ကယားပြည်ခိုင်ဖြိုးပါတီမှ ပါတီလုပ်ငန်းစဉ်များအား အပြန်အလှန်တွေ့ဆုံဆွေးနွေး

 

(၈-၅-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ နေ့လည် (၁၂း၀၀)နာရီ အချိန်အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်း တွင် ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းဦးဆောင်သော ပြည်နယ်ပါတီအဖွဲ့နှင့် ကရင်နီပြည် အမျိုးသမီးများကွန်ယက်(KSWN) အဖွဲ့တို့ တွေ့ဆုံကာ ပါတီတွင်းလုပ်ဆောင်နေသော လုပ်ငန်းစဉ်များ အပြန်အလှန်မျှဝေ ဖလှယ်ကာ တွေ့ဆုံမှုတစ်ခု ရင်းနှီးပွင့်လင်းစွာ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။

Read more

ရေတာရှည်ပြည်ခိုင်ဖြိုးပါတီမှ လပတ်အစည်းအဝေးပြုလုပ်

 

(8-5-2018) ရက်နေ့ နံနက်တွင် ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းကော်မတီ ဒေါ်သိမ့်သိမ့်အောင်က ပါတီစည်းရုံးရေးလုပ်ငန်းများ ဆွေးနွေးညှိနှိုင်း ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက တိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ ရှင်းလင်းခြင်း နှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ စည်းရုံးရေးမှူးများအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ပြုလုပ်ရေး တို့အတွက် အတွင်းရေးမှူး ဦးစိုးသီဟ ၊ ဘဏ္ဍာရေးမှူး ဦးမြင့်ဌေးနှင့် ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ဘဏ္ဍာရေးမှူး ဦးမြင့်ဌေး+ဒေါ်ခင်လေးဖြူ မိသားစုတို့က ရွှေကသစ် ရေခဲမုန့်ဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။

Read more

အဂ်ပူမြို့နယ် အင်ပင်လှကျေးရွာအနီး နတ်တောင်၌ တည်ထားသော ဘုရားလေးဆူပွင့်တော်မူစေတီတော်ထီးတော်တင် အခမ်းအနား

Read more

ကြက်ခြေနီအသင်းခွဲအတွက်ငွေလှူဒါန်း

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်း ထွန်းအောင်က မြို့နယ်ကြက်ခြေနီ အသင်းခွဲအတွက် အလှူငွေများကို မေ ၆ရက် နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ပေးအပ်လှူဒါန်းစဉ်။

ဝင်းအောင်(မိုးကောင်း)


Read more

ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အိမ်တွင်းလက်မှုပညာသင်တန်းအမှတ်စဉ်(၃/၂ဝ၁၈)ဖွင့်လှစ်

 

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့ကကြီးမှူး၍ အိမ်တွင်းလက်မှု ပညာသင်တန်းအမှတ်စဉ်(၃/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လီဒိုလမ်းဘေးနယ်မြေဒွန်ဘန်ကျေး ရွာအုပ်စုပါတီရုံး၌ ကျင်းပသည်။

Read more

ဖာဂူဆန်နဲ့ပတ်သက်လို့ ဆရာဝန်တွေ သတိပေး

မန်ယူနည်းပြဟောင်း ဖာဂူဆန်ရဲ့ ကျန်းမာရေး ရေရှည်တည်ငြိမ်ဖို့အတွက် လာမယ့်သီတင်းပတ်တွေက အဆုံးအဖြတ်ပဲလို့ ဆရာဝန်တွေက ပြောလိုက်ပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ဖာဂူဆန်ဟာ ပြီးခဲ့တဲ့စနေနေ့က ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံမှာ ဦးနှောက်ကို အရေးပေါ် ခွဲစိတ်ကုသခံထားရတာပါ။ သူ့အခြေအနေဟာ တည်ငြိမ်နေပြီဖြစ်ပေမယ့် လာမယ့် ၄၈နာရီအထိတော့ ဆက်လက် စောင့်ကြည့်ရဦးမယ်လို့လည်း ဆိုပါတယ်။

Read more

ဝန်ထမ်းပေါင်း ၅၀၀နဲ့ မန်စီးတီးအသင်း ဆုဖလားရမှုအောင်ပွဲခံ

မန်စီးတီးအသင်းဟာ ဟက်ဒါဖီးလ်နဲ့ ဂိုးမရှိ သရေကျပြီးတဲ့ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို လက်ခံရယူခဲ့ပြီးနောက် တစ်သင်းလုံးအပြင် ကလပ်နဲ့သက်ဆိုင်တဲ့ဝန်ထမ်း ၅၀၀ ကိုပါဖိတ်ကြားပြီး အောင်ပွဲခံ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လူအရမ်းများလွန်းတဲ့အတွက် ဘားတွေ၊ စားသောက်ဆိုင်တွေမှာ ပြုလုပ်ခဲ့ခြင်း မရှိဘဲ မန်ချက်စတာမြို့က တမ်ပါရန့်စ်လမ်းမှာ ရှိတဲ့ စွန့်ပစ်ထားတဲ့ ဂိုဒေါင်အဟောင်းတစ်ခုမှာ ပါတီပွဲကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ပါဝင်သူ အရမ်းများလွန်းတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီလမ်းကို ပိတ်လိုက်ပြီး ယာဉ်ကြောမကျပ်အောင် လုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Read more

ပိတ်မယ်လို့ ပြောတဲ့ မြောက်ကိုရီးယား အနုမြူ စခန်းဟာ ပေါက်ကွဲ ပြိုကျပြီးလို့ တရုတ်ပြော

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပိတ်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောတဲ့ ပွန်ဂျယ်ရီ မြေအောက် အနုမြူ သုတေသနစခန်းဟာ ပေါက်ကွဲ ပြိုကျသွားပြီးဖြစ်တယ်လို့ USTC ခေါ် တရုတ် ထိပ်တန်း သိပ္ပံတက္ကသိုလ်ကြီးက အရင်လက ဖေါ်ပြထားတဲ့နေရာဖြစ်ကြောင်း ဂျပန်သတင်းစာ နိကိုင်အိ က ရေးသားလိုက်ပါတယ်။

Read more

ဂျပန်တွင် ၃၇ နှစ်ဆက်တိုက် ကလေးဦးရေ ကျဆင်းလာ

ဂျပန်နိုင်ငံတွင် ကလေးဦးရေမှာ ၃၇ နှစ်ဆက်တိုက် ကျဆင်းလာနေကြောင်း သိရှိရသည်။ ထိုအခြေအနေက ဂျပန် လူ့အဖွဲ့အစည်းတွင် သက်ကြီးရွယ်အို ဦးရေက အချိုးအစား များပြားနေသည့် ပြဿနာကို တွန်းလှန် ဖြေရှင်းရာတွင် ကြီးမားသော အခက်အခဲ တစ်ခုအဖြစ် ရှိလာစေသည်။

Read more