ပန်းချီပညာရှင်များကြောင့် ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှုကိုရရှိလာသည့် အိန္ဒိယမှဘူတာရုံလေး

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟိမ၀န္တာတောင်တန်းကြီး၏တောင်ခြေရှိ တောင်ကြားဘူတာရုံလေးသည် အမေ့ခံ ဘူတာရုံလေးအဖြစ်သို့   ရောက်ရှိတော့မည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပန်းချီပညာရှင်များ၏ ကျွမ်းကျင်လှပစွာ ဖန်တီးထားသော အနုပညာလက်ရာများကြောင့် လူအများ၏ စိတ်ဝင်စားမှုကို ပြန်လည် ရရှိလာခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဘီဟာပြည်နယ်အတွင်းမှ မက်ဒ်ဟူဘာနီရထားဘူတာရုံလေးကို ပြန်လည်အလှဆင်ခြင်းဖြင့် ဒေသခံပန်းချီပညာရှင် ၂၃၀ ခန့်သည် ၄င်းတို့၏ပါရမီများကို လွတ်လွတ် လပ်လပ်ချပြနိုင်ခဲ့ပြီး တစ်မူထူးသော ဂျီသြမေတြီပုံစံလက်ရာများနှင့် လှပသောအနုပညာဖန်တီးချက်များကြောင့် ကမ္ဘာလှည့်ခရီးသွားများ၏ အာရုံ ကိုပါ ဖမ်းစားထားနိုင်ခဲ့သည်။

Read more

အမေရိကန်၏ ဒဏ်ခတ်မှု ရုရှား သြဇာရှိပုဂ္ဂိုလ် ၂၄ ဦး ထိခိုက်

အမေရိကန် အစိုးရက ဧပြီ ၆ ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဒဏ်ခတ်မှု အသစ်ရဲ့ ဒဏ်ကို ရုရှား သြဇာရှိပုဂ္ဂိုလ် ၂၄ ဦး ထိခိုက်ခဲ့ပါတယ်။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုစွဲချက် အပါအဝင် လုပ်ဆောင်ချက်တွေအတွက် ရုရှားကို အပြစ်ပေးဖို့ အမေရိကန်ရဲ့ ရန်လိုတဲ့လုပ်ရပ်အဖြစ် မီဒီယာတွေမှာ ဖော်ပြပါတယ်။

Read more

သူပုန်နယ်မြေကို အဆိပ်ဓာတ်ငွေ့နှင့် တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအစိုးရ စွပ်စွဲခံနေရ

ဘေရွတ်၊ လက်ဘနွန်၊ ဧပြီ ၉

ဆီးရီးယားနိုင်ငံအတွင်းရှိ သူပုန်များထိန်းချုပ်ရာ ဂူတာအရှေ့ပိုင်းနယ်မြေကို အစိုးရတပ်များက တနင်္ဂနွေနေ့ တွင် လေကြောင်းထိုးစစ်များဆင်နွှဲခဲ့ကြောင်း   စောင့်ကြည့်လေ့လာသူများက ပြောဆိုခဲ့သလို စနေ၊တနင်္ဂနွေ နှစ်ရက် အတွင်း အစိုးရ၏ နယ်မြေစီးနင်းတိုက်ခိုက်မှုများကြောင့် လူ ၈၀ ကျော်သေဆုံးခဲ့ရပြီး ဓာတုအဆိပ် ဓာတ်ငွေ့များ ကို အသုံးပြု၍တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်တို့ဘက်မှ စွပ်စွဲကာ ဝေဖန်ရှုံ့ချခဲ့သည်။

Read more

မြောက်ကိုရီးယားမှာ နိုင်ငံခြားသားတွေပါတဲ့ မာရသွန်ပြိုင်ပွဲကျင်းပ

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ နိုင်ငံခြားသား ၄၀၀ ကျော်ပါဝင်တဲ့ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။

မြောင်ကိုရီးယား မာရသွန်အပြေးပြိုင်ပွဲဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးခေါင်းဆောင် ကင်အီဆွန်းကို အောက်မေ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပနေတာပါ။ အဲဒီ ပွဲကျင်းပချိန်မှာ မြောက်ကိုရီးယားကို လာရောက်သူ ခရီးသွားတွေ များပြားလေ့ရှိပါတယ်။

Read more

ရခိုင်ပြည်နယ် လွှတ်တော်တွင် ဥပဒေ (မူကြမ်း) နှစ်ခု အစီရင်ခံစာကို ဆွေးနွေး

ဒုတိယအကြိမ်၊ ရခိုင်ပြည်နယ်လွှတ်တော် (၁၁) ရက်မြောက်နေ့မှာ ပြည်နယ်အစိုးရကတင်သွင်းခဲ့တဲ့ ဥပဒေ (မူကြမ်း) နှစ်ခုဖြစ်တဲ့ (၂၀၁၈) ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ ရခိုင်ပြည်နယ် ဒေသန္တရ စီမံကိန်း ဥပဒေ (မူကြမ်း) နဲ့ ရခိုင်ပြည်နယ်ရဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ (မူကြမ်း) နှစ်ခု အပေါ်တင်သွင်းတဲ့ အစီရင်ခံစာကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်၊ လွှတ်တော် (၁၁) ရက်မြောက်ကို ဧပြီလ (၅) ရက်က ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read more

အနုပညာနှင့် ငြိမ်းချမ်းရေး အပြန်အလှန် အထောက်အပံ့ဖြစ်စေမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

6 April 2018

အနုပညာဟာ တိုင်းပြည်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို ကူညီထောက်ပံ့သလို ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်ကလည်း အနုပညာသည်တွေရဲ့ ပညာအတွက် အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောပါတယ်။ ဧပြီ ၅ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းက လှူဒါန်းတဲ့  အလှူငွေ ပေးအပ်ပွဲ အခမ်းအနားမှာ ပြောသွားတာပါ။

Read more

ကုလလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအဆင့်အကြီးအကဲ ရခိုင်ပြည်နယ်သို့သွားရောက်

မစ္စအာရ်ဆူလာမူလာ ဧပြီ ၄ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ − အေအက်ဖ်ပီ) 

 Friday, April 6, 2018

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာ လစဉ်ပုံမှန်အစည်းအဝေး အား ယနေ့နေ့လည် ၁ နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြသည်။

ရှေ့ဦးစွာ အလုပ်သမားရေးရာတာဝန်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ လုပ်ငန်းလမ်းညွှန် အမှားစကား ပြောကြားခဲ့သည်။ဆက်လက်၍ ခရိုင်လေးခရိုင်မှ ရေးရာတာဝန်ခံများက မိမိတို့ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြခဲ့ကြသည်

Read more

မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

မန္တလေး ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အစည်းအဝေးခန်းမ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

Read more

လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံပွဲနှင့် ပါတီဝတ်စုံ ပေးအပ်ပွဲကျင်းပ


ရန်ကုန် ဧပြီ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်း၊ ခရိုင်၊ မြို့နယ်နှင့် လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ ပါတီဝင်များတွေ့ဆုံပွဲနှင့် ပါတီဝတ်စုံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက ဖောင်ကြီးအရှေ့ ကျေးရွာရှိ မဟူရာတောရကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

Read more