မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ဗဟိုအတွင်းရေးမှူးတက်ရောက်

 

မကွေး နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးတို့ တက်ရောက်ခဲ့ကြသည်။ဆက်လက်၍သဘာပတိတိုင်း ဒေသကြီးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ယဉ်ယဉ်လှက အဖွင့်အမှာ စကားပြောကြားပြီးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ကိုယ် စားဒေါ်စပယ်မင်းက အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဆရာဝန်များ ကျေးရွာနေပြည်သူများအား အခမဲ့ကျန်းမာရေးဆေးကုသပေး

 

အောင်လံ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး အောင် လံမြို့နယ် ရွှေပန်းတောအခြေစိုက် ရှိ ကျေးရွာနေ ပြည်သူများအား အခမဲ့ကျန်းမာရေး ကူညီစောင့် ရှောက်ပေးခြင်းလုပ်ငန်းကို ယနေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့်တိုင်းဒေသကြီး အရန် ကော်မတီဝင်ဦးတင်ဝင်းတို့ ဦးဆောင်၍ ပါတီဝင်ဆရာဝန်များ ဖြစ်ကြသောဒေါက်တာသန်းတင့် အောင်(ပါရဂူ)၊ဒေါက်တာနေမျိုးခိုင် (ပါရဂူ)၊ဒေါက်တာ နေမျိုးဇေယျာ တို့က ပြည်သူလူထု၂၃ဝဦးအား အခမဲ့ဆေးဝါး ကုသခြင်းကို ဆောင်ရွက်ခဲ့သည်။
အခမဲ့ကျန်းမာရေးကူညီစောင့် ရှောက်မှုလုပ်ငန်းအား မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် မြို့နယ်ပါ တီကော်မတီဝင်များ၊ ရွှေပန်းတော ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် လူမှု ကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့် အငြိမ်းစားကျန်းမာရေး ဆရာမကြီး များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြပြီး အခမဲ့ကျန်းမာရေး ကူညီစောင့်ရှောက်မှုအား ယခုလ ၂၉ရက်တွင် ဆက်လက်ကုသပေး သွားမည်ဖြစ်သည်။

Read more

ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ရှားတောမြို့၊ နိုဝင်ဘာ ၂၈

ယမန်နေ့ ၂၈-၁၁-၂၀၁၈ရက်နေ့ နံနက် (၉း၃၀)နာရီ အချိန်တွင် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားအား ရှားတောမြို့နယ်၊ ပြည်ခိုင်ဖြိုးရုံး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ် ပါသည်။

Read more

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ယူခဲ့သည့် အာဆီယံအမျိုးသမီးများအဖွဲ့အစည်း (ACWO) တာဝန်လွှဲပြောင်းခြင်း အခမ်းအနားအား နေပြည်တော်တွင်ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ ၂၈

ယနေ့နံနက် ၉ နာရီချိန်တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် အာဆီယံအမျိုးသမီးများအဖွဲ့အစည်း ASEAN Confederation & Women Organization (ACWO)၏ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ စင်္ကာပူနိုင်ငံအမျိုးသမီးရေးရာဥက္ကဋ္ဌသို့ တာဝန်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

Read more

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကို ပထနေ့အဖြစ် ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးအောင်သူ၊၊ ပြည်နယ်ကော်မတီဝငများ၊ (၆) ခရိုင်၊ (၁၉) မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့များ၊ စုစုပေါင်း အင်အား (၄၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

နေပြည်တော်၊ ၂၈.၁၁.၂၀၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးနှင့်ဖွံ့ဖြိုးရေပါတီ ပြည်ထောင်စုနယ်မြေ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအား ပြည်ထောင်စုနေမြေရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌပါတီ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေပါတီတာဝန်ရှိသူများ အမျိုးသမီးညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့်နိုင်ငံတော်အလံအလေပြုခြင်းဖြင့်စတင်ခဲ့ပြီး “ကေသရာဇာခြင်္သေ့” သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဗဟိုအလုပ်မှုဆောင် ဦးဝေလွင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုနယ်မြေပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပမည့် ဒုတိယပိုင်းအစီအစည်များအား ခရိုင်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ယဉ်ယဉ်အေးမှ ဖတ်ကြားရှင်းလင်းခဲ့ပြီး အခမ်းအနားပထမပိုင်းအားရုတ်သိမ်းခဲ့သည်။

Read more

မလေးရှားတွင် မြန်မာဘောလုံးပရိသတ်များ တိုက်ခိုက်ခံရမှု AFF ကိုတိုင်ကြား

နိုဝင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆူဇူကီးဖလား မလေးရှားနဲ့ မြန်မာဘောလုံးပွဲစဉ် အပြီးမှာ မလေးရှား ပရိသတ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ မြန်မာပရိသတ်တွေရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာဘောလုံး အဖွဲ့ချုပ်က အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ကို တိုင်ကြားထားပါတယ်။

AFF ဆီကို အီးမေးလ်နဲ့ အကြောင်းကြားစာပေးပို့ပြီး နောက်နောင် ဒါမျိုးမဖြစ်စေဖို့ ကူညီ ဆောင်ရွက်ပေးပါရန် တောင်းဆိုထားတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် အထွေအထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

Read more

ချန်ပီယံလိဂ်ပွဲ (၁၀၀)ပြည့် နိုင်ပွဲရတဲ့ ပထမဆုံးကစားသမား ဖြစ်လာတဲ့ ရော်နယ်ဒို

ဒီစံချိန်ကို ရရှိခဲ့တဲ့ နိုင်ပွဲမှာ ရော်နယ်ဒိုက အနိုင်ဂိုးသွင်းပေးခဲ့သူ မန်ဇူကစ်အတွက် ဂိုးဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထူးခြားပြောင်မြောက်တဲ့ စံချိန်မှတ်တမ်းတွေကို စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ရယူနိုင်ထားခဲ့တဲ့ ရော်နယ်ဒိုအတွက် နောက်ထပ်စံချိန်တစ်ခုလည်း ဖြစ်ခဲ့ပြီး ကစားသမားပြိုင်ဘက် လီယွန်နယ်မက်ဆီကို နောက်ကောက်ချ နိုင်ခဲ့ပြန်တာလည်း ဖြစ်ပါတယ်။

Read more

ဖယ်လိုင်နီ ဂိုးသွင်းအပြီး ပက်ပက်စက်စက် အောင်ပွဲခံသွားတဲ့ မော်ရင်ဟို

မန်ယူအသင်းက ဆွစ်ဇာလန်ကလပ်ယန်းဘွိုင်းစ်ကို 1-0 နဲ့အနိုင်ရခဲ့တဲ့ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲပြီးခါနီး နောက်ဆုံးမိနစ်ရောက်မှ ကွင်းလယ်လူဖယ်လိုင်နီက အနိုင်ဂိုး ရယူပေးခဲ့တာဖြစ်ပြီး အဲဒီဂိုးဝင်သွားချိန်မှာ ကွင်းဘေးစည်းမှာ ရှိနေတဲ့ နည်းပြမော်ရင်ဟိုက ကစားသမားတွေ သောက်ဖို့ထားတဲ့ ရေဗူးတွေကိုပါ ရိုက်ခွဲလိုက်ကာ ဒေါသတကြီးနဲ့ အောင်ပွဲခံခဲ့ပါတယ်။

Read more

မလေးရှားက ဘုရားကျောင်း ပြဿနာ ၂၁ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင်မှာ ကုမ္ပဏီတခုပိုင်မြေပေါ်က အိန္ဒိယဘုရားကျောင်းပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်လို့ ဆူပူရမ်းကားအကြမ်းဖက်တဲ့ လူ ၂၁ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

တနင်္လာနေ့မနက်က၊ ဆီလမ်ဂေါပြည်နယ်အလယ်ပိုင်း ဂျာယမြို့နယ်မှာရှိတဲ့ သီရိမဟာ မာရီယမ်မန်း ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းနေတဲ့ အိန္ဒိယလူမျိုးတွေကို လူအုပ်စုတစုက ဝင်ရောက် တိုက်ခိုက်ပြီး၊ ကားတွေကို မီးရှို့လိုက်ပါတယ်။ အဲဒီကျောင်းကို One City Development ကုမ္ပဏီက ပိုင်တယ် လို့ဆိုပါတယ်။

Read more