ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး မအူပင် ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

မအူပင် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာအုပ်စု ရွာသစ်စုကျေးရွာရှိ ဦးချစ်တင်၏ တလင်းမြေတွင် ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကျင်းပသော ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး Developing Self leadership for Effective Operation သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် နေပြည်တော်ပါတီဌာနချုပ် သင်တန်းခန်းမ ဆောင်၌ ကျင်းပသော Developing Self leadership for Effective Operation သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက် ၉ နာရီတွင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

Read more

စီရော်နယ်ဒိုရဲ့အံမခန်းဂိုးနဲ့ ချီးကျူးဂုဏ်ပြုသံများ

မနေ့ညကဂျူဗင်တပ်ကို ရီးရဲလ်ကအဝေးကွင်းမှာ ၃-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ စီရော်နယ်ဒိုရဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းတဲ့ဂိုးကို အားလုံးက ချီးကျူးနေကြပါတယ်။ ဒီဂိုးဟာ ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံးဂိုး ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ ကာဗယ်ဂျယ်ရဲ့ ဖြတ်တင်ဘောကို စီရော်နယ်ဒိုက လှပစွာသွင်းယူခဲ့တာဖြစ်ပါတယ်။

Read more

ဂရစ်ဇ်မန်းကို ထိန်းချုပ်ရတာက မက်ဆီကို ထိန်းချုပ်ရတာထက်ပိုခက်တယ်

စပို့တင်းလစ္စဘွန်း နည်းပြ ဂျော့ခ်ျဂျီးဆပ်က အက်သလက်တီကို တိုက်စစ်မှူး ဂရေ့ဇ်မန်းကို ထိန်းချုပ်ရခြင်းက မက်ဆီကို ထိန်းချုပ်ရခြင်းထက် ပိုမိုခက်ခဲသည်ဟု ဆိုလိုက်သည်။

စပို့တင်းလစ္စဘွန်းအသင်းမှာ ကြာသပတေးနေ့ညတွင် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်း၏ အိမ်ကွင်း ၀မ်ဒါမက်ထရိုပိုလီတာနိုကွင်းတွင်း ကစားရမည်ဖြစ်သည်။

ထိုပွဲစဉ်တွင် ဂရေ့ဇ်မန်းကို အထူးသတိထား ထိန်းချုပ်ရန် လိုအပ်နေပြီး ပြင်သစ်တိုက်စစ်မှူးကို ထိန်းချုပ်ရခြင်းက မက်ဆီကို ထိန်းချုပ်ရခြင်းထက် ပိုမိုခက်ခဲနေသည်ဟုပြောသွားခဲ့သည်။

Read more

လီဗာပူးလ်နှင့် ပွဲကို ဒူးဒဏ်ရာကြောင့် အဂူရိုလွဲမည်

ဧပြီ ၄၊ လီဗာပူးလ်

မန်ချက်စတာစီးတီး တိုက်စစ်မှူး အဂူရိုသည် ယနေ့ညတွင် လီဗာပူးလ်နှင့် ကစားရမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဒူးဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သည်။

အဂူရိုသည် ယင်းဒဏ်ရာကြောင့်ပင် စီးတီးနှင့် အာဂျင်တီးနားတို့၏ နောက်ဆုံး ငါးပွဲကို လွဲချော်ခဲ့ရသည်။ “အဂူရိုက ပိုကောင်းလာနေပါပြီ။ ဒါပေမဲ့ ဒီနေ့ ဆရာဝန်တွေက သူ့ကိုမေးကြည့်တဲ့အခါ နည်းနည်းပြဿနာ ရှိနေသေးပြီး သက်သောင့် သက်သာမရှိသေးဘူးလို့ ပြောပါတယ်”ဟု ဂွာဒီယိုလာက ဆိုသည်။

Read more

ချန်ပီယံလိဂ်ဖလားကို အမှန်တကယ်လိုချင်ရင် ဒီထက်ပိုကောင်းရမယ်

ဘိုင်ယန်မြူးနစ်နည်းပြ ဂျပ်ဟေးနက်စ်က ဆီဗီးလားအသင်းကို ၂-၁ ဖြင့်အနိုင်ရခဲ့သော်လည်း အသင်း၏ ခြေစွမ်းအပေါ် အားမလို အားမရဖြစ်နေပြီး ချန်ပီယံလိဂ်ဖလားကို အမှတ်တကယ် လိုချင်ပါက လက်ရှိခြေစွမ်းထက် ပိုမိုကောင်းမွန်ရလိမ့်မည်ဟု အသင်းသားများအား သတိပေးသွားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ပထမပိုင်းတွင် ဆာရာဘီယာ၏ ဦးဆောင်ဂိုးကြောင့် နောက်မှ လိုက်ကစားခဲ့ရပြီး နာဗက်စ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုနှင့် အယ်လ်ကန်တာရာ၏ ဂေါင်းတိုက်ဂိုးများကြောင့် အဝေးကွင်းတွင် နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

Read more

S-400 လေကြောင်းကာကွယ်ရေးစနစ် ပို့ဆောင်မှုကို အရှိန်မြှင့်တင်ရန် ရုရှားနှင့် တူရကီ သဘောတူ

အန်ကာရာ၊ တူရကီ၊ ဧပြီ ၎

ရုရှားသမ္မတဗလာဒီမာပူတင်က S-400 လေကြောင်းကာကွယ်ရေးဒုံးပျံစနစ်ကို တူရကီသို့ပို့ဆောင်ခြင်းအား အရှိန်မြှင့်တင်လုပ်ဆောင်သွားရန် တူရကီသမ္မတရီဆပ်တေယစ်အာဒန်ဂိုနှင့်အတူ သဘောတူညီမှုရရှိခဲ့ပြီဖြစ် ကြောင်း အင်္ဂါနေ့ကပြောဆိုခဲ့ပြီး ယင်းသို့ဒုံးပျံစနစ်ဝယ်ယူမှုသည် တူရကီ၏ နေတိုးမဟာမိတ်နိုင်ငံများအတွက် တပ်လှန့်လိုက်သလို ဖြစ်စေခဲ့သည်။

“အလွန်ကိုထိရောက်မှုရှိတဲ့ ရုရှားတို့ရဲ့ဒုံးပျံစနစ်ကို တူရကီနိုင်ငံသို့ပို့ဆောင်ပေးမှုကို အရှိန်မြှင့်တင်လုပ်ဆောင် သွားဖို့ ကျနော်တို့သဘောတူခဲ့ပါတယ်” ဟု ပူတင်က တူရကီနိုင်ငံမြို့တော် အန်ကာရာ၌  အာဒိုဂန်နှင့်အတူ ဆွေးနွေးခဲ့အပြီးတွင် သတင်းထောက်များအား ပြောဆိုခဲ့သည်။

Read more

YouTube ရုံးဌာနချုပ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

လော့စ်အိန်ဂျယ်လိစ်၊ ဧပြီ ၎

ကမ္ဘာ့အကြီးဆုံး ဗီဒီယိုမျှဝေသည့်ဝက်ဘ်ဆိုက်ဖြစ်သော YouTube ၏ ရုံးဌာနချုပ်၌ အင်္ဂါနေ့တွင် သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့၍ လူ ၁ဦးသေဆုံးခဲ့ကာ ၄ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘရူနိုမြို့ မှ ရဲတပ်ဖွဲ့က တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။

Read more

မမှန်သတင်း ဖြန့်ချိမှုအတွက် မလေးရှား ဥပဒေ အမေရိကန် မထောက်ခံ

မလေးရှားပါလီမန်က မမှန်သတင်း ဖြန့်ချိမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၆-နှစ်အထိ ချမှတ်နိုင်ခွင့် ဥပဒေကို အတည်ပြုလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

တနင်္လာနေ့က အတည်ပြုလိုက်တဲ့ဥပဒေမှာ မမှန်သတင်းဖြန့်သူကို အမေရိကန် ဒေါ်လာ တသိန်း၂သောင်း ၃ထောင်နဲ့ ညီမျှတဲ့ မလေးရှားရင်းဂျစ် ဒါဏ်ငွေ ၅သိန်း နဲ့ ထောင်ဒါဏ် အများဆုံး ၆-နှစ်ကျခံစေရမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

Read more

မြန်မာနိုင်ငံတွင် Facebook မှ တဆင့် လူမျိုးရေး မုန်းတီးမှုများ ပိုမိုပျံ့နှံ့နေဟု ဇူကာဘက်ဂ်ဝန်ခံ

မြန်မာနိုင်ငံတွင် လူမျိုးရေး မုန်းတီးမှု ပြဿနာများ ပိုမိုကြီးထွားအောင် အရှိန်မြှင့်ပေးသည့် အခန်းကဏ္ဍမျိုး၌ Facebook ပါဝင်နေကြောင်း ကုမ္ပဏီ ထူထောင်သူ မတ်ခ်ဇူကာဘက်ဂ်က ဝန်ခံ ပြောကြားခဲ့သည်။

ဧပြီ ၂ ရက်က Voxနှင့် အင်တာဗျူးခဲ့သည့် အစီအစဉ်တွင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံ၌ အမုန်းစကား ဝါဒဖြန့်မှုများနှင့် ပတ်သက်၍ Facebookကို တွင်ကျယ်စွာ အသုံးချနေမှုများ ရှိနေကြောင်း ဇူကာဘက်ဂ်က မှတ်ချက်ပေးခဲ့သည်။

Read more