ကြားဖြတ်ရွေးကောက်ပွဲရလဒ်များအရ အမေရိကန်အောက်လွှတ်တော်တွင် အမျိုးသမီး ၁ဝဝ ခန့် နေရာရ

ဝါရှင်တန် နိုဝင်ဘာ ၈

အင်္ဂါနေ့က ပြုလုပ်ခဲ့သော အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန်အောက်လွှတ်တော်၌ အမျိုးသမီး အမတ် ၁ဝဝကျော် နေရာရရှိခဲ့သည့်အတွက် ပထမဆုံးအကြိမ် အမျိုးသမီး အများစုနေရာ ရရှိခြင်း ဖြစ်လာသည်။
ဗုဒ္ဓဟူးနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်မှ အသက် ၃၁ နှစ်အရွယ် ကေတီဟေးလ်က အနိုင်ရခဲ့ပြီး အောက်လွှတ်တော် တွင် အမျိုးသမီးဦးရေမှာ ၁ဝဝ ကျော်ရှိလာခဲ့သည်။

Read more

တောင်တရုတ်ပင်လယ်က ကျွန်းတွေပေါ်မှာ တရုတ် မိုးလေဝသစခန်းဖွင့်လှစ်မှု ဗီယက်နမ်ကန့်ကွက်

တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒေသတွင်းနိုင်ငံတွေ အငြင်းပွားနေကြတဲ့ စပရက်တလီ ကျွန်းစုတွေပေါ်မှာ တရုတ်အစိုးရက မိုးလေ၀သတိုင်းတာရေးစခန်းတွေ ဖွင့်လှစ်ခဲ့တဲ့အပေါ် ဗီယက်နမ်နိုင်ငံ က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်တဲ့အပြင်၊ တောင်တရုတ်ပင်လယ်ပြင်မှာ အခြေအနေတွေကို ရှုတ်ထွေးသွားစေတယ်လို့လည်းပြောပါတယ်။

Read more

လုပ်ပိုင်ခွင့်အာဏာနဲ့ ဆန္ဒမဲ လဲလှယ်တဲ့လုပ်ရပ်မျိုးမလုပ်ဆောင်ခဲ့ ကိုယ်စားလှယ် သုံးနေရာကို သန့်ရှင်းလွတ်လပ်စွာဖြင့် မဲအပြတ်နိုင်ခဲ့ခြင်းဖြစ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးက မကြာမီကပြီးစီးခဲ့သည့် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့သည့်နေရာ သုံးနေရာသည် သန့်ရှင်းလွတ်လပ်စွာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်မေးမြန်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ကြားဖြတ်ရွေးကောက်ပွဲမှာ ရရှိတဲ့ရလဒ်အပေါ်သဘော ထားအမြင်ကို ပြောပြပေး ပါ။

Read more

လမ်းပြုပြင်ရန်အတွက် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီက ငွေကျပ်တစ်သိန်းပေးအပ်လှူဒါန်း

 

စဥ့်ကိုင် နိုဝင်ဘာ ၈

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြောင်းဆုံကြီးအုပ်စု မြောင်းဆုံကြီးကျေးရွာ အဝင်လမ်းအား မြေကျောက်ငါးစီးစာအတွက် ယမန်နေ့နံနက် ၈ နာရီခွဲက ငွေကျပ်တစ် သိန်းကို ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံး၊ အတွင်းရေးမှူးဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့များ စုပေါင်း၍လုပ်အားကုသိုလ်နှင့်အတူ ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more

မ​ကွေးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ စု​ပေါင်းမဟာဘုံကထိန်​ခင်း အလှူ​တော်​ ကျင်းပပြုလုပ်

 

မကွေး ၊ နိုဝင်ဘာ ၈

မ​ကွေးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဋ္ဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စု​စု​နောင်​ နှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ ပါတီဝင်​များ​သည်​ ရွာသစ်​က​လေး​ကျေးရွာတွင်​ စု​ပေါင်းမဟာဘုံကထိန်းခင်း အလှူ​တော်​မင်္ဂလာကို အများ​ပေါင်းစု၍ ​ကောင်းမှုကုသိုလ်​ပြုလုပ်​ရာ ပင့်​သံဃာအလှူ​ငွေ (၅၆၀၀၀၀) ကျပ်​၊ ​ကျောင်းတိုက်​ အုတ်​တံတိုင်းအတွက်​ အလှူ​ငွေ(၂၁၀၀၀၀) ကျပ်​၊ နဝကမ္မအလှူ​ငွေ (၅၀၀၀၀၀) ကျပ်​ လှူဒါန်းပြီး ကြွ​ရောက်​လာ​သော ဧည့်​သည်​​တော်​များ၊ ပါတီဝင်​များကို ထမင်း​ကျွေးဧည့်​ခံမှုများ ပြုလုပ်​ခဲ့ပါသည်​။

Read more

ဖါးဆောင်းမြို့နယ် ခဲမဖြူစေတီကုန်း ဘုန်းတော်ကြီး ကျောင်းတွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

 

ဖါးဆောင်း – နိုဝင်ဘာ ၈

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် နိုဝင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနဝန်ကြီး H.E. Mr. Song Tao အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

Read more

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးပြုလုပ်

 

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် ရခိုင်ပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင် ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော် မတီဝင်)နှင့် ပြည်နယ် ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများတက်ရောက်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားကာ ပြည်နယ်အတွင်းရေးမှူးမှ ပါတီဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများမှ လိုအပ်ချက်များနှင့် ပါတီဗဟိုဌာနချုပ် အမျိုးသမီးညီလာခံသို့ ရခိုင်ပြည်နယ်မှ အမျိုးသမီးကိုယ်စားလှယ်များတက်ရောက်နိုင်ရေးအတွက် အကျယ်တ၀င့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၄း၀၀)အချိန်တွင် ပြီးဆုံးခဲ့သည်။

Read more

ခလုံးကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် မီးဘေးသင့်သူကို ထောက်ပံ့ငွေပေးအပ်

 

တနိုင်း နိုဝင်ဘာ ၇

ကချင်ပြည်နယ် တနိုင်းမြို့နယ် ခလုံးကျေးရွာတွင် ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝနာရီက ခလုံး ကျေးရွာပါတီဥက္ကဋ္ဌ ဦးရူဝါးအိမ်၌ ကျင်းပခဲ့ရာ ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးမြင့်ကို၊ စီမံ ရေးရာ တာဝန်ခံဦးလဂျာဟ၊ နိုင်ငံခြားနှင့်တိုင်းရင်းသားရေးရာ တာဝန်ခံဦးဘစိန်၊ ကျေးရွာ ဥက္ကဋ္ဌ ဦးရူဝါးနှင့်ကော်မတီဝင်များတက် ရောက်ခဲ့ကြသည်။

Read more