ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီဝင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နယ်မြေတာဝန်ခံမိသားစုက ဗလာစာအုပ်နှင့်စာရေးကိရိယာများလှူဒါန်း

 

ရန်ကုန် နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီ ကော်မတီဝင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်နယ်မြေတာဝန်ခံဒေါက်တာကျော်စိုး မိသားစုသည် ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရုံးမှတစ်ဆင့်အမှတ်(၁၄)ရပ်ကွက် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း (ခွဲ)သို့ ဗလာစာအုပ်နှင့် စာရေးကိရိယာ များ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။

Read more

ဘလွန်းဒီအောဆန်ခါတင်သုံးဦး ပေါက်ကြားစာရင်းတွင် မက်ဆီနှင့် ရော်နယ်ဒို မပါဝင်

ဘာစီလိုနာကြယ်ပွင့် မက်ဆီနှင့် ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုသည် ဘလွန်းဒီအောဆုကို နောက်ဆုံး ၁၀ နှစ်အတွင်း အပြိုင်အဆိုင် ဆွတ်ခူးခဲ့သော်လည်း ယခုနှစ်တွင် ယင်းဆုကို ၎င်းတို့နှစ်ဦး ရမည့်ပုံ မပေါ်ပေ။
ယခုနှစ်အတွက် ဘလွန်းဒီ အောဆုကို ဒီဇင်ဘာ ၃ ရက်တွင် ပေးအပ်မည်ဖြစ်ပြီး ယခုနှစ်သည် ၂၀၀၇ နောက်ပိုင်း မက်ဆီ (သို့မဟုတ်) ရော်နယ်ဒို တစ်ဦးဦးက ယင်းဆုဆွတ်ခူးနိုင်ခြင်း မရှိသည့် ပထမဆုံးနှစ် ဖြစ်လာဖွယ်ရှိ သည်။

Read more

ဘရာဇီးဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက် ပရိသတ်အကြားခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံးမှုဖြစ်ပွား

ဘရာဇီးနိုင်ငံ၌ ၂ဝ၁၆ ခုနှစ် ဧပြီလက ယှဉ်ပြိုင်ကစားခဲ့သည့် ဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက်ပရိသတ်အကြား ခိုက်ရန်ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ ၌ နိုဝင်ဘာ ၁ဝ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပြည်တွင်းဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက်ပရိသတ်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းနှင့် အခြားတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

Read more

ကမ္ဘာ့ချန်ပီယံများ ပါဝင်ယှဉ်ပြိုင်မည့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

နိုင်ငံပေါင်း ၃၆ နိုင်ငံက ကမ္ဘာ့ချန်ပီယံတွေ ပါဝင်ယှဉ်ပြိုင်မယ့် Black Shield IBSF World Billiard and Snooker Championship 2018 ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ Grand Mercure Yangon Golden Empire Hotel မှာ ကျင်းပမယ်လို့ သိရပါတယ်။

Read more

ကမ္ဘောဒီးယားနှင့် ပွဲစဉ်တွင် အကောင်းဆုံးပုံစံကို မြင်တွေ့ရမည်ဟု မြန်မာအသင်းနည်းပြချုပ်ကြုံးဝါး

အာဆီယံ ဆူဇူကီးဖလား ပထမပွဲစဉ်အဖြစ် ကစားမည့် ကမ္ဘောဒီးယားအသင်းနှင့် ပွဲစဉ်တွင် ကစားသမားများ၏ အကောင်းဆုံး ပုံစံကို ပရိသတ်များ မြင်တွေ့ရမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် အန်တွမ်နီ ဟေး က ပြောသည်။ နိုဝင်ဘာ ၁၁ ရက်က မန္တလေးမြို့ရှိ ဟိုတယ်မန္တလေးတွင် ပြုလုပ်သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ၌ မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေး က ယင်းကဲ့သို့ ပြောကြားသည်။

Read more

သြစတြေးလျတွင် စတော်ဘယ်ရီသီးထဲ အပ်ထည့်သူအား ထောင်ဒဏ် ၁၀နှစ်အထိချမှတ်

အပ်ပါနေသည့် သြစတြေးလျမှ စတော်ဘယ်ရီသီးတစ်လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ နိုဝင်ဘာ ၁၂ ရက်

သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် စတော်ဘယ်ရီသီးများထဲ အပ်ထည့်မှု ဖြင့် အသက် ၅၀နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Read more

ခိုးဝင်လာသူများကို လက်ခံမည်မဟုတ်ဟု အမေရိကန်သမ္မတ သတိပေး

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နိုင်ငံအတွင်းသို့ ခိုးဝင်လာသူများကို လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် နိုင်ငံအတွင်း လကခံကာနေထိုင်ခွင့်ပေးမည်မဟုတ်ဟု ပြောကြားခဲ့ေ ကြာင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။

ဗဟုတ်အမေရိကန်နိုင်ငံများမှ ထွက်ခွာလာသော ရာနှင့်ချီသည့် ရွှေ့ပြောင်းအခြေချသူများသည် မက္ကဆီကိုနိုင်ငံကို ဖြတ်သန်းကာ အမေရိကန်နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ရရန် ကြိုးပမ်းလျက် ရှိသော ဒေါ်နယ်ထရန့်က ခိုးဝင် လာသူများအား လက်ခံမည်မဟုတ်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

Read more

ကယ်လီဖိုးနီးယား တောမီး မထိန်းနိုင်သေး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်းမှာလောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်နိုင်ဖို့ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ အပူတပြင်း ကျိုးပမ်းေ နကြပါတယ်။ ဒီနှစ်တောမီးလောင်ကျွမ်းမှုဟာ အဆိုးဆုံးတွေထဲက တခုဖြစ်ပြီး၊ ဒီတောမီးကို သိပ်မကြာခင်အချိန်အတွင်း ငြိမ်းသတ်နိုင်ဖို့ အနေအထားမရှိဘူးလို့ အမျိုးသားမိုးလေ၀သနဌာန ကလည်း ပြောပါတယ်။

Read more

မြန်မာနိုင်ငံမှာ ဟိန္ဒူမျိုးနွယ်စုတွေ စုစည်းပြီး ပထမဆုံး ဒီပါဝလီနေ့ ကျင်းပ

မြန်မာနိုင်ငံရှိ ဟိန္ဒူမျိုးနွယ်စုတွေ စုပေါင်းပြီးတော့ ပထမဆုံး ဒီပါဝလီနေ့ကို ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံမှာ နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲတော်ကို အိန္ဒိယနိုင်ငံသံရုံးအကူအညီနဲ့ ပူးပေါင်းကျင်းပခဲ့ပြီးတော့ ဟိန္ဒူလူမျိုးစုတွေ အများအပြား လာရောက်ခဲ့ ကြပြီး ဟိန္ဒူလူမျိုးစုတွေရဲ့ ရိုးရာအက၊ ရိုးရာဝတ်စုံတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

Read more

ရွေးကောက်ခံကိုယ်စားလှယ်သစ် ၄ ဦးနှင့် တပ်ကိုယ်စားလှယ် ၈ဦး ကတိသစ္စာပြု

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့  ရွေးကောက်ခံ ကိုယ်စားလှယ် ၄ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၈ ဦးတို့  ဒီကနေ့ မနက်က ပြည်သူ့လွှတ်တော်မှာ ကတိ သစ္စာပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်  ၁ဦး ရွေးကောက် တင်မြှောက်ခံခဲ့ရတာပါ။

Read more