ဂရစ်ဇ်မန်းကို ထိန်းချုပ်ရတာက မက်ဆီကို ထိန်းချုပ်ရတာထက်ပိုခက်တယ်

စပို့တင်းလစ္စဘွန်း နည်းပြ ဂျော့ခ်ျဂျီးဆပ်က အက်သလက်တီကို တိုက်စစ်မှူး ဂရေ့ဇ်မန်းကို ထိန်းချုပ်ရခြင်းက မက်ဆီကို ထိန်းချုပ်ရခြင်းထက် ပိုမိုခက်ခဲသည်ဟု ဆိုလိုက်သည်။
စပို့တင်းလစ္စဘွန်းအသင်းမှာ ကြာသပတေးနေ့ညတွင် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်း၏ အိမ်ကွင်း ၀မ်ဒါမက်ထရိုပိုလီတာနိုကွင်းတွင်း ကစားရမည်ဖြစ်သည်။
ထိုပွဲစဉ်တွင် ဂရေ့ဇ်မန်းကို အထူးသတိထား ထိန်းချုပ်ရန် လိုအပ်နေပြီး ပြင်သစ်တိုက်စစ်မှူးကို ထိန်းချုပ်ရခြင်းက မက်ဆီကို ထိန်းချုပ်ရခြင်းထက် ပိုမိုခက်ခဲနေသည်ဟုပြောသွားခဲ့သည်။
၎င်း၏ အယူအဆအရ မက်ဆီက ကစားပုံပြောင်းလဲလေ့မရှိဘဲ ပုံသေလှုပ်ရှားမှုနှင့် ကစားသူ တစ်ယောက် ဖြစ်ခြင်းကြောင့် ခံစစ်ကိုနေရာအပိုင်းအခြာ သတ်မှတ်ကစားခြင်းဖြင့် ထိန်းချုပ်ရန် လွယ်ကူသော်လည်း ဂရေ့ဇ်မန်း က နေရာစုံလှုပ်ရှားကစားနိုင်မှုကြောင့် ထိန်းချုပ်ရအလွန်ခက်ခဲသည်ဟု ပြောကြားသွားခဲ့သည်။
-Ref; Sky sports




