ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မြို့နယ် (၇) မြို့နယ်မှ ပါတီလူငယ်လှုပ်ရှားမှုအဖွဲ့အား တွေ့ဆုံပွဲ အခမ်းအနား

 

လွိုင်ကော် – အောက်တိုဘာ ၂

Read more

ဂွာဒီယိုလာကို အစဉ်အမြဲ တံခါးဖွင့်ထားဆဲဟု ဘာစီလိုနာဥက္ကဋ္ဌပြော

ဘာစီလိုနာ- လက်ရှိ မန်စီးတီး နည်းပြ ဂွာဒီယိုလာအတွက် အမြဲ တမ်းတံခါးဖွင့်ထားကြောင်း ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ပြောကြားပြီး ၎င်းအနေဖြင့် ဘာစီလိုနာသို့ ပြန်လာပါက ဖက်လဲတကင်းပွေ့ဖက်ကြိုဆိုခံရမည်ဟု ဆိုသည်။

Read more

ဟော်လန်နည်းစနစ်ဒါရိုက်တာ အဲရစ်အက်ဘရမ်ကို ၃ နှစ်စာချုပ်ဖြင့် မြန်မာခေါ်ယူ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဟော်လန်နဲ့ သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်တွေမှာ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အဲရစ်အက်ဘရမ်ကို ၃ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။

အက်ဘရမ်ဟာ သြစတြေးလျဘောလုံးအဖွဲ့ချုပ်နဲ့ စာချုပ်သက်တမ်းမကုန်သေးပေမယ့် ရဲ့ သြစတြေးလျဘက်က ငွေကြေးအခက်အခဲကြောင့် နုတ်ထွက်ပြီး မြန်မာဘက်က ကမ်းလှမ်းမူကို လက်ခံခဲ့တာလို့ ဆိုပါတယ်။

အက်ဘရမ်အနေနဲ့ မြန်မာနည်းပြလောက လူငယ်ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လက်ရွေးစင်အသင်းနဲ့ သက်တမ်းအလိုက်အသင်းတွေရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး အကြံပေးရမှာပါ။

Read more

လူငယ် အမေရိကန်အမျိုးသားတွေအတွက် အလွန်စိုးရိမ်ကြောက်လန့်စရာ ကာလပဲလို့ ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရားရုံးချုပ် တရားသူကြီးအဖြစ် သူ ရွေးချယ်ထားတဲ့ ဘရတ်ကယ်ဗန်နော့ အပေါ် စွပ်စွဲခံထားရတဲ့ ဆယ်စုနှစ်တွေ အကြာက လိင်ထိပါးစော်ကားမှုတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်က တုံ့ပြန်ပြောဆိုရာမှာ အမေရိကန်မှာ လူငယ်အမျိုးသားတွေအတွက် တကယ်ပဲ ကြောက်လန့်စရာကာလ ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။

Read more

ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာ က ဆီးရီးယားနိုင်ငံ အား S-300 လေကြောင်း ကာကွယ်ရေးစနစ် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား

ရုရှား နိုင်ငံ ၏ S-300 လေကြောင်း ကာကွယ်ရေး စနစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၃ ရက်

Read more

အမြင်အာရုံနဲ့ ဆိုင်တဲ့ လေဆာရောင်ခြည် တီထွင်မှုအတွက် သိပ္ပံပညာရှင် သုံးဦးကို ရူပဗေဒနိုဘယ်ဆု ချီးမြှင့်

စတော့ဟုမ်း၊ အောက်တိုဘာ ၃

မျက်စိခွဲစိတ်မှုတွေမှာ အနုစိတ်တိကျမှုကို ပေးနိုင်စွမ်းတဲ့ အမြင်အာရုံနဲ့ ဆိုင်တဲ့ လေဆာရောင်ခြည် တီထွင်မှုအတွက် သိပ္ပံပညာရှင်သုံးဦးကို ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အောက်တိုဘာ ၂ ရက်မှာ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

Read more

အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ ရွေးကောက်ပွဲ လူစုရုံးမှုကို အသေခံဗုံးခွဲမှုကြောင့် လူ ၁၄ ဦး သေဆုံး

ကဘူးလ်၊ အောက်တိုဘာ ၃

အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မှာ လွှတ်တော်ရွေးကောက်ပွဲ လူစုရုံးမှုကို အောက်တိုဘာ ၂ ရက်က အသေခံဗုံးခွဲရာ သေဆုံးသူ ၁၄ ဦး ရှိပြီး ဒဏ်ရာရသူပေါင်း ၄၇ ဦးအထိ ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

Read more

မိုး​ကောင်းမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ​ နယ်​​မြေ (၂) ပါတီဝင်​များနှင့်​တွေ့ဆုံ

 

မိုး​ကောင်း၊ ​အောက်​တိုဘာ ၁

ကချင်​ပြည်​နယ်​ မိုး​ကောင်းမြို့နယ်​ ​လေးမိုင်​​ကျေးရွာ ​ဒေါ်စိန်​​မေကြည်​ ​နေအိမ်​တွင်​ အောက်တိုဘာ (၁) ရက်​နေ့နံနက်​ ၉း၃၀ နာရီအချိန်​တွင် ​နယ်​​မြေ (၂) ပါတီဝင်​များနှင့် ​တွေ့ဆုံ​ဆွေး​နွေခဲ့ပါသည်​။
အခမ်းအနားတွင်​ မိုး​ကောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးထွန်းထွန်း​အောင်​ နှင့် မြို့နယ်​စီမံ ဦးဝင်းသိန်း၊ နယ်​​မြေ (၂) တာဝန်​ခံ ဦးစိုးနွယ်၊​ မြို့နယ်​ရှမ်းတိုင်းရင်းသား​ခေါင်း​ဆောင်​ ဦးစိုင်းထွန်းလှ၊ မြို့နယ်​စည်းရုံး​ရေးတာဝန်​ခံ ဦးမြင့်စိုး၊ မြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်နန်းကြည်၊​ မြို့နယ်​​ကော်​မတီအရန်​ ဦးစိုး၊ ဦးသန်းစိုးတို့သည် ​နယ်​​မြေ (၂) ​ခေါင်း​ဆောင်​ပါတီဝင်​များနှင့်​​တွေ့ဆုံ​ဆွေး​နွေးလျက်​ရှိပါသည်။ အခမ်းအနားတွင်​ ပါတီအင်းအား ၄၅ ဦးဖြင့် အပြန်​အလှန်​​ဆွေး​နွေတင်​ပြလျက်​ရှိပါ​ကြောင်း တင်​ပြလိုက်​ပါသည်​။

Read more

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး မ​ကွေးတိုင်း​ဒေသကြီး၊ပခုက္ကူခရိုင်​၊ဆိပ်​ဖြူမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံအမှာစကား​ပြောကြား

 

အောက်​တိုဘာ ၂ ၊ဆိပ်​ဖြူ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည်​ ယ​နေ့နံနက်​ ၁၁နာရီ၃၀မိနစ်​က ဆိပ်​ဖြူမြို့နယ်​ပါတီရုံးတွင်​ မ​ကွေးတိုင်း​ဒေသကြီး၊ပခုက္ကူခရိုင်​၊ဆိပ်​ဖြူမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထိုသို့​တွေ့ဆုံရာသို့ ပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအတွင်း​ရေးမှူးဦးပိုက်​​ထွေး၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သောဦးဝဏ္ဏ​မောင်​လွင်​၊ဦး​သောင်း​အေး၊ဦး​အောင်​တင်​မြင့်​၊မ​ကွေးတိုင်း​ဒေသကြီပါတီဥက္ကဋ္ဌ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊တို​င်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များ၊ ပခုက္ကူခရိုင်​ပါတီဥက္ကဋ္ဌသိန်းထွန်းနှင့်​ ခရိုင်​ပါတီ​ကော်​တီဝင်​များ၊ ဆိပ်​ဖြူမြို့နယ်​ပါတီဥက္ကဋ္ဌ ဦးလှ​ဆောင်​နှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပါအဝင်​ စုစု​ပေါင်း (၁၅၀) ဦးခန့်​ တက်​​ရောက်​ခဲ့​သည်​။

Read more

ကြားဖြတ်​​ရွေး​ကောက်​ပွဲ ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​စိုက်​ထူ

 

မင်းဘူး၊ ​အောက်​တိုဘာ ၁

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူး (စကု) မြို့နယ်​ ​အောင်​နိုင်​​ရေး ဆိုင်းဘုတ်​ကို အောက်တိုဘာ (၁) ရက်နေ့ နံနက်​ ၈ နာရီခွဲက မင်းဘူးမြို့ အမှတ်​ ၃ ရပ်​ကွက်​တွင်​ ​စိုက်​ထူခဲ့​ကြောင်း သိရသည်​။
ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ လစ်​လပ်​မဲဆန္ဒနယ်​ဖြစ်​​သော မင်းဘူးမြို့နယ်​မဲဆန္ဒနယ်​အမှတ်​ ၂ တိုင်း​ဒေသကြီးလွှတ်​​တော်​​နေရာအတွက်​ ပြည်​ခိုင်​ဖြိုး
ပါတီကိုယ်​စားပြု ဝင်​​ရောက်​အ​ရွေးချယ်​ခံမည့် ဦးစိန်​​ရွှေမင်းအတွက်​ ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​စိုက်​ထူခြင်းဖြစ်​ပြီး အဆိုပါဆိုင်းဘုတ်​ထူခြင်းသို့ မ​ကွေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​ ဦး​ကျော်​သူဦးနှင့် ​အောင်​နိုင်​​ရေးအဖွဲ့ဝင်​များ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

Read more