ကယားပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

လွိုင်ကော် နိုဝင်ဘာ ၇

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁ဝနာရီမှ မွန်းလွဲ ၁နာရီအထိ ပြည်နယ်ပါတီ ရုံးအစည်းအဝေးခန်းတွင်ကျင်းပရာ ပါတီလုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအသေးစိတ်ဆွေးနွေး ခဲ့သည်။

Read more

စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ကျောင်းသုံးဗလာစာအုပ်များတစ်အိမ်တက်ဆင်းလှူဒါန်း

 

စဥ့်ကိုင် နိုဝင်ဘာ ၇

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ သစ်ခေါက်အုပ်စု သစ်ခေါက်ကျေး ရွာနှင့်ဆည်ကတော်ကျေးရွာများရှိ ထက်လယ်မူ ကျောင်းသား ကျောင်းသူ ၁၄ဝ မှာ ဗလာစာအုပ်နှင့် လေးကြောင်းမျဉ်းစာအုပ် များလိုအပ်နေရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် တိုင်းပါတီကော် မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေး အဖွဲ့များစုပေါင်း၍ တစ်အိမ်တက်ဆင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာတဲ့အတွက်ကြောင့် ပြည်သူတွေအကျိုးရှိမယ့်လုပ်ငန်းတွေကိုပဲ တကယ်ကိုတစိုက်မတ်မတ်နဲ့အရင်ထက်ပိုပြီးကြိုး စားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်

 

Read more

ဟင်္သာတမြို့နယ် အခြေခံအလုပ်သမားအနှေးယာဉ်အသင်းသားများ၏ သားသမီးများအားထောက်ပံ့လှူဒါန်း

 

ဟင်္သာတ-နိုဝင်ဘာ ၇

ဟင်္သာတမြို့နယ် ဟင်္သာနေခြည် ဘက်စုံဖွံ့ဖြိုးရေးစင်တာခန်းမ၌ အမှတ် (၅၇ဝ) အခြေခံအလုပ်သမားအနှေးယာဉ် အဖွဲ့အစည်းမှ သားသမီးများဖြစ်သော ကျောင်းသားကျောင်းသူ ၁ဝ၆ ဦးအား သီရိပျံချီဦးဌေးဦးဇနီး ဒေါ်နီနီဝင်းမိသားစု နှင့် ဟင်္သာတခရိုင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာ နှင့် အနှေးယာဉ်အသင်းတို့ပူးပေါင်းပြီး အဝတ်အထည်နှင့်စာရေးကိရိယာများ လှူ ဒါန်းပွဲကျင်းပခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် သီရိပျံချီ ဦးဌေးဦးကလှူဒါန်းရခြင်းအကြောင်း ရှင်း လင်းပြောကြားပြီး ဥက္ကဋ္ဌဦးမြင့်သိန်းနှင့် အတွင်းရေးမှူးဦးစန်းအောင်တို့က အသင်း ဖြစ်ပေါ်လာပုံနှင့် အသင်းလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြား ခဲ့သည်။အဆိုပါအခမ်းအနားသို့အနှေးယာဉ် လုပ်သားများနှင့်အဖွဲ့အစည်းပေါင်းစုံမှ အင် အား၁၂ဝတက်ရောက်ခဲ့ကြောင်းသိရသည်။

Read more

ကိုယ့်အားကိုယ်ကိုးကွန်ကရစ်တံတားတည်ဆောက်ရေး ပြည်ခိုင်ဖြိုးပါတီ ပါဝင်လှူဒါန်း

 

ဝမ်းတွင်း နိုဝင်ဘာ ၇

ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်း၊ မြို့နယ်ကော်မတီဝင်ဦးဌေးရီတို့သည် ယမန်နေ့နံနက်တွင် လူးခင်းအုပ်စုရှိ ပျားစွဲအရှေ့ရွာနှင့် အနောက်ရွာကြားရှိ အရှည်ပေ ၃ဝဝ၊ အနံငါးပေရှိ သံကူကွန်ကရစ် ကိုယ့်အားကိုယ်ကိုး တံတားလုပ်ငန်းဆောင်ရွက်ရာသို့ သွားရောက်ကာ အလှူငွေကျပ် ၅ဝဝဝဝ လှူဒါန်းခဲ့ကြောင်း သိရသည်။


Read more

အုတ်တွင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေများကို သုံးသပ်ဆွေးနွေး

 

ပဲခူး နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် အုတ်တွင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အား ယမန်နေ့နံနက် ၉ နာရီတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စိမ်းလမ်းစိုပြည် ဝန်းသိုမြေဖြစ်ရေးစုပေါင်းသစ်ပင်စိုက်

 

စဥ့်ကိုင် နိုဝင်ဘာ ၇

စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဝန်းသိုအုပ်စု ဝန်းသိုကျောင်းအတွင်း၌ စိမ်းလမ်း စိုပြည်ဝန်းသိုမြေဖြစ်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီတွင် ယူကလစ်ပင် ၁၅ဝ၊ ကျွန်းပင် ၅ဝ၊ လျှော်ဖြူ ၂ဝ စုစုပေါင်းအပင်၂၂ဝကို ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့များနှင့် ကျေးရွာမှ ပြည်သူများစုစုပေါင်းအင်အား ၈ဝ ကျော်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့သည်။

Read more

ပွဲအပြီးမှာ နားစွင့်တဲ့ဟန်ကို မော်ရင်ဟို ဘာလို့လုပ်ခဲ့တာလဲ?

ချန်ပီယံလိဂ်ပွဲအဖြစ် တူရင်မှာ ကစားခဲ့တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဟွမ်မာတာရဲ့ ဖရီးကစ်သွင်းဂိုး၊ အဲလက်စ်ဆန်ဒရိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ ဂိုးတွေနဲ့ ဂျူဗင်တပ်စ်ကို အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ မော်ရင်ဟိုက ဂျူဗင်တပ်စ်အသင်း ပရိသတ်တွေဖက် လှည့်ကာ သူ့ရဲ့ နားမှာ လက်ဝါးကပ်ပြီး နားစွင့်တဲ့ ဟန် ပြုလုပ်ခဲ့ပါတယ်။

Read more

ကြိုးဝိုင်းထဲ လဲကျချိန်မှာ ကိုမာဝင်သွားတဲ့ မွေထိုင်းလက်ဝှေ့ကျော် ဆေးရုံမှာ ကွယ်လွန်

WBC ရွှေခါးပတ်လုပွဲမှာ အလဲထိုးခံခဲ့ရတဲ့ မွေထိုင်းလက်ဝှေ့သမား ခရစ်ရှန်ဒါဂီယိုဟာ ဦးနှောက်ဒဏ်ရာကြောင့် ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အီတလီနိုင်ငံသား မွေထိုင်းလက်ဝှေ့သမား ဒါဂီယိုဟာ နာမည်ကျော် မွေထိုင်း လက်ဝှေ့သမားတစ်ယောက်ဖြစ်ပါတယ်။

Read more

MMA အကောင်းဆုံးဆုပေးပွဲ တက်ရောက်ရန် အောင်လအန်ဆန် စင်ကာပူ ရောက်ရှိ

ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် (2018 Global Martial Arts Awards) တစ်နှစ်တာအတွင်း MMA အကောင်းဆုံး ဆုပေးပွဲအခမ်းအနား တက်ရောက်ရန် နိုဝင်ဘာ ၇ ရက်က စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည်။

Read more