သင်္ဃန်းကျွန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယဉ်ကျေးလိမ္မာသင်တန်းသားများအား အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး(အရှေ့ ပိုင်းခရိုင်) သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီသည် ကြီးပွားရေးရပ် ကွက် ရတနာသိဒ္ဓိ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၈ နာရီခွဲက ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းတက်ရောက်နေသော ကျောင်းသားကျောင်းသူလေးများ အားမုန့်နှင့်အချိုရည်များ လှူဒါန်း ခဲ့ကြသည်။ အဆိုပါသင်တန်းကို ကြီးပွားရေးရပ်ကွက် အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတ အသင်းက ကြီးမှူးကျင်းပခြင်းဖြစ် ပြီး ယခုလ၂ရက် မှ၉ရက်ထိနေ့စဉ် နံနက်၈နာရီမှ မွန်းတည့်၁၂နာရီထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်း သား၁ဝဝ၊ကျောင်းသူ၁ဝဝ ကျော် စုစုပေါင်း ၂ဝဝကျော်တက်ရောက် သင်ကြားခဲ့ကြသည်။

Read more

မြို့နယ်အတွင်းရှိ ဆရာတော်ကြီးများအား ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြို့နယ်အတွင်း သာသနာ့ တာဝန်ထမ်းဆောင်လျက်ရှိသော ဗဟိုဝန်ဆောင်၊ တိုင်းဝန်ဆောင်၊ မြို့နယ် သြဝါဒါစရိယ၊ မြို့နယ်သံဃမဟာနာယက သုဓမ္မာ/ ရွေှ့ကျင်၊ မြို့နယ်ဝိနည်းဓိုရ်နှင့် ရပ်ကွက်ဥက္ကဋ္ဌဆရာတော်များအား ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဧပြီ ၇ရက်မွန်းလွဲ ၁နာရီ တွင် ၈လမ်း ပုသိမ်ညွန့်ရပ်ကွက် ဓမ္မဇေယျာစာသင်တိုက်မုခ်ဦး ဓမ္မာရုံ၌ ကျင်းပခဲ့ပြီး ဆွမ်းဆန်စိမ်းအလှူ ခဲ့ကြောင်း သိရသည်။

Read more

မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီ လူငယ်များနှင့် ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်များတွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ တွင် လေ့လာရေးခရီးအဖြစ် လာ ရောက်ခဲ့သော ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်များသည် ယနေ့ နံနက် ၉ နာရီမှ ၁ဝ နာရီ အထိ မန္တလေးခရိုင်လူငယ်များနှင့် တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ကိုဆွေးနွေးခဲ့ကြသည်။

Read more

အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှစ်ဦးဆွမ်းအလှူပွဲကျင်းပ

 

ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ မြန်မာနှစ်ဦးအလှူတော်နှင့် ကွယ်လွန်သူများအားရည်စူး၍ နေ့ဆွမ်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုလှူဒါန်းပွဲကို ယနေ့နံနက် ၁ဝနာရီခွဲက ကျင်းပရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော် သူရနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ကြသည်။

အစီအစဉ်အရ သံဃာတော် အရှင်သူမြတ်ငါးပါးတို့အားနေ့ဆွမ်း နှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းပြီး ရေစက်သွန်းချတရားတော် များနာကြားသည်။ ထို့နောက်ဖိတ်ကြားထားသည့် ဧည့်သည်တော် များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

Read more

ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးခေါင်းဆောင်မှုနှင့်စွမ်းရည်မြှင့်တင်ရေးစကားဝိုင်းဆွေးနွေးပွဲသို့ ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းတက်ရောက်

 

ကျုံပျော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးရေးရာဆောင်ရွက်မှုအဖြစ် ယမန်နေ့ နေ့လယ်တွင် ရေစခန်း တိုက်နယ် အိုင်မကျေးရွာအုပ်စု ၌ အမျိုးသမီးခေါင်းဆောင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးစကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဧရာဝတီ တိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီး တာဝန်ခံ ဒေါ်သက်သက်လွင်၊ သာပေါင်းမြို့နယ်မှအတွင်းရေးမှူး (ဥပဒေပညာရှင်)နှင့် အမျိုးသမီး တာဝန်ခံတို့ကဆွေးနွေးခဲ့ကြသည်။

Read more

ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်လေ့လာရေးအဖွဲ့ နေပြည်တော်သို့ လာရောက်လေ့လာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်လေ့လာရေးအဖွဲ့ဝင် ၆၅ ဦးသည် ယခုလ ၅ ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိကြပြီး ညနေပိုင်းတွင် စစ်သမိုင်းပြတိုက်၊ ဆာဖာရီဥယျာဉ်နှင့် အခြားထင်ရှားကျော်စောသည့်နေရာများအား ကြည့်ရှုလေ့လာခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်အား ဖူးမြော် ကြည်ညိုခဲ့ကြသည်။

လူငယ်လေ့လာရေးအဖွဲ့သည် ယခုလ ၆ရက် နံနက် ၈ နာရီက ပါတီသင်တန်းကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးကျော်ကျော်ဌေးအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြရာ ဗဟိုကော်မတီ အတွင်းရေးမှူး၏ မိတ်ဆက်သြဝါဒစကားခံယူခဲ့ကြသည်။

Read more

ဝက်စ်ဟမ်းနှင့် သရေကျခဲ့သော ပွဲအပြီးတွင် ကစားသမားများကို ကွန်တီ စိတ်ပျက်နေ

ဝက်စ်ဟမ်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ ကွန်တီက အခွင့်အရေးတွေ အသုံးချနိုင်ဖို့ ကစားသမားတွေအား ပြောဆိုရတာကို ငြီးငွေ့လာပြီလို့ ပြောကြားခဲ့ပါတယ်။

အခွင့်အရေးတွေ ဖြုန်းတီးခဲ့တာကလည်း ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ထိခိုက်ဖွယ် ရှိတယ်လို့လည်း ကွန်တီက ဆိုပါတယ်။

ချဲလ်ဆီးဟာ ၂၀၁၈မှာ ပရီးမီးယားလိဂ်(၃)ပွဲသာ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့ပွဲ(၂၀)မှာလည်း (၇)ပွဲ အနိုင်ရရှိခဲ့ပါတယ်။

Read more

မော်ရိုကို သဲကန္တာရထဲမှာ ကျင်းပတဲ့ ကမ္ဘာ့ အကြမ်းတမ်းဆုံး၊ အခက်ခဲဆုံးသော မာရသွန်ပြေးပွဲ

မော်ရိုကိုနိုင်ငံတောင်ပိုင်း သဲကန္တာရတစ်ခုမှာတော့ ပုံမှန် ကျင်းပနေကျဖြစ်တဲ့ မာရသွန်ပြေးပွဲတစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်မှာ အကြိမ် ၃၃ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ အဆိုပါ မာရသွန်ပြိုင်ပွဲကတော့ ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး၊ အခက်ခဲဆုံးသော ပြေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ပြိုင်ပွဲဝင်တွေဟာ ပြိုင်ပွဲယှဉ်ပြိုင်ချိန်မှာ ပူပြင်းလွန်းလှတဲ့ နေအပူဒဏ်အောက်မှာ အံတုရင်းနဲ့ ကီလိုမီတာ ၂၅၀ ကျော် အကွာအဝေးကို ယှဉ်ပြိုင်ပြေးလွှားကြရတာဖြစ်ပါတယ်။

Read more

ဘိုင်ယန်မြူးနစ် ခြောက်ကြိမ်ဆက်တိုက် ဖလားဆွတ်ခူး

ယမန်နေ့က ကစားခဲ့သော ဥရောပပြိုင်ပွဲများတွင် ဘိုင်ယန်မြူးနစ်က ခြောက်ကြိမ်ဆက်တိုက် ဘွန်ဒက်စ်လီဂါ သရဖူကို စံချိန်တင် ဆွတ်ခူးခဲ့ပြီး ဂျူဗင်တပ်ကလည်း စီးရီးအေထိပ်ဆုံး၌ ခုနစ်မှတ်ဖြတ် ဦးဆောင်နေသည်။ လီဗာပူးက မာဆေးဆိုက်ဒါဘီပွဲတွင် သရေကျခဲ့ကာ စပါးက စတုတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့သည်။

Read more

စိုးလင်းဦးနှင့် ထိုင်းလက်ဝှေ့သမားဝီဂျစ်ပွဲတွင် အနိုင်၊ အရှုံး မပေါ်

စိုးလင်းဦးနှင့် ထိုင်းလက်ဝှေ့သမားဝီဂျစ် ယှဉ်ပြိုင်ထိုးသတ်နေစဉ်

 

ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအထူးပွဲတွင် စိုးလင်းဦး နှင့်ထိုင်းလက်ဝှေ့ကျော် ၀ီဂျစ်တို့ အကြိတ်အနယ်ထိုးသတ်ပြီး ပူးတွဲ သရေကျခဲ့သည်။

Read more