သွင်းကုန်အခွန်ကောက်ခံမှု အမေရိကန်နှင့် မက္ကစီကိုတို့ဆွေးနွေး

ဝါရှင်တန်၊ ဇွန် ၆
မက္ကစီကိုနိုင်ငံခြားရေးဝန်ကြီး လုဇ်ဗီဒီဂါရေးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေတို့သည် မက္ကစီကို၏ ပို့ကုန်များအပေါ် သွင်းကုန်အခွန် ပြန်လည်စည်းကြပ်ကောက်ခံမည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် မက္ကစီကို၏ သံမဏိ နှင့် အလူမီနီယံပို့ကုန်များအပေါ် သွင်းကုန်အခွန်ကောက်ခံမည့် အိမ်ဖြူတော်အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြကြောင်း သိရသည်။
Read more












