သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်လံတော်သစ်တင်ပွဲအခမ်းအနား ကျင်းပ

 

သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ရှိအလံတိုင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ပြည်ခိုင်ဖြိုးပါတီ အောင်လံတော်သစ်တင်ပွဲအခမ်းအနားကို (၂၇.၆.၂၀၁၈) ရက်နေ့နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်အတွင်းရေးမှူးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။


Read more

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အလံသစ်တင်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင်ဇွန်လ(၂၇) ရက်နံနက် (၉) နာရီက နိုင်ငံတော်အလံနှင့်ပြည်ခိုင်ဖြိုးပါတီအလံသစ်လွှင့်တင်ပွဲအခမ်းအနား ကျင်းပသည်။
ပြည်ခိုင်ဖြိုးပါတီအလံသစ်လွှင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဗဟိုပါတီကော်မတီဝင် ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဦးတင်အောင်နှင့် တိုင်းပါတီကော်မတီဝင် ဒေါက်တာကျော်စိုးတို့က နိုင်ငံတော်အလံနှင့်ပြည်ခိုင်ဖြိုးပါတီအလံသစ်အား တိုင်ထိပ်သို့လွှင့်ထူသည်။
ထို့နောက် တက်ရောက်လာသူများမှ နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံနှင့်ပါတီအလံသစ်တို့အား အလေးပြု၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

Read more

သံတွဲခရိုင်​နှင့်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ အလံတင်အခမ်းအနားနှင့် အလေးပြုခြင်းအခမ်းအနားကျင်းပ

 

ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးတင်​​မောင်​သန်း၊ သံတွဲခရို​င်​ဥက္ကဌ ဦး​ကျော်​ဇင်​၊ခရိုငိပါတီ​​ကော်​မတီဝင် ​ဦးဝင်းသိန်းနှင့် ဦးသန်းစိုး၊ မြို့နယ်​ဥက္ကဌ ဦးစန်းနိုင်​နှင့် ကော်​မတီဝင်​များ၊ ပါတီဝင်​လူငယ်​များသည် ​ယ​နေ့နံနက်​ ၉ နာရီတွင်​ အလံတင်​အခမ်းအနားနှင့် အ​လေးပြုခြင်းအခမ်းအနားကို သံတွဲခရိုင်​နှင့်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင်​ ကျင်းပပါသည်။


Read more

ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မအူပင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန်အစည်း အဝေးကို ယမန်နေ့နံနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီခွဲအထိ ပန်းတနော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

Read more

၂၁ ရာစုပင်လုံဖွင့်ပွဲသို့ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားမည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြား မည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အတွင်းရေးမှူးတာလှဖေက ပြောသည်။

Read more

ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုအလိုက် ဆိုင်းဘုတ်အသစ်တင်

 

မန္တလေးတိုင်းဒေသကြီးညောင်ဦး ခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်အတွင်းရှိ ကျေး ရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ် အဟောင်းများကို ဖြုတ်သိမ်း၍ ဆိုင်းဘုတ်အသစ်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပါတီကော်မတီဝင်တစ်ဦးထံမှ သိရသည်။

Read more

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

စဥ့်ကိုင် ဇွန် ၂၆

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ စွန်ရဲအုပ်စု ရှမ်းကန်အုပ်စု တောင်ရင်းအုပ်စု (၃)အုပ်စု ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကြည်ပြုံး၊ အတွင်းရေးမှူး ဦးထွန်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့ဝင် များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

Read more

မူးယစ်ဆေးသတင်းပေး တိုင်ကြားသူများ ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတပြောကြား

မူးယစ်ဆေးဝါး ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးတွင် မူးယစ်ဆေးဝါးအထူးသတင်းပေး တိုင်ကြားရေးဌာနဖွဲ့စည်းထားပြီး သတင်းပေးတိုင်ကြားသူများအား ထိုက်တန်သည့် ဆုကြေးနှင့် အခွန်ကင်းလွတ် ခွင့်ပေးမည်ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။

မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းများကို ထိထိရောက်ရောက်ဖော် ထုတ်မည်ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၌ကျင်းပသော ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတက ထည့်သွင်းပြောကြားသည်။

Read more

ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရခိုင်အရေးပြည်သူ့သဘောထားအမြင်ဆွေးနွေး

 

ရန်ကုန် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်အရေး ပြည်သူ့သဘောထားအမြင်ဆွေးနွေး ပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဝါရင့် သတင်းစာဆရာကြီး စာရေးဆရာ တက္ကသိုလ်မြတ်သူ၊ အရှေ့ပိုင်း ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်းနှင့် ခရိုင်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှ မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်စာရေးဆရာအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ အင်အား ၈၅ဦး ခန့်တက်ရောက်ခဲ့ကြသည်။

Read more

ကမ္ဘာ့ဖလားအိမ်ရှင် ရုရှားရှိ ဟိုတယ်တလုံး ဗုံးခြိမ်းခြောက်ခံရ၊ တည်းခိုသူများကို ရွှေ့ပြောင်း

ရုရှားနိုင်ငံအတွင်း ကမ္ဘာ့ဖလားဘောလုံးပွဲ လက်ခံကျင်းပရာ ရာစတို့ဗ် ဗွန်ဒါနွန်မြို့က ဟိုတယ်တလုံးမှာ ဇွန်လ ၂၆ ရက် နှောင်းပိုင်းက ဗုံးခြိမ်းခြောက်မှု ရှိခဲ့လို့ တည်းခိုနေတဲ့လူတွေကို ရဲတွေက ဘေးကင်းရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

ကွန်ဂရက်စ်တိုပိုစာ ဟိုတယ်ကို ကမ္ဘာ့ဖလားပွဲအတွက် တရားဝင်ဟိုတယ်အဖြစ် ကမ္ဘာ့ဘောလုံးအသင်းချုပ် (ဖီဖာ) က သတ်မှတ်ပေးထားတာပါ။

Read more