ကျွန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်အားပေး

 

မိုးကောင်း နိုဝင်ဘာ ၁၂

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေး မှူး ဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲအားကစား ကွင်း၌ကျင်းပရာ ကျွန်းတောရပ် ကွက်(က)အသင်းက ဆားမှော် ကျေးရွာအုပ်စု အသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားသည်။

Read more

ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးလူငယ် လုပ်အားဒါနပြု

 

ပန်းတနော် နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာအဖွဲ့တာဝန်ခံ ဦးစလင်းထွန်းဦးဆောင်သော ပါတီဝင်များသည် ယမန်နေ့ နံနက် ၉နာရီမှစတင်ပြီး ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက်ရှိ ညောင်ပင်သာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ မြက်များ ရှင်းလင်းခြင်း၊ လမ်းမြေကြီးဖို့ခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းစသည်ဖြင့် စုပေါင်းလုပ်အားဒါန ပြုလုပ်ခဲ့ကြသည်။

Read more

ပါတီဗဟိုအတွင်းရေးမှုးတိုင်းခရိုင်ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင်နိုဝင်ဘာလ(၁၀)ရက်နံနက်(၁၀)နာရီကပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှုးဦးသန်းထွန်းနှင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုးဦးသာဝင်းတိုင်းပါတီကော်မတီဝင်များခရိုင်ပါတီဥက္ကဌများမြို့နယ်ပါတွဥက္ကဌများတွေ့ဆုံပွဲအခမ်းအနားကိုတိုင်းပါတီကော်မတီရုံးစည်းဝေးခမ်းမတွင်ကျင်းပကြောင်းသိရှိရသည်။
အစီအစဉ်အရပါတီဗဟိုအတွင်းရေးမှုးဦးသန်းထွန်းမှပါတီစည်းရုံးရေးလုပ်ငန်းဆောင်ရွက်ရန်ကိစ္စများကိုဆွေးနွေးသည်။


ထို့နောက်ရန်ကုန်တိုင်းပါတီအတွင်းရေးမှုးဗဟိုကော်မတီဝင်ဦးသာဝင်းနှင့်ခရိုင်ဥက္ကဌများ မြို့နယ်ပါတီဥက္ကဌများမှပြန်လည်ဆွေးနွေးတင်ပြကြပြီးအစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။


ထိန်ဝင်း(YGN)


Read more

မြဝတီမြို့နယ်​၊​ဝှေ့ရှမ်း​ကျေးရွာ၌ ပြည်​ခု​င်​ဖြိုးပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲကျင်းပ

 

ကရင်​ပြည်​နယ်​၊မြဝတီမြို့နယ်​၊​ဝှေ့ရရှမ်း​ကျေးရွာ၌ပြည်​ခိုင်​ဖြိုးပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲကိုယ​နေ့(၁၁.၁၁.၂၀၁၈)တွင်​ပြုလုပ်​ရာ အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ကရင်​ပြည်​တာဝန်​ခံဦးသူရိန်​​ဇော်​(ဗဟို​ကော်​မတီဝင်​)၊ကရင်​ပြည်​နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦး​စောမြင့်​ဦး၊ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ဦး​စောဝင်းထိန်​၊ပြည်​နယ်​​ကော်​မတီဝင်​များ၊မြဝတီခရိုင်​ပါတီဥက္ကဌ၊မြဝတီမြို့နယ်​ပါတီဥက္က၊​ကော်​မတီဝင်​များနှင့်​ပါတီဝင်​များတက်​​ရောက်​ခဲ့ကြပြီး ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​သူစုစု​ပေါင်းမှာ(၄၅၂)ဦးဖြစ်​​ကြောင်းသိရှိရပါသည်​။


Read more

ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးခရိုင်မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်အမှာစကားပြော

 

မန္တလေး နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး ခရိုင် မြို့နယ်ပါတီ များ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်တက်ရောက်၍ အမှာစကားပြောကြား ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ

 

ကျောက်တန်းမြို့နယ် ပန်းတောစံပြကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်အခမ်းအနားကို ၁၁-၁၁-၂၀၁၈ -၇း၁၁အချိန်၌ရပ်ကျေးကော်မတီဝင်ဦးစိုးဝင်းအိမ်၌ကျင်ပခဲ့ပါသည်။

အခမ်းအနားသို့မြို့နယ်ပါတီဥက္ကဌဦးမောင်မောင်တာအတွင်းရေးမှူးဦးနိုင်ဝင်း မြို့နယ်ကော်မတီဝင်များ ရပ်ကျေးကော်မတီဝင်းများ မိတ်ဆွေအပေါင်းအသင်းများတက်ရောက်ကြပါသည်။တက်ရောက်သူမိတ်ဆွေများအားကြာဇံချက်ဖြင့်ဧည့်ခံခဲ့ပါသည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား BBCသတင်းဌာနမှ လာရောက်တွေ့ဆုံမေးမြန်း

 

ရန်ကုန် နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ယမန်နေ့နံနက် ၉နာရီက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးအား BBCသတင်းဌာနမှလာရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။ ထိုသို့လာရောက်တွေ့ဆုံမေးမြန်းရာတွင် ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့်ကိစ္စရပ်များနှင့်ပတ်သက်၍သော်လည်းကောင်း၊ ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ သော်လည်းကောင်း မေးမြန်းခဲ့ကြောင်း သိရသည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလူငယ်ကိုယ်စားလှယ်အဖွဲ့ အာဆီယံ-တရုတ်လူငယ်တွေ့ဆုံပွဲတက်ရောက်ရန်ထွက်ခွာ

 

ရန်ကုန် နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာထိန်ဝင်းနှင့် အဖွဲ့ဝင် ၁ဝ ဦးပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းဒေသ နန်နင်းမြို့ရှိ Guangxi International Youth Exchange Institute တွင် ယခုလ ၁၂ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်မည့် (၁၁)ကြိမ်မြောက် အာဆီယံ-တရုတ်လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်ရန်အတွက် ယမန်နေ့ ညနေပိုင်းတွင် တရုတ်လေကြောင်း ခရီးစဉ်MU-2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူမင်းမြို့သို့ထွက်ခွာ သည်။

Read more

ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပွင့်ဖြူ နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီခွဲက ပွင့်ဖြူ မြို့နယ်ပါတီရုံး၌ပြုလုပ်ခဲ့ရာ မကွေး တိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်း ဒေသကြီး တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်နိုင်က စိုက်ပျိုးရေး ဆိုင်ရာများနှင့် ကူညီဆောင်ရွက်ပေးနိုင် သည်များအားရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရန်နိုင်စိုးနှင့် အတွင်း ရေးမှူး ဦးဆန်းထွန်းတို့က မြို့နယ်ပါတီ၏ တစ်လတာအတွင်းလှုပ်ရှားဆောင်ရွက်ခဲ့မှု များ၊ တိုင်းဒေသကြီးပါတီနှင့် ခရိုင်ပါတီ တို့၏လုပ်ငန်းလမ်းညွှန်များ၊ ကြားဖြတ်ရွေး ကောက်ပွဲ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ခရိုင် မြို့နယ်တို့မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ဖျာပုံ နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့နံနက် ၁ဝ နာရီခွဲမှမွန်းတည့် ၁၂ နာရီအထိ ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဖျာပုံမြို့နယ်ပါတီရုံးတွင် ဖျာပုံခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်နှင့် ခရိုင်ပါတီဝင်များ၊ ဖျာပုံမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Read more