်စွဲခဲ့သည်။

အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည့် ကတိပြုချက်ဖြင့် တက်လာသည့် ထရန့်အစိုးရသည် လက်ရှိတွင် ရာဇဝတ်မှတ် တမ်းမရှိသူများကိုပါ ပိုက်စိပ်တိုက် ဖမ်းဆီးမှုများ တိုးမြှင့်လုပ် ဆောင်လာခဲ့ရာ ၎င်း၏ဒုတိယသက်တမ်း ပထမ ၉ လအတွင်း လမ်းပေါ်တွင် ဖမ်းဆီးမှုနှုန်းမှာ ယခင်သမ္မတ ဂျိုးဘိုင်ဒင် သက် တမ်းနောက်ဆုံးလများနှင့် နှိုင်း ယှဉ်ပါက ၁၁ ဆအထိ မြင့်တက်လာကြောင်း တက်ကြွလှုပ်ရှားသူအဖွဲ့များက ထောက်ပြကြသည်။

ကနဦးတွင် ဒီမိုကရက်များသည် ယခုရန်ပုံငွေကို ထောက်ခံခဲ့သော်လည်း၊ ဇန်နဝါရီလအတွင်းက မင်နီဆိုတာပြည်နယ်တွင် ပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးစစ်ဆင် ရေး (Operation Metro Surge)အတွင်း အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ရီနေးဂွတ်ဒ်နှင့် အဲလက်စ်ပရက်ထီတို့ သေနတ်ဖြင့် အမှားအယွင်း ပစ်သတ်ခံရပြီးနောက် လမ်းကြောင်းပြောင်းလဲခဲ့သည်။

အရာရှိများ၏ အပြုအမူကို ထိန်းချုပ်မည့် စည်းမျဉ်းများမပါလျှင် ရန်ပုံငွေကို ကန့်ကွက်မည်ဟု ဒီမိုကရက်များက တင်းခံခဲ့ခြင်းကြောင့် ဝန်ကြီးဌာနအောက်ရှိ မရှိမဖြစ်မဟုတ်သော လုပ် ငန်းများကို ၇၆ ရက်ကြာ ပိတ်ထားခဲ့ရပြီး လေဆိပ်လုံခြုံရေး (TSA) တွင် ဝန်ထမ်းအခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးတွင် ရီပတ်ဘလီကန်များသည် ICE နှင့် CBP အတွက် ရန်ပုံငွေကို သီးသန့်ခွဲထုတ်ကာ အထက်လွှတ်တော်တွင် အစဉ်အလာအရ လိုအပ်သော ထောက်ခံမဲ ၆၀ အစား ရိုးရှင်းသော အများစုမဲ (Simple Majority) ဖြင့် အတည် ပြုနိုင်မည့် “ဘတ်ဂျက်ပြန်လည်ညှိနှိုင်းရေး” နည်းလမ်းကို အသုံးပြု၍ ဥပဒေကြမ်းကို အနိုင်ကပ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

နယူးယောက်လူဝင်မှုကြီးကြပ်ရေးညွန့်ပေါင်းအဖွဲ့ (NYIC) အပါအဝင် လူ့အခွင့်အရေးအဖွဲ့များကမူ ယခုဘတ် ဂျက်သည် ရွှေ့ပြောင်းနေထိုင်သူများကို အပြစ်ပုံချ၍ ပစ် မှတ်ထားခြင်းဖြစ်ပြီး လူမှုအသိုက်အဝန်းများကို မတည်မငြိမ်ဖြစ်စေကာ မိသားစုများကို ကွဲကွာစေလိမ့်မည်ဟု ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချထားကြသည်။