မက်ဂရီဂေါ်နဲ့ နာမာဂိုမီဒေါ့ဗ်တို့ နှစ်ယောက်လုံး အလဲအကွဲဖြစ်စေချင်တဲ့ တိုနီဖာဂူဆန်

လာမယ့် စနေနေ့ကျရင် ယှဉ်ပြိုင်မယ့် မက်ဂရီဂေါ်နဲ့ နာမာဂိုမီဒေါ့ဗ်တို့ ပွဲစဉ်မှာ နှစ်ယောက်လုံးကို အလဲအကွဲ ဖြစ်စေချင်တယ်လို့ UFC တိုက်ခိုက်ရေးသမား တိုနီဖာဂူဆန်က ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ဧပြီလအတွင်း နာမာဂိုမီဒေါ့ဗ်နဲ့ လိုက်ဝိတ်ချန်ပီယံခါးပတ် ကာကွယ်ပွဲ ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့် ဒူးဒဏ်ရာရခဲ့ပြီး ချန်ပီယံခါးပတ် ရုပ်သိမ်း ခံခဲ့ရပါတယ်။

Read more

ဘာစီလိုနာအသင်းဝင်ငွေ တစ်ဒေါ်လာ တစ်ဘီလီယံကျော်သော ပထမဆုံးကလပ်ဖြစ်လာ

နှစ်စဉ်ဝင်ငွေကန် ဒေါ်လာ တစ်ဘီလီယံ ကျော်လွန်သော ပထမဆုံး အားကစားကလပ် ဖြစ်လာသည်ဟု ဘာစီလိုနာအသင်းက ကြေညာသည်။ လာလီဂါချန်ပီယံ ဘာစီလိုနာက ၎င်းတို့၏ နှစ်ချုပ်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၇- ၁၈ ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော်လွန်ခဲ့သည်။ ငါးနှစ်ဆက်တိုက် စံချိန်တင် ဝင်ငွေရရှိခြင်းဖြစ်ကာ ရှစ်နှစ်ဆက်တိုက် အမြတ်ငွေ ရရှိခြင်းဖြစ်သည်။

Read more

ရဟတ်ယာဉ်ဖြင့် ထောင်ဖောက်ထွက်ပြေးသော ဂိုဏ်းစတားကို ပြင်သစ်နိုင်ငံတွင် ဖမ်းမိ

ဟောလိဝုဒ်ရုပ်ရှင်ပုံစံမျိုး ရဟတ်ယာဉ်ဖြင့် ထောင်ဖောက် ထွက်ပြေးသော ဂိုဏ်းစတားတစ်ဦးကို သုံးလခန့် ထွက်ပြေးလွတ် မြောက်နေပြီးမှ ပြင်သစ်နိုင်ငံတွင် ပြန်လည်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သော သတင်းရင်းမြစ်များက အောက်တိုဘာ ၃ ရက် နံနက်၌ ပြောသည်။

Read more

ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးလပတ်ပုံမှန် အစည်းအဝေးကျင်းပ

 

ရပ်ကျေးလပတ်ပုံမှန်အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍရေးမှုး ဦးသန်းထွန်း၊မြို့နယ်ပါတီဥက္ကဌဦးစိုးစိုးထွန်းနှင့်ကော်မတီဝင်များ၊စည်းရုံးရေးနယ်မြေတာဝန်ခံများ၊လူငယ်ရေးရာတာဝန်ခံဦးသန်းဝင်းစိုး၊ရပ်ကျေး ( ၉၆ ) အုပ်စုမှ ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ပါတီလူငယ်အမျိုးသား၊အမျိုးသမီးများ ( ၇၀ ) ကျော် တက်ရောက်ကြသည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံအမှာစကား​ပြောကြား

အောက်​တိုဘာ ၃ ၊ ကန်​ပက်လက်

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း ​ဌေးသည်​ အောက်တိုဘာ ၂ ရက်နေ့ ည​နေ၄နာရီက ကန်​ပက်​လက်​မြို့နယ်​ပါတီရုံးတွင်​ ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက် ​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထို့​နောက်​ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သောဦးဝဏ္ဏ​မောင်​လွင်​၊ဦး​သောင်း​အေး၊ဦး​အောင်​တင်​မြင့်​တို့မှ မိတ်​ဆက်​အမှာစကားများ အသီးသီး ​ပြောကြားခဲ့သည်​။

Read more

ပြည်ခိုင်ဖြိုးပါတီ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်၌ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်​ ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တ​လေးတိုင်း​ဒေသကြီး ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း၏ ဗီနိုင်းဆိုင်းဘုတ် စိုက်ထူ

 

ပြည်​ကြီးတံခွန်​မြို့နယ်၊ (ဆ) ရပ်ကွက် ၊ ၅၆ လမ်း နှင့် ​အေးသုခလမ်းဒေါင့်၌ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်​ ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တ​လေးတိုင်း​ဒေသကြီး ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်၏ ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းကို (၂.၁၀.၂၀၁၈) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင်​ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​ တွဲဘက်​နယ်​​မြေတာဝန်​ခံ ဦး​အောင်​နိုင်​ဦး၊ ပြည်​ကြီးတံခွန်​မြို့နယ်ပါတီဥက္ကဌ ဦးစိုး​အေး၊ အတွင်းရေးမှူး ​ဦး​အောင်​မျိုးခိုင်​၊ ဘဏ္ဏာ​ရေးမှူး ဦးစံရ နှင့်​ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်း (၅၀) ဦးကျော်တို့ တက်​​ရောက်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသား​အောင်​နိုင်​​ရေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြပါသည်​။
ထို့​နောက်​ (ဆ) ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံးးတွင်​ ​ကြေညာထား​သော ရှမ်းတိုင်းရင်းသား မဲစာရင်းများအား ​လေ့လာကြည့်​ရှုခဲ့ကြပါသည်​။

Read more

ရွေးကောက်ပွဲဥပဒေဆိုင်ရာသင်တန်းဖွင့်လှစ်

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ သပိတ်​ကျင်းမြို့နယ်​မှ ​ရွေး​ကောက်​ပွဲဆိုင်​ရာ ဥပ​ဒေအသိပညာ​ပေးသင်​တန်းဖွင့်​ပွဲအခမ်းအနားအား (၃.၁၀.၂၀၁၈)ရက်​​နေ့ နံနက်​(၉)နာရီအချိန်​က သပိတ်​ကျင်းပါတီရုံးခန်းမ၌ကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်းဒေသကြီးပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမျိုးမြင့်​၊ ဦးတင့်​လွင်​ဦး၊ ဦး​ကျော်​စန်း၊ ပြင်​ဦးလွင်​ခရိုင်ဥက္ကဋ္ဌ ဦးဝင်းကြည်နှင့်ကော်မတီဝင်များ၊ သပိတ်​ကျင်းမြို့နယ်ဥက္ကဋ္ဌ ဦးထွန်းတင့်​နှင့်​ကော်မတီဝင်များ၊ သင်တန်းသား/သူများ စုစုပေါင်း(၉၀)ဦးတက်ရောက်ခဲ့ကြပြီး တိုင်းပါတီ​ကော်​မတီဝင်​ ဦးတင့်​လွင်​ဦးမှအဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။
#မန်းပြည်​ခိုင်​ဖြိုး
#မီဒီယာ


Read more

မဘိမ်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘောလုံးအသင်းအတွက် အားကစားပစ္စည်းများလှူဒါန်း

 

မဘိမ်းအောက်တိုဘာ ၂

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင်ဦးတိုးမြင့် အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေတို့သည် ယမန်နေ့ နံနက် ၈နာရီက ကုန်းမခံ ကျေးရွာသို့သွားရောက်ပြီး အမျိုး သားဘောလုံးအသင်းနှင့်အမျိုး သမီးဘောလုံးအသင်းများအား ဂိုးတိုင်၊ ဂိုးပိုက်နှင့်ဘောလုံးများ အားလည်းကောင်း၊ နမ့်ပုံးပုံးရပ် ကွက်ဘောလုံးအသင်းအား ဘော လုံးများကိုလည်းကောင်းလှူဒါန်း ကြရာ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ နှင့် အမျိုးသား အမျိုးသမီးဘော လုံးအသင်းများက လက်ခံရယူခဲ့ ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေး ကြိုတင်လေ့ကျင့်

 

နေပြည်တော် အောက်တိုဘာ ၂

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူးကျင်းပမည့်ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေးအတွက် ကြို တင်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်း တွင် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး ​ဆောမြို့နယ်​ ပြည်​ခိုင်​ ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ

 

အောက်​တိုဘာ ၃ ၊​ဆော

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း 
ဌေးသည်​ အောက်တိုဘာ ၂ ရက် ည​နေ၃နာရီက ​ဆောမြို့နယ်​ပါတီရုံးတွင်​ ​မ​ကွေးတိုင်း​ဒေသကြီး၊ဂန့်​​ဂေါခရိုင်​၊​ဆောမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထို့​နောက်​ မြို့နယ်​ပါတီမှ တာဝန်​ရှိသူများက လိုအပ်​သည်​များ တင်​ပြလာမှု​အ​ပေါ် ပါတီဥက္ကဋ္ဌဦးသန်း​ဌေးမှ ​ပေါင်းစပ်​ညှိနှိုင်း​ဆောင်​ရွက်​​ပေးခဲ့သည်​။

Read more