တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ၇ ႏွစ္အတြင္း ေျမာက္ကိုရီးယားသို႔ ပထမဆုံးအႀကိမ္ ေရာက္ရွိ၊ အေမရိကန္ႏွင့္ မဟာဗ်ဴ ဟာေျမာက္ ၿပိဳင္ဆိုင္မႈအၾကား ေဒသတြင္း ဩဇာလႊမ္းမိုးမႈ ျပန္လည္အတည္ျပဳရန္ ႀကိဳးပမ္း

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ၇ ႏွစ္အတြင္း ေျမာက္ကိုရီးယားသို႔ ပထမဆုံးအႀကိမ္ ေရာက္ရွိ၊ အေမရိကန္ႏွင့္ မဟာဗ်ဴ ဟာေျမာက္ ၿပိဳင္ဆိုင္မႈအၾကား ေဒသတြင္း ဩဇာလႊမ္းမိုးမႈ ျပန္လည္အတည္ျပဳရန္ ႀကိဳးပမ္း
========================
တ႐ုတ္ႏိုင္ငံသမၼတ ရွီက်င့္ဖ်င္သည္ မၾကာေသးမီႏွစ္မ်ားအတြင္း ျပည္ပခရီးစဥ္မ်ားကို ေလွ်ာ့ခ်ခဲ့ၿပီးေနာက္၊ ယေန႔ တနလၤာေန႔တြင္ ရွားရွားပါးပါး ႏိုင္ငံေတာ္အဆင့္ ခ်စ္ ၾကည္ေရးခရီးစဥ္အျဖစ္ ေျမာက္ကိုရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ ၿပဳံယမ္းသို႔ ေရာက္ရွိလာေၾကာင္း တ႐ုတ္အေျခစိုက္ ဆင္ဟြာသတင္းဌာနက ေဖာ္ ျပသည္။
ၿပဳံယမ္းအျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ဂုဏ္ျပဳအေျမာက္ ၂၁ ခ်က္ ပစ္ခတ္ျခင္း၊ ႏွစ္ႏိုင္ငံ ႏိုင္ငံေတာ္ သီခ်င္းမ်ား တီးခတ္ျခင္းမ်ားႏွင့္အတူ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ ဇနီး ဖုန္လီယြမ္တို႔အား ေျမာက္ကိုရီးယားသမၼတ ကင္ဂ်ဳံအန္ႏွင့္ ဇနီး ရီဆိုးလ္ဂ်ဴတို႔က ကိုယ္တိုင္ ကိုယ္က် ေႏြးေထြးစြာ ႀကိဳဆိုခဲ့ၾကသည္။
ၿပဳံယမ္းၿမိဳ႕၏ ပင္မရင္ျပင္၌လည္း ပြဲေတာ္ဝတ္စုံမ်ား ဝတ္ဆင္ကာ အလံမ်ား၊ ပန္းပြင့္မ်ားႏွင့္ ပူေဖာင္းမ်ား ကိုင္ေဆာင္ထားသည့္ ကေလးငယ္မ်ားႏွင့္ လူအုပ္ႀကီးက ေသာင္းေသာင္းျဖျဖ ႀကိဳဆိုခဲ့ၾကၿပီး၊ လမ္းမတစ္ေလွ်ာက္ရွိ အေဆာက္အအုံမ်ားကိုလည္း တ႐ုတ္ႏွင့္ ေျမာက္ကိုရီးယား ႏိုင္ငံေတာ္အလံမ်ားျဖင့္ ေဝေဝဆာဆာ ၿခဳံလႊမ္းခ်ိတ္ဆြဲထားခဲ့သည္။
ယခုႏွစ္ရက္ၾကာ ခရီးစဥ္သည္ သမၼတ ရွီက်င့္ဖ်င္အတြက္ ၇ ႏွစ္အတြင္း ေျမာက္ကိုရီးယားသို႔ ပထမဆုံးအႀကိမ္ လာေရာက္ျခင္းျဖစ္ၿပီး ေခါင္းေဆာင္ႏွစ္ဦးအၾကား ထိပ္သီးေဆြးေႏြးပြဲတစ္ရပ္ ျပဳလုပ္သြားမည္ျဖစ္သည္။
ရွီက်င့္ဖ်င္က ၎၏ ခရီးစဥ္မတိုင္မီ ေရးသားခဲ့ေသာ အယ္ဒီတာ့အာေဘာ္ေဆာင္းပါးတြင္ ေပက်င္းႏွင့္ ၿပဳံယမ္းအၾကား ဆက္ဆံေရးသည္ “ဖြံ႕ၿဖိဳးတိုးတက္မႈ အခြင့္အလမ္းသစ္မ်ားႏွင့္ ရင္ဆိုင္ေနရၿပီး သမိုင္းဝင္ အစပ်ိဳးမႈအသစ္တစ္ခု” သို႔ ေရာက္ရွိေနၿပီျဖစ္ကာ၊ ယင္းဆက္ဆံေရးကို ခိုင္မာေအာင္လုပ္ျခင္းသည္ ကြန္ျမဴနစ္ပါတီ၏ “ဘယ္ေသာအခါမွ မေျပာင္းလဲမည့္ မူဝါဒ” ျဖစ္ေၾကာင္း အေလးအနက္ ဆိုထားသည္။
ေျမာက္ကိုရီးယားသည္ ၎၏ကုန္သြယ္မႈ ၉၅ ရာခိုင္ႏႈန္းအထိကို တ႐ုတ္ႏိုင္ငံအေပၚ မွီခိုေနရသျဖင့္ ေပက်င္းသည္ အစဥ္အလာအရ စီနီယာမိတ္ဖက္ျဖစ္ခဲ့သည္။ သို႔ ေသာ္ ၂၀၂၂ ခုႏွစ္ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ကတည္းက ၿပဳံယမ္းက ေမာ္စကိုသို႔ လက္နက္ႏွင့္ စစ္အင္အားမ်ား ပံ့ပိုးေပးခဲ့ၿပီးေနာက္ပိုင္း ပထဝီႏိုင္ငံေရး အခင္းအက်င္းမ်ား စတင္ေျပာင္းလဲလာခဲ့သည္။
ကြၽမ္းက်င္သူမ်ား၏ သုံးသပ္ခ်က္အရ တ႐ုတ္ႏိုင္ငံသည္ ေျမာက္ကိုရီးယားအား ႐ုရွားဘက္သို႔ အလြန္အကြၽံ ယိမ္းယိုင္မသြားေစရန္ တားဆီးရန္ႏွင့္ စစ္ေရးနည္းပညာမ်ား ရရွိသြားျခင္းကို ထိန္းေက်ာင္းရန္အတြက္ ယခုခရီးစဥ္မွတစ္ဆင့္ ၎၏ ၾသဇာလႊမ္းမိုးမႈကို ျပန္လည္အတည္ျပဳရန္ ႀကိဳးပမ္းျခင္းျဖစ္သည္။
ထို႔ျပင္ အေမရိကန္ႏွင့္ မဟာ ဗ်ဴဟာေျမာက္ ၿပိဳင္ဆိုင္မႈ ျပင္း ထန္ေနသည့္ ေခတ္ကာလတြင္ အေရွ႕ေျမာက္အာရွ၌ တ႐ုတ္ႏိုင္ငံ၏ ဦးေဆာင္မႈအခန္းက႑ကို ျပသလိုျခင္းျဖစ္ၿပီး၊ ခရီးစဥ္အတြင္း ကင္ဂ်ဳံအန္ထံသို႔ ဆန္ႏွင့္ ေျမဩဇာ အကူအညီမ်ား ေပး အပ္ျခင္း၊ တ႐ုတ္ခရီးသြားအဖြဲ႕မ်ား သြားေရာက္မႈကို ျပန္လည္စတင္ျခင္းႏွင့္ ပူးတြဲစီးပြားေရးစီမံကိန္းမ်ားကို ကမ္းလွမ္းေဆြး ေႏြးသြားဖြယ္ရွိေၾကာင္း သိရသည္။
တရုတ်သမ္မတ ရှီကျင့်ဖျင် ၇ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် ရောက်ရှိ၊ အမေရိကန်နှင့် မဟာဗျူ ဟာမြောက် ပြိုင်ဆိုင်မှုအကြား ဒေသတွင်း ဩဇာလွှမ်းမိုးမှု ပြန်လည်အတည်ပြုရန် ကြိုးပမ်း
========================
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် မကြာသေးမီနှစ်များအတွင်း ပြည်ပခရီးစဉ်များကို လျှော့ချခဲ့ပြီးနောက်၊ ယနေ့ တနင်္လာနေ့တွင် ရှားရှားပါးပါး နိုင်ငံတော်အဆင့် ချစ် ကြည်ရေးခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ ရောက်ရှိလာကြောင်း တရုတ်အခြေစိုက် ဆင်ဟွာသတင်းဌာနက ဖော် ပြသည်။
ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ခတ်ခြင်း၊ နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများ တီးခတ်ခြင်းများနှင့်အတူ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ဖုန်လီယွမ်တို့အား မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်နှင့် ဇနီး ရီဆိုးလ်ဂျူတို့က ကိုယ်တိုင် ကိုယ်ကျ နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ပြုံယမ်းမြို့၏ ပင်မရင်ပြင်၌လည်း ပွဲတော်ဝတ်စုံများ ဝတ်ဆင်ကာ အလံများ၊ ပန်းပွင့်များနှင့် ပူဖောင်းများ ကိုင်ဆောင်ထားသည့် ကလေးငယ်များနှင့် လူအုပ်ကြီးက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး၊ လမ်းမတစ်လျှောက်ရှိ အဆောက်အအုံများကိုလည်း တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတော်အလံများဖြင့် ဝေဝေဆာဆာ ခြုံလွှမ်းချိတ်ဆွဲထားခဲ့သည်။
ယခုနှစ်ရက်ကြာ ခရီးစဉ်သည် သမ္မတ ရှီကျင့်ဖျင်အတွက် ၇ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးအကြား ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်သည်။
ရှီကျင့်ဖျင်က ၎င်း၏ ခရီးစဉ်မတိုင်မီ ရေးသားခဲ့သော အယ်ဒီတာ့အာဘော်ဆောင်းပါးတွင် ပေကျင်းနှင့် ပြုံယမ်းအကြား ဆက်ဆံရေးသည် “ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များနှင့် ရင်ဆိုင်နေရပြီး သမိုင်းဝင် အစပျိုးမှုအသစ်တစ်ခု” သို့ ရောက်ရှိနေပြီဖြစ်ကာ၊ ယင်းဆက်ဆံရေးကို ခိုင်မာအောင်လုပ်ခြင်းသည် ကွန်မြူနစ်ပါတီ၏ “ဘယ်သောအခါမှ မပြောင်းလဲမည့် မူဝါဒ” ဖြစ်ကြောင်း အလေးအနက် ဆိုထားသည်။
မြောက်ကိုရီးယားသည် ၎င်း၏ကုန်သွယ်မှု ၉၅ ရာခိုင်နှုန်းအထိကို တရုတ်နိုင်ငံအပေါ် မှီခိုနေရသဖြင့် ပေကျင်းသည် အစဉ်အလာအရ စီနီယာမိတ်ဖက်ဖြစ်ခဲ့သည်။ သို့ သော် ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ကတည်းက ပြုံယမ်းက မော်စကိုသို့ လက်နက်နှင့် စစ်အင်အားများ ပံ့ပိုးပေးခဲ့ပြီးနောက်ပိုင်း ပထဝီနိုင်ငံရေး အခင်းအကျင်းများ စတင်ပြောင်းလဲလာခဲ့သည်။
ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ တရုတ်နိုင်ငံသည် မြောက်ကိုရီးယားအား ရုရှားဘက်သို့ အလွန်အကျွံ ယိမ်းယိုင်မသွားစေရန် တားဆီးရန်နှင့် စစ်ရေးနည်းပညာများ ရရှိသွားခြင်းကို ထိန်းကျောင်းရန်အတွက် ယခုခရီးစဉ်မှတစ်ဆင့် ၎င်း၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်အတည်ပြုရန် ကြိုးပမ်းခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်နှင့် မဟာ ဗျူဟာမြောက် ပြိုင်ဆိုင်မှု ပြင်း ထန်နေသည့် ခေတ်ကာလတွင် အရှေ့မြောက်အာရှ၌ တရုတ်နိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ပြသလိုခြင်းဖြစ်ပြီး၊ ခရီးစဉ်အတွင်း ကင်ဂျုံအန်ထံသို့ ဆန်နှင့် မြေဩဇာ အကူအညီများ ပေး အပ်ခြင်း၊ တရုတ်ခရီးသွားအဖွဲ့များ သွားရောက်မှုကို ပြန်လည်စတင်ခြင်းနှင့် ပူးတွဲစီးပွားရေးစီမံကိန်းများကို ကမ်းလှမ်းဆွေး နွေးသွားဖွယ်ရှိကြောင်း သိရသည်။



