ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး မြန်မာနဲ့ ၁၀ နိုင်ငံ လက်မှတ်ထိုး

MYANMAR ECONOMY STOCK EXCHANGE
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ ကာကွယ်ရေး သဘောတူစာချုပ်ကို မြန်မာနဲ့ ၁၀ နိုင်ငံကြား အခုသီတင်းပတ်ထဲမှာ သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေကြား ယုံကြည် စိတ်ချမှုရှိရေး ရည်ရွယ်တဲ့စာချုပ်ကို ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဂျပန်၊ ကူဝိတ်၊ အစ္စရေးနဲ့ တောင်ကိုရီးယားနိုင်ငံတွေနဲ့ မြန်မာလက်မှတ်ရေးထိုး ခဲ့တာဖြစ်ပါတယ်။ မြန်မာနဲ့တောင်ကိုရီးယား နိုင်ငံတို့ကြား ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး ၂ နိုင်ငံသဘောတူညီချက်ကတော့ အောက်တိုဘာ ၃၁ ရက်နေ့က စတင်အသက်ဝင်တယ်လို့ တရုတ် ရှင်ဟွာသတင်းမှာ ရေးထားပါတယ်။
Read more










