မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရီးသွားပြည်သူများအတွက် နားနေဆောင်ဖွင့်လှစ် ရေသန့်ဘူးများလှူဒါန်း

 

မြောင်းမြ ဧပြီ ၎

မြောင်းမြကြိုးတံတား ပြတ်ကျမှုဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိရာ မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှ ဇက်ရေယာဉ်ဖြင့် ပို့ဆောင်နေစဉ် ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြောင်းမြမြို့နယ်ပါတီရုံးအား ခရီးသည်များနားနေရန် စီစဉ်ထားခြင်းနှင့် ရေသန့်ဘူးများ အခမဲ့ ဖြန့်ဝေပေးခြင်းများကို ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးပြုံးချို၊ မြောင်းမြခရိုင်ကော်မတီဝင် ဦးလှမြင့်ထူး၊ မြောင်းမြမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမော်၊ မြောင်းမြမြို့နယ်ပါတီ လူငယ်တာဝန်ခံ ဦးအောင်နိုင်ဦးတို့က ဦးဆောင်လျက် လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး အရှေပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ပန်ချီပြပွဲ လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် ယဉ်ကျေး သင်္ကြန်ရေပက်ဖြန်းခြင်း နှစ်ဦးအကြိုမင်္ဂလာ ကျင်းပပြုလုပ်

ရန်ကုန် ၊ ဧပြီ ၅

Read more

နေပြည်တော်တွင် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည်

ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

နေပြည်တော်တွင် မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက် သင်္ကြန်များ လည်း ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

Read more

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သံတမန်အဖွဲ့ လာရောက်ရန် မြန်မာသဘောတူ

ဓာတ်ပုံ-UN

 4 April 2018

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့လာရောက်ဖို့  မြန်မာအစိုးရက သဘောတူ ခွင့်ပြုလိုက်တယ်လို့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဂတ်စ်တာဗို မီဇာကွာဒရာက ပြောကြားလိုက်ပါတယ်။

လက်ရှိ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပီရူးနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး မစ္စတာ မီဇာကွာဒရာက ဧပြီ ၂ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းစာ ရှင်းလင်းပြောသွားတာပါ။

Read more

မြေနုကျွန်း ခွဲဝေချထားမှုနဲ့ပတ်သက်ပြီး မော်လမြိုင်တွင် ဆန္ဒပြ

 4 April 2018

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မုတ္တမမြေနုကျွန်း ခွဲဝေချထားမှုနဲ့ပတ်သက်ပြီး မော်လမြိုင်မြို့မှာ  ဧပြီ ၃ ရက် နေ့လယ်ပိုင်းက ပြည်သူလူထု ၈၀ လောက်က မြို့ထဲလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Read more

မြန်မာအရပ်ဘက်အဖွဲ့များကို အီးယူက ရန်ပုံငွေထောက်ပံမည့် အစီအစဉ်ဆွေးနွေး

 4 April 2018

မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဥရောပသမဂ္ဂအကြား ရှေ့ဆက် လက်တွဲလုပ်ဆောင်မယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဧပြီ ၄ ရက်နေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ EU နဲ့ အရပ်ဖက်အဖွဲ့တွေ ဆွေးနွေး နေကြပါတယ်။

ဥရောပသမဂ္ဂနဲ့ အရပ်ဖက်အဖွဲ့တွေကြားမှာ ရန်ပုံငွေထောက်ပံမယ့်အစီအစဉ်ကို အသစ် ပြန်လည်ရေးဆွဲထားပြီး မြို့ပြကျေးလက် အရပ်ဖက်အဖွဲ့အစည်းမခွဲခြားပဲ တိုးတက်ကောင်းမွန်တဲ့ နည်းဗျုဟာအသစ်ကို ရေးဆွဲထားတယ် လို့ အရက်ဘက်အဖွဲ့ကိုယ်စား အကြမ်းမျဉ်းရေးဆွဲခဲ့တဲ့ ဦးသူရထွန်းက ပြောပါတယ်။

Read more

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၇ ခုနှစ် ပါဠိပထမပြန်စာအောင် သံဃာတော်များနှင့် သီလရှင်ဆရာလေးများ အား ဝတ္ထုငွေများဆက်ကပ်လှူဒါန်း

ငါန်းဇွန် ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့နံနက် ၈ နာရီခွဲက ၂ဝ၁၇ ခုနှစ် ပါဠိပထမပြန် စာအောင် သံဃာတော်များနှင့် သီလရှင်ဆရာလေးများ မြို့တွင်းသို့ အပူဇော်ခံလှည့်လည်ကြွေရာက်တော်မူရာ ငါန်းဇွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့၌ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များက အလှူဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေဘို ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၉နာရီက ခရိုင်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းဝင်းထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် ခရိုင်ကော်မတီဝင်များ၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းမြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ လူငယ်ရေးရာတာဝန်ခံများ တက်ရောက်ကြ ကြောင်း သိရသည်။

Read more

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

ညောင်ရွှေ ဧပြီ ၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံးတွင် ကျင်းပရာ ပါတီဗဟိုကော်မတီဝင် ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဇော်ဇော်၊ ပြည်နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးအုန်းဖေ၊ ဦးစိန်လေးမောင်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ညောင်ရွှေမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစံရွှေက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။

Read more

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၃/၂၀၁၈ လပါတ်ပုံမှန်အစည်းအဝေး ကျင်းပ

၂၀၁၈ ခုနှစ် ဧပြီလ (၁) ရက်နေ့  (၁၀း၀၀) နာရီအချိန် အမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ၃/၂၀၁၈ လပါတ်ပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင်  ပြည်နယ်ကော်မတီဝင် ဦးခင်သောင်း၊ ပြည်နယ်အရံကော်မတီဝင် ဦးတင်အောင်၊ ခရိုင်ကော်မတီဝင် ဦးသောင်းငြိမ်း၊  မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်နိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် ရုံးဝန်ထမ်း များ တက်ရောက်ခဲ့ကြသည်။

Read more