အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်၏ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲစတင်

NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အကြား ပစ်ခတ်တိုက် ခိုက်မှုမရှိစေရေး ဆောင်ရွက် ရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ က JMC ကော်မတီအဆင့်ဆင့် တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်မှ ကော်မတီဝင်များ၏ JMC လုပ်ငန်းစဉ်အားနည်းချက်၊ အားသာချက် များအား ပြန်လည်သုံးသပ်သည့် ဒုတိယအကြိမ် မျက်နှာစုံညီအ စည်းအဝေးကို မေလ ၈ ရက်ကစ၍ ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ပြုလုပ်နေသည်။ အစည်းအဝေးအဖွင့် အမှာစကားပြောကြားရာတွင် ပြည်ထောင်စု အဆင့် JMC တာဝန်ရှိသူများက ယင်းသို့ ထည့်သွင်း ပြောကြား ခဲ့သည်။

Read more

အားလုံးပါဝင်ဆောင်ရွက်မှ တိုင်းပြည်ကြီးပွားအောင်မြင်မည်

နှစ်ပေါင်း ၁ဝဝ ကျော် ကိုလိုနီနယ်ချဲ့သမားအောက် ကျရောက်ခဲ့သည့် နိုင်ငံတော်၏ သယံဇာတ ပတ္တမြား ကျောက်သံ၊ စပါးကောက်နှံ၊ ကျွန်းသစ်ရေနံ တို့ကို ကျူးကျော်သူတို့ တူးဖော်ခိုးထုတ်သွားကြသည်။ မြန်မာပြည်သူ အပေါင်း ဆင်းရဲတွင်းထဲကာလရှည်ကြာနေခဲ့ရသည်။ ကိုလိုနီနယ်ချဲ့၊ ဖက်ဆစ်နယ်ချဲ့ ခေတ်ဆိုးစနစ်ဆိုးအောက်မှ ပြည်သူတို့ နိုးကြားလာကြကာ လွတ်လပ်ရေး တိုက်ပွဲစဉ်ဆက်မပြတ်ဆင်နွှဲကာ လွတ်လပ်ရေးရရှိချိန်မှစပြီး အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြသည့် တိုင်းရင်းသားညီနောင်ချင်း စစ်ခင်းခဲ့ကြသည်။ ပြည်တွင်း စစ်ကြောင့် တိုင်းရင်းသားပြည်သူ ပြည်သားအများစု လူမှုဒုက္ခများ ရောက်ကြရသည်။ ဒုက္ခအဆိုးကျော့သံသရာထဲ ဝဲကတော့လှည့်ဆဲ မလွတ် မြောက်ဘဲ ကျပ်တည်းစွာနေထိုင်ကြရသသည်။
တိုင်းပြည်စီးပွားရေး နိမ့်ကျမြဲနိမ့်ကျလျက်ရှိသည်။ ယဉ်ကျေးမှုများ လည်းနိမ့်ကျကုန်သည်။ တစ်ဦးကြီးပွားလျှင် တစ်ဦးက မရှုစိမ့်နိုင်ကြ။ တစ်ဦး အပေါ်တစ်ဦး မုဒိတာအမြင်ဖြင့် ကုသိုလ်မယူနိုင်ကြ။ စိတ်ဓာတ်ယဉ်ကျေးမှုများ အားနည်းလာသည်။
တိုင်းနိုင်ငံ ဒေသဌာန အသီးသီးတွင် အစစအရာရာ အမှားများတွေ့လျှင် လည်း ရှေ့လူများကိုသာ အပြစ်ပုံချလုပ်နေကြသည်။ မိမိတို့မှာလည်း တာဝန်ရှိ ကြောင်း တာဝန်ယူစိတ်ဖြင့် ပြောဆိုလုပ်ကိုင် နိဂုံးမချုပ်နိုင်ကြ၍ နိဒါန်းသစ် အမှန်တကယ်မရေးထိုးနိုင်သည်ကို တွေ့နေရသည်။ ပြောင်းလဲသည်ဆိုသော် လည်း အပေါ်ယံရွှေမှုန်ကြဲ အထဲမှာနောက်ချေးနှင့်ဟု ဆိုရမလို ဖြစ်နေသည်။
အမှားများမှ သင်ခန်းစာဝိုင်းဝန်းထုတ်ယူပြီး အားလုံးက ပိုကောင်းအောင် ကြိုးစားစွမ်းဆောင်ကြဖို့လိုပါမည်။
ယနေ့မြန်မာနိုင်ငံအခြေအနေသည် သူတစ်ပါးကို အပြစ်တင်ခြင်း(Blame Game)ဖြင့် ပြဿနာ၏ဇာစ်မြစ်ကို မတူးဆွဘဲ စုပေါင်းညှိနှိုင်း အလုပ်လုပ် ကြဖို့က ပို၍အရေးကြီးနေပါသည်။
တစ်တိုင်းပြည်လုံး ကြီးပွားအောင်မြင်ကြဖို့အရေးမှာ ကရင်က တစ်မျိုး၊ ကချင်က တစ်ဖုံ၊ ရှမ်းက တစ်နည်း လုပ်နေ၍မရကြောင်း၊ မြန်မာနိုင်ငံ တိုင်း ရင်းသားအားလုံးဝိုင်းဝန်းလက်တွဲ စုပေါင်းညီညာ အလုပ်လုပ်ကြဖို့ ဗိုလ်ချုပ် အောင်ဆန်း သြဝါဒပေးခဲ့ပါသည်။
လမ်းစဉ်ပါတီခေတ်၏ သီချင်းတစ်ပုဒ်ကို သတိရမိသည်။ ”မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်”ဟုဖြစ်သည်။ ထိုမှတစ်ဆင့် မိမိလမ်း၊ မိမိရပ်ကွက်၊ မိမိမြို့နယ်၊ မိမိတိုင်းဒေသကြီး၊ မိမိတို့တစ်တိုင်း ပြည်လုံး ကောင်းလာအောင် ကြိုးစားကြဖို့ဖြစ်ပါသည်။
မိမိအိပ်မက်ကို မိမိကိုယ်တိုင် အကောင်အထည်ဖော်ရပါမည်။ မဟုတ် လျှင် အနားမှလူကသော်လည်းကောင်း သို့မဟုတ် အဝေးမှလူကသော်လည်း သူ့အိပ်မက်ပုံစံလုပ်၍ အကောင်အထည်ဖော်သွားနိုင်သည်။ အပြိုင်အဆိုင်သဖွယ်ဖြစ်နေသော ယနေ့ကမ္ဘာကြီး၌ မိမိကိစ္စကို မိမိမှ တုံ့နှေး(Delay)ဖြစ်နေလျှင် မိမိသာလျှင် ရှုံးနိမ့်သူဖြစ်သွားနိုင်သည်။ မိမိနိုင်ငံ မိမိလူမျိုး နိုင်ငံရေး၊ အမျိုးသားအရေးအတွက် မိမိတို့က လက် နှေးမနေသင့်ကြောင်း၊ တိုင်းပြည်ကြီးပွားအောင်မြင်ဖို့ အားလုံးပါဝင်ဆောင်ရွက် ကြပါစို့။

Read more

အောင်လံပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိပ်များလှူဒါန်း

 

မေ ၈
အောင်လံမြို့နယ် ပြလို့အခြေစိုက် ကျောက်မဆင် ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံဆောက်လုပ်နိုင်ရန် ဘိလပ်မြေ ၂၅ အိတ်ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှသွားရောက် လှူဒါန်းခဲ့ပါသည်။

USDP, Magway Region


Read more

ဘောလုံအသင်းတစ်သင်းရဲ့ ပရိသတ်တစ်ဦးကို အခြားအသင်းတွေရဲ့ ဆန့်ကျင်သူဖြစ်ရမယ်လို့ ရှုမြင်ကြတာက လက်ရှိ လူ့အဖွဲ့အစည်းရဲ့ ပြဿနာတစ်ခုပါပဲ ဟု ရာဖေးနာဒဲလ် ပြန်လည်တုံ့ပြန်

နာမည်ကျော် စပိန်တင်းနစ်သမား ရာဖေးနာဒဲလ်က မိမိအပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့သည့် ရီးရဲမက်ဒရစ်အသင်း ပရိသတ်များကို တုံ့ပြန်ပြောဆိုမှု ပြုလုပ်လိုက်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ နာဒဲလ်သည် ရီးရဲမက်ဒရစ် အသင်း၏ ပရိသတ်တစ်ဦးအဖြစ် လူသိများသူဖြစ်သည်။

Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံကွန်ပျူတာနှင့် စက်ချုပ်သင်တန်းများ ဆင်း အခြေခံကွန်ပျူတာသင်တန်း(၂/၂ဝ၁၈)ဖွင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း(၁/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း(၁/၂ဝ၁၈) ဆင်းပွဲအခမ်းအနားနှင့် အခြေခံကွန်ပျူတာသင်တန်း(၂/၂ဝ၁၈)ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီ တွင် မင်္ဂတောင် ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက အမှာစကားချီးမြှင့်ခဲ့သည်။

Read more

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး ​ရေးပါတီ လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ကျင်းပ

 

Read more

ဘင်္ဂါလီအရေးအား ဦးစားပေးခြင်းကို လယ်ဝေးတွင် ကန့်ကွက်ရှုတ်ချပွဲ ကျင်းပ

 

နေပြည်တော် လယ်ဝေးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်း အတွင်း၌ တိုင်းရင်းသားများထက်ဘင်္ဂါလီ အရေးအားဦးစားပေးခြင်းကို ကန့်ကွက် ရှုတ်ချပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပ ခဲ့သည်။
ရှုတ်ချပွဲတွင် ရခိုင်ပြည်နယ်၌ဖြစ်ပေါ် လျက်ရှိသော ဘင်္ဂါလီအရေးကိစ္စများနှင့် NVC (National Verification Card) ကတ်ကိုင်ဆောင်သူများ လွတ်လပ်စွာ သွားလာခွင့်ရပြီဟု ပြောကြားခဲ့မှုအပေါ် ဆွေးနွေးခဲ့ပေါ်ဦးကြပြီး အင်အား ၃ဝဝ ခန့်တက် ရောက်ခဲ့သည်။

Read more