ဗြိတိန်ထီးနန်းအရိုက်အရာ Charles မင်းသား ဆက်ခံ
ဗြိတိန် တော်ဝင် မင်းသား Charles ဟာ ဘုရင် အရိုက်အရာ ဆက်ခံဖို့ ဘ၀ တလျှောက်လုံး ပြင်ဆင်လာခဲ့သူပါ။ အခု အသက် ၇၃ နှစ် အရွယ်မှာတော့ အရိုက်အရာ ဆက်ခံရတော့မှာ ဖြစ်ပါတယ်။ သူ့မိခင် ဖြစ်သူ ဘုရင်မကြီး ဒုတိယမြောက် Elizabeth ကွယ်လွန်ပြီးနောက် ကြာသပတေးနေ့မှာဘဲ တတိယမြောက် Charles ဘုရင် ဖြစ်လာခဲ့ပြီး ဗြိတိန် ထီးနန်းကို ဆက်ခံခဲ့သူတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပါတယ်။
နန်းတက်ပွဲ ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ ငယ်ရွယ်စဉ် ကတည်းက လေ့ကျင့် ပျိုးထောင်လာခဲ့ပြီးနောက် Charles ဟာ ဗြိတိန် ဘုရင်စနစ်ရဲ့ ခေတ်မီပြောင်းလဲမှုကို ထင်ဟပ် ပေါ်လွင်စေပါတယ်။ ဗြိတိန် ထီးနန်း အရိုက်အရာကို ဆက်ခံသူတွေထဲမှာ သူဟာ အိမ်မှာ စာမသင်ရတဲ့ ပထမဆုံးသောသူ၊ တက္ကသိုလ် ဘွဲ့ရတဲ့ ပထမဆုံးသောသူ ဖြစ်သလို မီဒီယာတွေက အပြင်းအထန် အာရုံစိုက်ခံရတဲ့ ကာလကြီးမှာ ပထမဆုံး ကြီးပြင်းရသူလည်း ဖြစ်ပါတယ်။
လူထု ချစ်ခင်တဲ့ တော်ဝင် မင်းသမီး Diana နဲ့ အိမ်ထောင်ကွဲမှု အရှုပ်အထွေး၊ နောက် အများပြည်သူဆိုင်ရာ အရေးကိစ္စတွေမှာ ပါဝင်ပတ်သက်မှုကို တားမြစ်တဲ့ တော်ဝင် မိသားစုရဲ့ ကန့်သတ်ချက်တွေကို မလိုက်နာမှု၊ သဘာ၀ ပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ဗိသုကာ ဆိုင်ရာ ရေရှည်တည်တံ့ရေးတို့လို ကိစ္စတွေမှာ အခြေအတင် ဆွေးနွေးမှုတွေနဲ့ သူဟာ မတူကွဲပြားမှု အများအပြား ရှိပါတယ်။
တော်ဝင်မိသားစု တာဝန် ထမ်းဆောင်သူ အရေအတွက်ကို လျှော့ချ၊ အသုံးစာရိတ် ဖြတ်တောက်ပြီး ခေတ်မီ ဗြိတိန်နိုင်ငံကို ပိုပြီး ကိုယ်စားပြုနိုင်ရေး ဆောင်ရွက်ဖို့ ရည်ရွယ်ကြောင်းလည်း Charles က ပြောဆိုထားတာပါ။
-Ref:VOA