စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

၆-၄-၂၀၁၈ ၊ ကသာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာတွေ့ဆုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ကသာမြို့ စေတနာခန်းမ၌ ဒီကနေ့မနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်းဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအတွင်းရေးမှူးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင် လူငယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟို အလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ တိုင်းပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ လူငယ်နှင့် အမျိုးသမီးရေးရာအဖွဲ့များ စုစုပေါင်း အင်အား (၁၀၀၀) ကျော် တတ်ရောက်ခဲ့ကြပါသည်။

Read more

မြန်မာဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနား တက်ရောက်ခွင့်ရ

မြန်မာဘောလုံးအကယ်ဒမီမှ မင်းခန့်သူဟာ ရုရှနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလားဖွင့်ပွဲကို တက်ရောက်ခွင့် ရထားပါတယ်။ သူဟာ Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲကိုလည်း ဝင်ရောက်ဆင်နွှဲဦးမှာပါ။

Football for Friendship ပြိုင်ပွဲဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၊ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) တို့နဲ့ မိတ်ဖက်အဖွဲ့အစည်း ဖြစ်တဲ့ Gazprom ကဦးစီးပြီး ကျင်းပတာဖြစ်ပါတယ်။

Read more

လီဗာပူးအသင်းကို ယူအီးအက်ဖ်အေစွဲချက်တင်

ဥရောပဘောလုံးအဖွဲ့ချုပ်ယူအီးအက်ဖ်အေက မန်စီးတီးအသင်း၏ ဘတ်စ်ကား တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး လီဗာပူးအသင်းကို စွဲချက်တင်လိုက်သည်။

လီဗာပူးပရိသတ်များမှာ မန်စီးတီးနှင့် ပွဲမတိုင်မီတွင် မန်စီးတီးအသင်းစီးနင်းလာသည့် ဘတ်စ်ကားကို အရာဝတ္ထုများ၊ ပုလင်းများနှင့် ပစ်ပေါက်သွားခဲ့ကြပြီး မီးပမ်းများနှင့်ပစ်ဖောက်ကာ လူအုပ်ကြီးဖြင့် ဘတ်စ်ကားကို ၀ိုင်းအုံတိုက်ခိုက် သွားခဲ့ကြသည်။

Read more

ခြေနှစ်ဖက်စလုံး မရှိတော့သော်လည်း ဧ၀ရတ်တောင် ပြန်တက်မည့် တရုတ်တောင်တက်သမား

တရုတ်နိုင်ငံက တောင်တက်သမားတစ်ဦးဖြစ်တဲ့ ရှားဘိုယွီကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးစုလောက်တုန်းက ဧ၀ရတ်တောင် တက်ရင်းနဲ့ နှင်းကိုက်နာဖိစီးပြီး သူ့ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ပစ်ခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့် ခုတစ်ကြိမ်မှာတော့ သူဟာ ဧ၀ရတ်တောင်ထိပ်ကို ရောက်အောက် နောက်တစ်ကြိမ် ပြန်ကြိုးစားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Read more

တူရကီ နိုင်ငံ ရှိ တက္ကသိုလ် တစ်ခု တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး သေဆုံး

အန်ကာရာ ၊ ဧပြီ ၆ ရက်

တူရကီ နိုင်ငံ အနောက်ပိုင်း Eskişehir မြို့ ရှိ တက္ကသိုလ် တစ်ခု ၌ ဧပြီလ ၅ ရက်နေ့တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး သေဆုံး ခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Read more

ဆီယာလီယွန်တွင် စစ်အာဏာရှင် ခေါင်းဆောင်ဟောင်းတစ်ဦး ရွေးကောက်ခံ သမ္မတဖြစ်လာ

ဆီယာလီယွန် နိုင်ငံတွင် စစ်အာဏာရှင်ဟောင်းတစ်ဦး ရွေးကောက်ခံ သမ္မတ ဖြစ်လာကြောင်း သိရှိရသည်။
ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဂျူလီယက်စ် မာဒါး ဘီယိုသည် အကြိတ်အနယ် ရှိခဲ့သည့် ရွေးကောက်ပွဲ အပြီးတွင် အနိုင်ရခဲ့ခြင်းဟု ရွေးကောက်ပွဲ မဲရေတွက်မှု ကော်မရှင်က အတည်ပြုခဲ့သည်။

Read more

ရှားပါး တောဆိတ်တစ်မျိုးကို အမဲလိုက်သတ်ဖြတ်ခဲ့မှုဖြင့် ဘောလိဝုဒ် နာမည်ကျော်မင်းသား ဆယ်လ်မန်ခန်း ထောင်ဒဏ်ချမှတ်ခံရ

လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကာလက ရှားပါးတောဆိတ် မျိုးစိတ်တစ်မျိုးကို အမဲလိုက်သတ်ဖြတ်ခဲ့မှုဖြင့် ဘောလိဝုဒ် နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းမှာ အပြစ်ရှိကြောင်း အိန္ဒိယတရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

ခန်းဟာ အိန္ဒိယအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ ရုပ်ရှင်ရိုက်ကူးနေခဲ့စဉ်က ကာကွယ်စောင့်ရှောက်ထားတဲ့ မျိုးစိတ်တစ်ခုဖြစ်သော အနက်ရောင်တောဆိတ်နှစ်ကောင်ကို အမဲလိုက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Read more

ကိုယ်ရေးအချက်အလက် လုံခြုံမှုချိုးဖောက်ခံရပါက Facebook ကို ပိတ်သိမ်းသွားမည်ဟု အင်ဒိုနီးရှား သတိပေး

နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းသိမ်းဆည်းထားတဲ့ သက်သေတွေ့ရှိပါက Facebook ကို နိုင်ငံအတွင်း ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနဲ့ အချက်အလက်ဝန်ကြီး Rudiantara က ပြောကြားလိုက်ပါတယ်။Bloomberg နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ မစ္စတာ Rudiantara က “ပိတ်သိမ်းရမယ့်အကြောင်း ရှိလာခဲ့မယ်ဆိုရင် ပိတ်သိမ်းသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် Telegram messaging app ကိုလည်း အင်ဒိုနီးရှားမှာ တားမြစ်ပိတ်ပင်ထားကြောင်း ဝန်ကြီးက ဝန်ခံခဲ့ပါတယ်။ “ကျွန်တော်လုပ်ခဲ့တာပါ။ အဲ့ဒီလိုထပ်လုပ်ဖို့အတွက်လည်း ဝန်လေး နေမှာမဟုတ်ပါဘူး”လို့ သူကပြောပါတယ်။ အရင်ကလည်း အင်ဒိုနီးရှားအစိုးရဟာ အကြောင်းအရာ အချက် အလက်တွေကို စောင့်ကြည့်ဖို့အတွက် Twitter နဲ့ Google အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေ အနေနဲ့ လက်တွဲဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိထားပါတယ်။

Read more

ဆင်းမ်ကတ်အဟောင်း လဲလှယ်ခြင်းအတွက် အပိုဒေတာလက်ဆောင် ရရှိရန်ပြုလုပ်

MPT ဆင်းမ်ကတ်ဟောင်းတွေကို 4G ဆင်းမ်ကတ်နဲ့ လဲလှယ်ပြီး ဖုန်းဘီလ်ဖြည့်ရင်ဒေတာ လက်ဆောင် ပေးမယ်လို့သိ ရပါတယ်။

USIM ကတ်အသစ် လဲလှယ်သူတွေအနေနဲ့ ၇ ရက်အတွင်းငွေဖြည့်ရင် ၁,၀၀၀ ကျပ်အတွက် 100MB, ၃,၀၀၀ ကျပ်အတွက် 300MB, ၅,၀၀၀ ကျပ်အတွက် 500MB နဲ့ ၁၀,၀၀၀ ကျပ်အတွက် 1,000MB တို့ကို အပိုဒေတာ လက်ဆောင်အဖြစ် ပေးမှာဖြစ်ကြောင်း သိရပါတယ်။

Read more

ဆား များများစားရင် သွေးဖိအား မြင့်တက်လာနိုင်

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ဆန် ဂျုံ စတာတွေ စားသုံးပေမဲ့၊ ဆားများများစားရင်တော့ သွေးဖိအား မြင့်တက်လာမှာဖြစ်တယ်လို့ လေ့လာချက် အသစ်တရပ်က ဖေါ်ပြပါတယ်။ သက်လတ်ပိုင်းအရွယ် လူ ၄၆၈၀ ကို လေ့လာချက်အရ အဆီအဆိမ့်နဲ့ အသားတွေ လျော့စားပြီး အသီးအနှံတွေ ပိုမိုစားသုံးပေမဲ့၊ ဆိုဒီယမ် ပမာဏ ပါဝင်မှုများတဲ့ အစာတွေကြောင့် သွေးဖိအား မြင့်တက်စေတယ်လို့ သိရပါတယ်။

Read more