သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ မဒေးကျေးရွာ အ.မ.က ကျောင်းဖွင့်ပွဲသို့တက်ရောက်

 

(14.11.2018) နေ့ နံနက် (9:00) နာရီအချိန် သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာအုပ်စု မဒေးကျေးရွာတွင် အ.မ.က (ခွဲ) ကျောင်းမှ အ.မ.က ကျောင်း အဆင့်မြှင့်တင် ဖွင့်ပွဲအခမ်းအနားသို့ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ်စည်တော်အဖွဲ့ တက်ရောက်၍ စည်တော်အဖွဲ့မှ အမကကျောင်းအား ရခိုင်စည်တော်တီးခတ်၍ ဖွင့်လှစ်ပေးပြီး မြို့နယ်ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထိုကျောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး ကိုယ့်အားကိုယ်ကိုး ကျောင်းရရှိရန် လည်းကောင်း (ခွဲ) ကျောင်းရရှိရန်လည်းကောင်း ကူညီပေးခဲ့ပြီး ထိုကျေးရွာသည် ပြည်ခိုင်ဖြိုးပါတီမှ အနိုင် ရရှိခဲ့သော ရွာဖြစ်သည်။

Read more

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးပြုလုပ်

 

မအူပင် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင်မအူပင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီ အစည်းအဝေး နှင့်တိုင်းအမျိုးသမီးညီလာခံအစည်းအဝေး တက်ရောက်နိုင်ရေးတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

Read more

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်တွေ့ဆုံ

 

ပန်းတနော် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ သည် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့တက်ရောက်မည့် ပန်းတနော်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင်များအား ယမန်နေ့ နံနက် ၁၁ နာရီက ပန်းတနော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားဆွေး နွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ခရိုင် မြို့နယ်များမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ရန်ကုန် နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့နံနက် ၉နာရီခွဲက ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်း သိရသည်။

Read more

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တက်ရောက်

 

မကွေး နိုဝင်ဘာ ၁၃

Read more

ကြပ်စခန်းကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်ပွဲနှင့် တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများတက်ရောက်

 

သာစည် နိုဝင်ဘာ ၁၃

သာစည်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ တိုင်းလွှတ်တော်ကိုယ်စား လှယ်နှစ်ဦး ဦးမိုးမြင့်သိန်းနှင့် ဦးစံ ထွန်း၊ အတွင်းရေးမှူး ဒေါ်ကြူ ကြူမော်၊ ဘဏ္ဍာရေးမှူး ဦးခင် မောင်ငြိမ်း၊ နယ်မြေတာဝန်ခံနှင့် မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပြည်ညောင် ကျေးရွာ”ကြပ်စခန်းကျေးရွာ” အုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်ခဲ့ကြပြီး သစ်ပုလွေ/ လယ်စပင်ကျေးရွာပြည်သူများနှင့် တွေ့ဆုံပွဲသို့ဆက်လက်တက်ရောက် ခဲ့ကြသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးတက်ရောက်

 

ရန်ကုန် နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံး၌ ယနေ့နံနက် ၁ဝ နာရီက စတင်ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးခင်ရီက အမှာစကားပြောကြားခဲ့ပြီးနောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားခဲ့သည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံဦးသူရိန်ဇော် မြိုင်ကြီးငူဆရာတော်ရုပ်ကလာပ်အားဖူးမြော် ဈာပနအတွက်အလှူငွေလှူဒါန်း

 

လှိုင်းဘွဲ နိုဝင်ဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့နံနက် ၁ဝ နာရီခန့်က ပါတီဗဟိုကော်မတီဝင် ကရင်ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို လိုက်ပါ၍ မြိုင်ကြီးငူဆရာတော်ရုပ်ကလာပ်အား ဖူးမြော်ပြီး ဆရာတော် ဈာပနအခမ်းအနားကျင်းပရန်အတွက် အလှူငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ဘားအံခရိုင် ပါတီကော်မတီဝင်များ၊ လှိုင်းဘွဲမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာပါတီဝင်အင်အား ၃ဝ တက်ရောက်ခဲ့သည်။

Read more

စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

စလင်း နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီးမင်းဘူး ခရိုင် စလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက စလင်း မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင် လွင်က မြို့နယ်ပါတီ၏ တစ်လတာ အတွင်း လှုပ်ရှားဆောင်ရွက်ခဲ့မှု များ၊ တိုင်းဒေသကြီးပါတီနှင့်ခရိုင် ပါတီတို့၏ လုပ်ငန်းလမ်းညွှန် များကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးဇော်နိုင်ကကြား ဖြတ်ရွေးကောက်ပွဲအတွေ့အကြုံများ ကို ရှင်းလင်းပြောကြားခဲ့သည်။

Read more

ကသာတွင် ကျေးရွာအုပ်စုပါတီရုံးဆိုင်းဘုတ်တင် ကျေးရွာပါတီဝင်များ တွေ့ဆုံပွဲကျင်းပ

 

ဝက်လက် နိုဝင်ဘာ ၁၂

ကသာမြို့နယ် အထက်ဝဲကြီးကျေးရွာအုပ်စု ဦးညွန့်ဖေနေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီတွင် ပြည်ခိုင်ဖြိုးပါတီကျေးရွာအုပ်စုပါတီ ရုံးဆိုင်းဘုတ်တင်ပွဲနှင့် ကျေးရွာပါတီဝင်များတွေ့ဆုံပွဲကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်ကော် မတီဝင်(ကသာခရိုင်တာဝန်ခံ)ဦးအောင်ကိုစံ၊ ကသာမြို့နယ် ပြည် ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌနှင့် ကော် မတီဝင်များ အင်အား ၄၃ ဦး တက်ရောက်ကြသည်။

Read more