မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈)ဆင်းပွဲ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူးဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူ တာသင်တန်း (၃/၂ဝ၁၈)ဆင်းပွဲ ကို ယမန်နေ့ ညနေ ၄ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်က အမှာ စကားပြောကြားခဲ့ပြီး သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့သည်။

Read more

ကျုံပျော်မြို့နယ်ပါတီဝင်လူငယ်များစုပေါင်းလုပ်အားပေး

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံ(၂ဝ၁၈)သို့ တက်ရောက်ခဲ့ ကြသည့် ပါတီဝင်လူငယ်များက ဒေသအကျိုးပြုလှုပ်ရှားမှုတစ်ရပ်အနေ ဖြင့် ယနေ့တွင် ကျုံပျော်မြို့နယ် သောင်ရွာကျေးရွာအုပ်စုရှိ သောင်ရွာနှင့် ကုန်းစုကျေးရွာချင်းဆက် မြေသားလမ်း ကျောက်ခင်းခြင်းလုပ်ငန်းကို မြို့နယ်ကော်မတီများ၊ အရန်ကော်မတီများ ဝန်းရံလျက် ပါတီဝင်လူငယ် များ အင်အား ၅ဝ နှင့် ဒေသခံပြည်သူများ ပူးပေါင်းလျက် ပျော်ရွှင်စွာ လုပ်အားဒါနပြုဆောင်ရွက်ခဲ့သည်။

Read more

ယခုနှစ်အတွင်း WLC ပြိုင်ပွဲနှစ်ပွဲ ထပ်မံကျင်းပရန် စီစဉ်

WLC-5 မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲတွင် ပိုလန်နိုင်ငံသားဆာလာဒိုက်နှင့် စောဘဦး ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − WLC)

 

ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ (WLC) ကို ယခုနှစ်အတွင်း နှစ်ပွဲထပ်မံ ကျင်းပရန် စီစဉ်ထားကြောင်း ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူဦးအောင်သူက ပြောသည်။

Read more

တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ် ဟယ်ရီကိန်းသတ်မှတ်ခံရ

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ပေါင် ၁၇၆ သန်းနဲ့ သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

CIES Football Observatory ကထုတ်ပြန်တဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား ၁၀၀ စာရင်းမှာ ကိန်းက ထိပ်ဆုံးက ရှိနေတာဖြစ်ပါတယ်။ ဒီစာရင်းအတွက် ကစားသမား တစ်ဦးခြင်းစီရဲ့ စွမ်းဆောင်ရည်၊ အလားအလာ၊ အသက်အရွယ်စတာတွေကို အခြေခံပြီး တွက်ချက်ထားတာပါ။

Read more

ဆော်ဒီအမျိုးသမီးတွေ မော်တော်ကားမောင်းခွင့် တရားဝင်စရ

ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ ကားမောင်းခွင့်ကို တားမြစ်တဲ့ တခုထည်းသော နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျက သူတို့ရဲ့ တားမြစ်ချက်ကို ဒီလကုန်လောက်မှာ ဖယ်ရှားပစ်တော့မှာမို့ အခု အမျိုးသမီးတွေကို ကားမောင်းလိုင်စင် စတင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ဗြိတိန်၊ လက်ဘနွံနဲ့ ကနေဒါအပါအဝင် တခြားနိုင်ငံတွေမှာ လိုင်စင်ရထားပြီးသား အမျိုးသမီးတွေကို ဆော်ဒီကားမောင်းလိုင်စင် စတင်ထုတ်ပေးနေပြီ ဖြစ်ကြောင်း တနင်္လာနေ့မှာ ဆော်ဒီအာရေဗျ အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။ အမျိုးသမီးတွေဟာ လိုင်စင် အသစ်ရဖို့ ကားမောင်းလိုင်စင် စာမေးပွဲကို အရင် ဖြေဆိုရမယ်လို့လည်း ဖေါ်ပြထားပါတယ်။

Read more

ဂွာတီမာလာ၌ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၅ဦးအထိ မြင့်တက်

ဂွာတီမာလာစီးတီး၊ ဇွန် ၅

ဂွာတီမာလာနိုင်ငံ၌ တနင်္ဂနွေနေ့ကပေါက်ကွဲခဲ့သော ဖွေဂိုမီးတောင်ကြီးကြောင့် သေဆုံးသူအရေအတွက် ၆၅ ဦး အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ကြေညာခဲ့ကြသည်။

နိုင်ငံမြို့တော်မှ ၃၁မိုင်ခန့်ကွာဝေးသော အရပ်တွင်ရှိသော ယင်းမီးတောင်ကြီးပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာရသူ ၄၆ ဦးအထိရှိခဲ့ပြီး လူပေါင်း ၁၈၇၇ ယောက်ခန့်ကို ဘေးလွတ်ရာ၌ ယာယီနေရာ ချပေးထားကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ဒီလီယွန်က ဆိုခဲ့သည်။

Read more

ဇွန် ၁၂ နံနက် ၉ နာရီ ထရမ့်-ကင်ဂျုံးအွန် ထိပ်သီးအစည်းအဝေး ကျင်းပမည်ဟု အတည်ပြု

သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်တို့ကြား ပထမဆုံး ထိပ်သီးအစည်းအဝေး ကို စင်ကာပူတွင် ဇွန် ၁၂ ရက် နံနက် ကိုးနာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ဇွန် ၄ ရက်၌ အိမ်ဖြူတော်က အတည်ပြုပြောသည်။

Read more

လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းရေးတွင် လေကြောင်းလိုင်းများ ပူးပေါင်းပါဝင်မှုမြှင့်တင်မည်

လူကုန်ကူးမှု တိုက်ဖျက် နှိမ်နင်းရေးတွင် လေကြောင်းလိုင်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အဖွဲ့ (IATA)က ဇွန်လ ၄ ရက်တွင် ပြောကြားခဲ့ပြီး လေယာဉ် အမှုထမ်းများအနေဖြင့် သံသယရှိဖွယ် အမှုအခင်းများ ကြုံလာပါက မည်သို့လှုပ်ရှားဆောင်ရွက်ရ မည်ဖြစ်ကြောင်း လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့သည်။

 လူမှောင်ခိုကူးခြင်းသည် ကမ္ဘာ့ရာဇဝတ်မှု လောကတွင် အလျင်အမြန်မြင့်တက်လာနေပြီး မူးယစ်ဆေးဝါး ကုန်သွယ်ရေးပြီးလျှင် ဒုတိယအများဆုံး ရာဇဝတ်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Read more

တရုတ်-အာဆီယံ စီးပွားရေးလုပ်ငန်းရှင်များ အသင်းတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ရန် စီစဉ်

တရုတ်-အာဆီယံစီး ပွားရေးလုပ်ငန်းရှင်များအသင်းတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကြီး များပါဝင်ရန် စီစဉ်နေ ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

Read more