ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​ ​​တောင်​သာမြို့နယ်​၊ ရုံးစင်​ကြီးရွာ၌ပြုလုပ်​​သော ပါတီအဆိုပြုလွှာ (၄၀၅) ဦးစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနား တက်​​ရောက်​အား​ပေးချီးမြှင့့်

 

(၅.၆.၂၀၁၈) ရက်​​နေ့ ​နေ့လည်​ (၂) နာရီအချိန်​တွင်​ ​​​တောင်​သာမြို့နယ်​၊ ရုံးစင်​ကြီးရွာ၌ ပါတီအဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့်​​​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊​​ မြင်းခြံပါတီဥက္ကဌ ဦး​​ကျော်​တင်​နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊​​ တောင်​သာမြို့နယ်​ပါတီအတွင်း​ရေးမှူး ဦး​သန်း​ဇော်​ဦးနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ပါတီဝင်​များ၊ ပါတီဝင်​သစ်​များအပါအဝင်​ စုစု​ပေါင်း အင်​အား(၅၀၀)​ဦးတက်​​ရောက်​ခဲ့​ကြောင်းသိရသည်​။


Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ခရိုင်မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ကျိုက်လတ် ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက် လတ်မြို့နယ် ပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်း ဒေသကြီးကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် အရန်ကော်မတီဝင်များ စုစုပေါင်း ၄၅ ဦးနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်အတွင်းရေးမှူး က မြို့နယ်ကော်မတီဝင်၊ အရန်ကော်မတီဝင် များအား နယ်မြေအလိုက်၊ ကဏ္ဍအလိုက်တာဝန် ပေးအပ်ထားမှုအခြေအနေများအား မြေပုံကား ချပ်များဖြင့် ရှင်းပြခြင်း၊ ၂ဝ၂ဝ အောင်နိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

Read more

ပြည်ထောင်စုနယ်မြေနာယကဥတ္တရသီရိ ရပ်/ကျေးအစည်းအဝေးသို့တက်ရောက်

 

နေပြည်တော် ဇွန် ၅

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပြုလုပ်သော ရပ်/ကျေးအစည်း အဝေးသို့ ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး တက်ရောက်ဆွေးနွေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏လစဉ်ပြုလုပ်သော ရပ်/ကျေးအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေနာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးကျော်ဌေး၊ နေပြည်တော်ခရိုင်တာဝန်ခံ၊ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့ဝင် များ စုစုပေါင်းအင်အား ၆ဝ ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

Read more

လူငယ်ညီလာခံ(၂ဝ၁၈)အောင်မြင်ခြင်းအထိမ်းအမှတ် လယ်ဝေးမြို့နယ်ပါတီကော်မတီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

နေပြည်တော် ဇွန် ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို လူငယ်ညီလာခံ (၂ဝ၁၈) ကျင်းပအောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ ကုဋီများ ဆေးကြောခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မြက်၊ အမှိုက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို ပါဝင်နိုင်ရန် မာရေးမျှော်လင့်ထား

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးက တင်ပါးဒဏ်ရာခွဲစိပ်ကုသမှုခံယူထားမှုကြောင့် ပွဲပြန်ကစားမည့် အချိန် နှောင့်နှေးမှုများ ရှိနေသော်လည်း ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို ပါဝင်နိုင်ရန် မျှော်လင့်ထားသည်ဟု ပြောသွားခဲ့သည်။

မာရေးမှာပြီးခဲ့သည့်ရာသီတွင် ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို နောက်ဆုံးကစားခဲ့ပြီး ဒဏ်ရာကြောင့်အနားယူခဲ့ရကာ ပြီးခဲ့သည့် ဇန်န၀ါရီလတွင် တင်ပါးဒဏ်ရာကို ခွဲစိပ်ကုသမှုခံယူခဲ့သည်။

ခွဲစိပ်ကုသမှု ခံယူခဲ့ပြီးနောက် Libema အိုးပင်းပွဲစဉ်ကို ပါဝင်ကစားနိုင်ရန် မျှော်လင့်ထားသော်လည်း ဒဏ်ရာ သက်သာမှု နှောင့်နှေးနေမှုကြောင့် ပွဲပြန်ကစားရန် အဆင်သင့်မဖြစ်နိုင်အောင် ဖြစ်နေသည်။

Read more

ဒဏ်ရာကြောင့် ပြင်သစ်အိုပင်းပြိုင်ပွဲမှ ဆရီနာဝီလျံနှုတ်ထွက်

ရှာရာဗိုဗာနဲ့ ယှဉ်ပြိုင်ရမယ့် စတုတ္ထပွဲစဉ်မတိုင်မီ ဆရီနာဝီလျံဟာ ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဂရင်းဆလင်းချန်ပီယံဆုကို ၂၃ ကြိမ် ရရှိထားတဲ့ ဆရီနာဝီလျံဟာ ကလေးမွေးပြီးတဲ့နောက် တင်းနစ်ပြန်ကစားနေပြီး အစောပိုင်းပွဲတွေမှာ ပုံစံကောင်းရရှိခဲ့ပါတယ်။

အသက်(၃၆)နှစ်ရွယ်ဆရီနာဝီလျံက “ညာဘက်ရင်အုပ်ကြွက်သား ဒဏ်ရာရနေပါတယ်။ စကင်ဖတ်စစ်ဆေးမှုတွေ လုပ်ရပါဦးမယ်။ ရလဒ်မထွက်ခင်အချိန်အထိ ၀င်ဘယ်ဒန်ပြိုင်ပွဲနဲ့ပက်သက်ပြီး ဘာဖြစ်လာမလဲဆိုတာ မသိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

Read more

ဆာလက်၊ ကာရီယပ်စ်တို့နှင့် ဖြစ်ရပ်များမှာ ချဲ့ကားထားခြင်းကြောင့် ဖြေရှင်းချက်ပေးသွားမည် မဟုတ်ဟု ရာမို့စ် ပြောကြား

ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်က လီဗာပူးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဆာလက်၊ ကာရီယပ်စ်တို့နှင့် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များမှာ ချဲ့ကာပြောဆိုနေခြင်းမျိုးသာဖြစ်ပြီး မိမိအနေဖြင့် လက်ရှိပြေဆိုနေမှုများ အပေါ်တွင် ဖြေရှင်းသွားမည် မဟုတ်ဟု ဆိုလိုက်သည်။

Read more

ပရီးမီးယားလိဂ်တွင် မန်ယူအသင်းနှင့် ဖရက်ဒ်အောင်မြင်မည်ဟု ၀ီလျံဆို

ဘရာဇီးအသင်းဖော် ၀ီလျံက မန်ယူအသင်းနှင့် အပြောင်းအရွှေ့ဖြစ်မြောက်သွားခဲ့သည့် ဖရက်ဒ်အတွက် ၀မ်းမြောက်မိသည်ဟု ဆိုခဲ့ပြီး ဖရက်ဒ်မှာ အရည်အသွေးရှိသူ တစ်ယောက်ဖြစ်ခြင်းကြောင့် ပရီးမီးယားလိဂ်တွင် မန်ယူအသင်းနှင့် အောင်မြင်လိမ့်မည်ဟု ပြောသွားခဲ့သည်။

ဖရက်ဒ်မှာ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်း နှင့် (၅)နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပြီဖြစ်ကြောင်း မန်ယူအသင်းက ကြေညာသွားခဲ့သည်။ ၀ီလျံက ” သူ(ဖရက်ဒ်) အောင်မြင်မှာပါ။ သူ့အပေါ်မှာ သံသယ မရှိဘူး။ သူဟာ အရည်အသွေးရှိသူ တစ်ယောက်ပါ။ သူ့မှာ နောက်ထပ်တိုးတက်လာနိုင်တဲ့ အရည်အသွေးတွေလည်း ရှိနေပါတယ်။

Read more

အစ္စရေးနှင့် ကစားမည့်ခြေစမ်းပွဲကို အာဂျင်တီးနား ဖျက်သိမ်း

အာဂျင်တီးနားအသင်းမှာ အစ္စရေးနှင့် ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲကစားမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း ကြေညာသွားခဲ့သည်။

အာဂျင်တီးနားအသင်းမှာ လာမည့်စနေနေ့တွင် ဂျေရုဆလင်မြို့၌ အစ္စရေးနှင့် ခြေစမ်းပွဲကစားရန် အစောပိုင်းတွင် စီစဉ်ထားသည်။ သို့သော်လည်း ဂါဇာကမ်းမြှောင်ဒေသတွင် ပါလစ္စတိုင်း တို့အပေါ် ကျူးလွန်ခဲ့သည့် ဖိနှိပ်မှုများကြောင့် အာဂျင်တီးနားအသင်းအနေဖြင့် ဂျေရုဆင်မြို့တွင် ခြေစမ်းပွဲမကားရန် ပါလစ္စတိုင်းတို့က ဆန္ဒထုတ်ဖော်သွားခဲ့ကြသည်။ နိုင်ငံတကာကလည်း အစ္စရေးတို့ အပေါ်တွင် ဖိအားပေးမှုများ ရှိနေခြင်းကြောင်း အာဂျင်တီးနားအသင်းက ခြေစမ်းပွဲကစားမည့် အစီအစဉ်ကို ဖျက်သိမ်းသွားခဲ့ပုံရသည်။

Read more

အီရတ် လုံခြုံရေး တပ်ဖွဲ့ က နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၁၃ ဦး အား ပစ်ခတ်ရှင်းလင်း

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ အထူး တပ်ဖွဲ့ဝင် တစ်ဦး တိုက်ပွဲဝင် နေသည် ကို မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇွန် ၆ ရက်

Read more