မက်ဒရစ်အိုးပင်းတွင် အနိုင်ရခြင်းက ယုံကြည်မှုမြင့်တက်စေကြောင်း ဂျိုကိုဗစ် ပြောကြား

မက်ဒရစ်အိုးပင်း ပထမအဆင့်တွင် ဂျပန်တင်းနစ် ကစားသမား နီရှီကိုရီကို အနိုင် ရခဲ့ခြင်းက လက်ရည်ဆက်တိုက် ဆိုးရွားပြီးနောက် ယုံကြည်မှု ပြန် လည်ရရေး လုံးဝလိုအပ်နေသည့် အရာဖြစ်ကြောင်း ဆားဘီးယား တင်းနစ် အကျော်အမော် ဂျိုကိုဗစ် က ပြောသည်။

ကမ္ဘာ့အဆင့် (၁) တင်းနစ် ကစားသမားဟောင်း ဂျိုကိုဗစ် (၃၀)နှစ်သည် ဇန်နဝါရီက တံတောင်ခွဲစိတ်မှု ခံယူရပြီး နောက် ပြိုင်ပွဲငါးရပ်တွင် ကွာ တားဖိုင်နယ်အဆင့်သို့ပင် တက် ရောက်နိုင်ခြင်းမရှိခဲ့ပေ။

Read more

လက်နက်ကိုင်ငါးဖွဲ့ NCA တွင် ပါဝင်လာရေး အလွတ်သဘောနှင့် တရားဝင်ဆွေးနွေးပွဲများပြုလုပ်ကြိုးပမ်းနေဟု နိုင်ငံတော်အတိုင်ပင်ခံရုံးထုတ်ပြန်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့ပါဝင်လက်မှတ်ရေးထိုးရေး အလွတ်သဘောနှင့် တရားဝင်ဆွေးနွေးပွဲ များပြုလုပ်၍ ကြိုးပမ်းနေကြောင်း အစိုးရသစ် ၂ နှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ ထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။

Read more

မာတီရော့စ်ယန်ကို ဒုတိယ အချီတွင် အလဲထိုးပြီး ဂိုလော့ဗ်ကင် ချန်ပီယံ ကာကွယ်

ကယ်လီဖိုးနီးယားရှိ စတက်ဖ်ဟက်စင်တာ၌ ယမန်နေ့က ယှဉ်ပြိုင်ခဲ့သော လက်ဝှေ့ပြိုင်ပွဲတွင် ကာဇက်စတန် နိုင်ငံသား ဂိုလော့ဗ်ကင်သည် ပြိုင်ဘက်မာတီရော့စ်ယန်ကို ဒုတိယအချီ တစ်မိနစ်နှင့် ၅၃ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရရှိကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို အကြိမ်(၂ဝ) မြောက်အဖြစ် ကာကွယ်နိုင်ခဲ့သည်။

ထိုပွဲမှာ ယခင်က ကာနာလက်စ်နှင့် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကာနာလက်စ်မှာ တားမြစ်ဆေး သုံးစွဲသဖြင့် ယှဉ်ပြိုင်ခွင့် မရခြင်းကြောင့် မာတီရော့စ်ယန်နှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

Read more

ခြေစမ်းပွဲများ ယှဉ်ပြိုင်မည့် လိဒ်ယူနိုက်တက်အသင်း ရောက်ရှိ

Photo- MFF

 

မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်း၊ မြန်မာ့လက်ရွေးစင်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ မနေ့ညနေ ၅ နာရီခွဲလောက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။

AYA Bank Tour 2018 အဖြစ် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် အသင်းက ခြေစမ်းပွဲတွေ လာရောက်ကစားတာလည်း ဖြစ်ပါတယ်။

Read more

ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့၏ သုံးပွင့်ဆိုင်ထိပ်သီးစည်းဝေးပွဲ၌ ပြုံယမ်းအရေးဆွေးနွေး

တိုကျို၊ ဂျပန်၊ မေ ၉ 

အရှေ့အာရှ၏ ထိပ်သီးအင်အားကြီးနိုင်ငံများဖြစ်ကြသော ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ဗုဒ္ဓဟူးနေ့တွင် တိုကျိုမြို့၌ သုံးပွင့်ဆိုင်ထိပ်သီးစည်းဝေးပွဲကျင်းပကာ မြောက်ကိုရီးယား အရေးနှင့် ပက်သက်၍ အခြေခံသဘောတူညီမှုများ ရှာဖွေဖို့အတွက် ဆွေးနွေးခဲ့ကြသည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်ခေါင်းဆောင်များသည် မြောက်ကိုရီးယားဘက်မှ လှစ်ဟပြလာသည့် မတူကွဲပြားမှုများကို အဓိကအာရုံစိုက်ပြီး ကင်ဂျုံအမ်းနှင့် မွန်းဂျေးအင်တို့၏ ပြီးခဲ့သော အပတ်က သမိုင်းဝင် တွေ့ဆုံပွဲအပြီးတွင် ဘုံသဘောတူညီမှုများရရှိလာရန် ကြိုးပမ်းနေကြသည်။

Read more

အီရန် နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်

အီရန် နျူကလီးယားထိန်းချုပ်ရေးအတွက် ၂၀၁၅ ခုနှစ်က ချုပ်ဆိုရရှိထားသည့် သဘောတူညီချက်ထဲကနေ အမေရိကန် နုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က   ကြေညာလိုက်သည်။ တစ်ဆက်တည်းမှာပင် အီရန်အပေါ် ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ပြန်လည် ချမှတ်သွားမည်ဟု ထရမ့်က မေလ ၈ ရက်တွင် ပြောဆိုသွားသည်။

Read more

နိုင်ငံ၏ ခေတ်အမီဆုံး စစ်လက်နက်များကို အမျိုးသား အောင်ပွဲနေ့ ချီတက်ပွဲတွင် ရုရှား ထုတ်ပြဖွယ်ရှိနေ

ရုရှား၏ အမျိုးသား အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံ၏ ခေတ်အမီဆုံး စစ်လက်နက် အသစ်များကို ခင်းကျင်း ပြသဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

Read more

ထရမ့်နှင့် ထိပ်သီးအစည်းအဝေးမတိုင်မီ ရှီကျင့်ဖျင်နှင့် ကင်ဂျုံးအွန်တို့ တွေ့ဆုံ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း တို့ ဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၈

မြောက်ကိုရီးယားခေါင်းဆောင်၏ မကြေညာသောခရီးစဉ်အဖြစ် တရုတ်အရှေ့မြောက်ပိုင်းတို့ ရောက်ရှိကာ သမ္မတ ရှိကျင့်ဖျင် နှင့် မေ ၈ ရက်တွင် တွေ့ဆုံသည်။

ပြင်ဆင်လျက်ရှိသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံးအွန်တို့၏ ထိပ်သီးအစည်းအဝေးမတိုင်မီ ရှီကျင့်ဖျင်နှင့် ကင်ဂျုံးအွန်တို့ တွေ့ဆုံမှုလည်း ဖြစ်သည်။

Read more

ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သွပ်အချပ်(၈၀) လှူဒါန်း

 

လေပြင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်ဆီးသွားသော ပွင့်​ဖြူမြို့နယ်​၊ ဆင်​လူး​ကျေးရွာအ​ခြေခံပညာအလယ်​တန်း​ကျောင်းဆောင် ပြန်လည်ပြုပြင်နိုင်ရေး အတွက် ပြည်​ခိုင်​ဖြိုးပါတီမှ ​အမိုးသွပ်အချပ်(၈၀)​ပေးအပ်​လှူဒါန်းခဲ့သည်။

USDP, Magway Region


Read more

ယဉ်​​ကျေးလိမ္မာသင်​တန်း တတ်​​ရောက်​​သင်​ကြား​နေ​သော ကလေးများအား အာဟာရအ​နေဖြင့်​ဒါနပြုခြင်း

 

ကရင်​ပြည်​နယ်​ ကြာအင်းဆိပ်​ကြီးမြို့နယ်​ ဘုရားသုံးဆူမြို့ အထက်​တန်း​ကျောင်း၌ သာသနာ့ဝံသပါလအသင်းကြီးမှ ဦး​ဆောင်​ဖွင့်​လှစ်​​သော (၆) ကြိမ်​​မြောက်​ ယဉ်​​ကျေးလိမ္မာသင်​တန်းအား တတ်​​ရောက်​သင်​ကြား​နေ​သော က​လေးငယ်​များအား ဘုရားသုံးဆူမြို့ပြည်​ခိုင်ဖြိုးပါတီမိသားစုများမှ စု​ပေါင်း၍ အာဟာရ
အ​နေဖြင့်​.နို့ဗူးနှင့်​မုန့်​များအား သွား​ရောက်​ဒါနပြုခဲ့​ကြပါသည်​။

‎Yekya Thu


Read more