ဆူဇူကီးပြိုင်ပွဲမှာ ဗီယက်နမ်ကို အနိုင်မရသေးတဲ့ မြန်မာတို့ ရှုံးကြွေးဆပ်နိုင်မှာလား?

ဒီနေ့ညနေ (၆း၀၀)နာရီမှာတော့ ရန်ကုန်မြို့၊သုဝဏ္ဏကွင်းမှာ မြန်မာအသင်း နဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ (၂)ပွဲစီ ကစားအပြီး ရမှတ် (၆)မှတ်စီနဲ့ ဦးဆောင်နေကြတဲ့ အသင်းတွေဖြစ်တာမို့ ဒီပွဲဟာ နှစ်သင်းစလုံးအတွက်တော့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်ဖို့ နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

Read more

ကမ္ဘာ့အဆင့်(၁)ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဇက်ဗီရက်ဗ် ATP Finals ဆုဖလားဆွတ်ခူး

ဂျာမနီလူငယ်တင်းနစ် ကစားသမား အလက်ဇန်းဒါးဇက် ဗီရက်ဗ်သည် ATP Finals ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်(၁)ဂျို ကိုဗစ်ကို အံ့အားသင့်ဖွယ်အနိုင်ရရှိပြီးဆုကြေးပေါင်နှစ်သန်းခန့် ရရှိခဲ့သည်။

ATP Finals ဆုဖလားကို ခြောက်ကြိမ်မြောက်ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်(၃၁)နှစ် သည် ဇက်ဗီရက်ဗ်(၂၁)နှစ်ကို ၆-၄၊ ၆-၃ ဖြင့် ပွဲကြီးနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည်။

Read more

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် တိုက်ခိုက်မှု ဆောင်ရွက်မည့် IS အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

အာဖဂန်နစ္စတန် နိုင်ငံ တွင် အစိုးရ တပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ နိုဝင်ဘာ ၂၀ ရက်

Read more

နျူသဘောတူညီချက် ဆွေးနွေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့် အီရန်နိုင်ငံသို့ ရောက်ရှိ

တီဟီရန်မြို့တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်နှင့် တွေ့ဆုံနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ် (Fars News website/Handout via REUTERS)

 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်သည် တနင်္လာနေ့တွင် အီရန်နိုင်ငံသို့ ရောက်ရှိလာပြီး ၂၀၁၅ နျူသဘောတူညီချက် အနာဂတ်အပါအဝင် အခြားအကြောင်းအရာများကို အီရန် အာဏာပိုင်များနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။

Read more

မက္ကဆီကိုနယ်စပ်တစ်လျှောက် အမေရိကန်တပ်ဖွဲ့ က ခြံစည်းရိုးခတ်

ဝါရှင်တန် နိုဝင်ဘာ ၁၉

လွန်ခဲ့သောသုံးရက်အတွင်း အမေရိကန်တပ်ဖွဲ့သည် မက္ကဆီကို နယ်စပ်အနီး မြစ်ဘေးတစ်လျှောက်တွင် ခြံစည်းရိုးများခတ်ထား သည်ကို မျက်စိတစ်ဆုံး တွေ့မြင်နေရသည်။

ကင်တပ်ကီပြည်နယ် ဖို့စ်နောက်စ်ခံတပ်အခြေစိုက် အင်ဂျင်နီယာတပ်ရင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များက ခြံစည်းရိုး ခတ်သည့်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့မြင်နေ ရသည်။

အမေရိကန်သမ္မတ ထရမ့်၏ အငြင်းပွားဖွယ်အမိန့်ဖြင့် တက္ကဆက်ပြည်နယ် အနောက်မြောက်ပိုင်း ရီရိုဂရန်ဒီ မြစ်အနီး တွင် ခြံစည်းရိုးခတ်နေကြခြင်းဖြစ်သည်။

Read more

အမေရိကန် မောင်းသူမဲ့လေယာဉ်များကြောင့် ယီမင်အရပ်သားများ သေဆုံး

အမေရိကန်နိုင်ငံပိုင်မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံအတွင်း၌ အရပ်သားများ သေဆုံးမှုရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ယီမင်နိုင်ငံအတွင်း၌ ဆော်ဒီဦးဆောင်သည့် အာရပ်မဟာမိတ်နိုင်ငံများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်ဘက်ပစ်မှတ်များကို ထိခိုက်မှုများ ရှိခဲ့သည့်အပြင် အမေရိကန်ပိုင် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှုများကြောင့်လည်း အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကာ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက အတည်ပြုခဲ့ကြသည်။

Read more

ဖက်ဒဲရာကိုအနိုင်ယူပြီး ဇက်ဗီရက်ဗ် ATP Finals ဗိုလ်လုပွဲတက်ရောက်

ဂျာမနီနိုင်ငံသားအ လက်ဇန်းဒါးဇက်ဗီရက်ဗ်(၂၁)နှစ် သည် ဆွစ်ဇာလန်တင်းနစ် အကျော်အမော် ရော်ဂျာ ဖက်ဒဲရာကို ၇-၅၊ ၇-၆(၅)ဖြင့် အနိုင်ယူပြီး ATP Finals ပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ကာ ဆားဘီးယား နိုင်ငံသား ကမ္ဘာ့အဆင့်(၁) ဂျိုကို ဗစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဇက်ဗီရက်ဗ်သည် ၎င်း၏ ကစားသမားဘ၀တွင် အရေးပါသော နိုင်ပွဲတစ်ပွဲရယူနိုင်သော်လည်း နောက်ဆုံးပွဲငယ် (tiebreak)အတွင်း ပြုမူသောလုပ်ရပ်ကြောင့် ပွဲအပြီးစကားပြောစဉ်အတွင်း လှောင်ပြောင်ခံရသည်။

Read more

ဒူဘိုင်းမှာ မက်ဆီနဲ့အတူ ညစာစားခဲ့တဲ့ ပေါ့ဂ်ဘာ

နိုင်ငံတကာပွဲစဉ်များ ကစားရန် အနားရထားသော ကာလတွင် မက်ဆီနှင့် ပေါ့ဂ်ဘာသည် လက်ရွေးစင် အသင်းများနှင့် ပါဝင်ပတ်သက်ခွင့် မရသော်လည်း ဒူဘိုင်းမြို့တွင် ညစာစားရင်း စကား လက်ဆုံကျခဲ့သည်။ နှစ်ဦးစလုံး နိုင်ငံအသင်းများတွင် ပါဝင်မကစားနိုင်ဘဲ ဒူဘိုင်းသို့ အပန်းဖြေခရီးသွားရောက်စဉ် တွေ့ဆုံခြင်း ဖြစ်သည်။

ပေါ့ဂ်ဘာသည် ပေါင်ဒဏ်ရာကြောင့် မန်စီးတီးနှင့်ကစားခဲ့သော မန်ယူ၏ နောက်ဆုံးပွဲတွင် မပါဝင်ဘဲ မက်ဆီသည် အောက်တိုဘာလလယ်က လက်မောင်းရိုးအက်ပြီးနောက်ပိုင်း တစ်ပွဲသာ ကစားနိုင်သေးသည်။

Read more

အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထွက်ပေါ်

ဘီဘီစီမှ နှစ်စဉ်ချီးမြှင့်သော အာဖရိက အကောင်းဆုံးကစားသမားသမားဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။

ဂျူဗင်တပ်နှင့် မော်ရိုကို နောက်ခံလူ ဘီနာတီယာ၊ နာပိုလီနှင့် ဆီနီဂေါ နောက်ခံလူ ကူလီဘာလီ၊ လီဗာပူးနှင့် ဆီနီဂေါ တိုက်စစ်မှူး မာနေး၊ အက်သလက်တီကိုနှင့် ဂါနာကွင်းလယ်လူ ပါတေး၊ လီဗာပူးနှင့် အီဂျစ်တိုက်စစ်မှူး ဆာလက်တို့သည် ဆန်ခါတင်စာရင်း၌ ပါဝင်လာခဲ့ကြသည်။

Read more

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဆုတံဆိပ် ၅ ခု ဆွတ်ခူး

မြန်မာနိုင်ငံမှာ လက်ခံကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရူး (ထောက်လု) ပြိုင်ပွဲမှာ မြန်မာကစားသမား တွေဖြစ်တဲ့ ငြိမ်းချမ်းကိုကို၊ စန္ဒီဦးနဲ့ အေးသစ္စာမြင့်တို့က စုစုပေါင်း ဆုတံဆိပ် ၅ ခု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ငြိမ်းချမ်းကိုကိုက ရွှေတံဆိပ်တခု၊ ကြေးတံဆိပ်တခု၊ စန္ဒီဦးက ငွေတံဆိပ်တခုနဲ့ အေးသစ္စာမြင့်က ငွေတံဆိပ်တခု၊ ကြေးတံဆိပ်တခု ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ်။

Read more