ရုရှားကဖမ်းထားတဲ့ ယူကရိန်းသင်္ဘောသားတချို့ကို ထောင်ဒဏ်အပြစ်ပေး

ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တနင်္ဂနွေနေ့တုန်းက ပင်လယ်နက်ထဲမှာ ရုရှားရေတပ်ကနေ ဖမ်းဆီးခဲ့တဲ့ ယူကရိမ်း သင်္ဘောသား ၂၄ဦးထဲက ၁၂ ဦးကို ၂လဖမ်းဆီးထားဖို့ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသက တရားရုံးတခုကနေ အမိန့်ချ မှတ်လိုက်ပါတယ်။
ယူကရိမ်းရေတပ်သင်္ဘောသုံးစီးမှာပါလာတဲ့ သင်္ဘောသားတွေဟာ ရုရှားရေပိုင်နက်ထဲကို တရားမ၀င် ၀င်ရောက်ခဲ့ကြပြီး ရုရှားနယ်ခြားစောင့်တပ်တွေရဲ့သတိပေးချက်ကိုလည်း ဂရုမစိုက်ခဲ့ကြဘူး လို့ ရုရှားဘက်က စွပ်စွဲပါတယ်။
Read more

















