မလေးရှား ဝန်ကြီးချုပ်ဟောင်းထံက ဒေါ်လာ ၂၇၃ သန်းကျော်ဖိုး သိမ်းဆည်းရရှိ

မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak နာဂျစ် ရာဇတ်ထံကနေ ငွေမည်းခဝါချမှုနဲ့ ပတ်သက်ပြီး သိမ်းဆည်းရမိတဲ့ ရွှေ၊ ငွေ ကျောက်မျက်ရတနာ၊ အဖိုးတန် နာရီနဲ့ လက်ပွေ့အိပ် ရာပေါင်းများစွာရဲ့ စုစုပေါင်း တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၂၇၃ သန်းကျော်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ မနေ့က ထုတ်ပြန် ပြောကြားပါတယ်။

Read more

Putin နဲ့ Trump တတိယနိုင်ငံမှာတွေ့ဆုံဖို့ သဘောတူညီမှုရ

ရုရှားသမ္မတ Putin နဲ့ အမေရိကန်သမ္မတ Trump တို့ ၂၀၁၇ နိုဝင်ဘာ ဗီယက်နမ်နိုင်ငံက APEC ညီလာခံမှာတွေ့ဆုံကြစဉ်။

 

မော်စကို၊ ဇွန် ၂၈

ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တတိယနိုင်ငံတစ်ခုတွင် ၎င်းတို့၏ ပထမဆုံး တရားဝင် ထိပ်သီးအစည်းအဝေးကို တွေ့ဆုံကြရန် သဘောတူ ထားကြပြီဖြစ်ကြောင်း နှစ်ဖက်အစိုးရ တာဝန်ရှိသူများက ဇွန် ၂၇ ရက်တွင် ပြောကြသည်။

Read more

ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီရုံး၌ ပါတီအလံသစ်လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ( ၈း ၃၀ ) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်အား စတင်လွှင့်ခဲ့ပါကြသည်။
အဆိုပါအလံသစ်လွှင့်တင်ပွဲသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ ဘဏ္ဍာရေးမှူး ဦးမောင်ကျော်ဇံ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးကျော်စိန်အောင်၊ ဦးစောမောင်သိန်း ၊ ဦးအောင်စံမြ ၊ ဦးထွန်းစံမောင် တို့နှင့်အတူ ပါတီရုံးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါသည်။

Read more

ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ် လွှင့်ထူ

 

ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဝင်းနိုင်ဦး၊ မကွေးခရိုင် အရံကော်မတီဝင် ဦးဇော်လွန်းအောင်၊ ချောက်မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းလိုင်၊ မြို့နယ်ကော်မတီဝင်များ ၊ ရပ်/ကျေးဥက္ကဌ များ အင်အား (၃၀) ဦးတို့ မှ ချောက်မြို့နယ်ပါတီရုံးနှင့် အမှတ် (၅) နယ်မြေ ရွှေသူဌေးကုန်းရပ်ကွက်ရုံးတို့ တွင် ပြည်ခိုင်ဖြိုးပါတီအလံသစ်အား ယနေ့နံနက် ၉ နာရီ အချိန်တွင် အလံလွှင့်ထူခဲ့ပါသည်။

Read more

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ အလံတင်အခမ်းအနားပြုလုပ်

 

ရန်​ကုန်​တိုင်း​ဒေသကြီး​ရွှေပြည်​သာမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှပါတီအလံအသစ်​တင်​ခြင်းအခမ်းအနားနှင့်​ပါတီဆိုင်းဘုတ်​အသစ်​တင်​ပွဲအခမ်းအနားကိုယ​နေ့(27-6-2018)နံနက်​(9:00)အချိန်​တွင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌မြို့နယ်​ပါတီဥက္ကဌဦးလင်း​အောင်​​အောင်​မှဦး​ဆောင်​၍မြို့နယ်​ပါတီ​ကော်​မတီဝင်​များ-မြို့နယ်​လူငယ်​​ကော်​မတီဝင်​များနှင့်​ရပ်​​ကျေး​ဥက္ကဌများနှင့်​​ရပ်​​ကျေး​ကော်​မတီဝင်​များဖြင့်​စည်းရုံးညီညွှတ်​စွာဖြင့်​​အောင်​မြင်​စွာကျင်းပခဲ့ပါသည်​။

Chan Mya Aye


Read more

မြေပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီအလံသစ်လွှင့်ထူ

 

မြေပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအလံသစ်အား ယနေ့ (27- 6-2018) ရက်နေ့ နံနက် (11:00) နာရီတိတိအချိန်တွင် ဥက္ကဌ ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ၊ ဘဏ္ဍာရေးမှူးး ၊ မြို့နယ်ကော်မတီများနှင့်ရုံးဝန်ထမ်းများအားလုံး အလံသစ်အားလွှင့်ထူခဲ့ကြပါသည်။


Read more

မှော်ဘီမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်လွှင့်ထူ

 

၂၀၁၈ခုနှစ်၊ဇွန်လ(၂၇) ရက်နေ့နံနက်(၉း၀၀) နာရီအချိန်တွင်မှော်ဘီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ လွှင့်ထူထားသောအလံတိုင်တွင် ပြည်ခိုင်ဖြိုးပါတီ အလံသစ်အားလွှင့်ထူခဲ့ကြသည်။အဆိုပါအလံသစ်တင်အခမ်းအနားသို့မှော်ဘီမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဋ္ဌ ဦးလှဦး၊အတွင်းရေးမှူး ဦးအေးလွင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့်ရပ်ကျေးပါတီကော်မတီဝင်များ၊ရုံးဝန်ထမ်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
#Phyowailinn


Read more

စစ်​ကိုင်းတိုင်း​ဒေသကြီး ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီအလံတင်​အခမ်း အနားပြုလုပ်

 

စစ်​ကိုင်းတိုင်း​ဒေသကြီး ၊ မုံရွာမြို့ ၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၊တိုင်း ပါတီရုံး၌ ၊ ယ​နေ့ ဇွန်​လ ၂၇ ရက်​​နေ့ ၊နံနက်​ ၀၉း ၀၀ နာရီအချိန်​က ပါတီအလံတင်​အခမ်း အနားပြုလုပ်​ပါသည်​။
ပါတီအလံတင်​အခမ်းအနားသို့ ၊စစ်ကိုင်းတိုင်းဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ဇော်​ဦးနှင့်​တိုင်းပါတီ​ကော်​မတီဝင်​များ ၊ ပြည်​သူ့ဆက်​ဆံ​ရေးနည်းပြသင်​တန်း သား/သူများ စုစု​ပေါင်း( ၄၇ )ဦးတက်​​ရောက်​ပါသည်​။
အခမ်းအနားတွင်​၊ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေး နှင့်​ဖွံ့ဖြိုး​ရေးပါတီအလံအား လွှင့်​ထူပြီး ၊ နိုင်​ငံ​တော်​အလံအားအ​လေးပြုကာ၊ တက်​​ရောက်​လာသူများက “နိုင်​ငံ​တော်​” သီချင်း သံပြိုင်​သီဆို အဓိဋ္ဌာန်​ပြုခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်​ပုံများရိုက်​ကူးကာ မနက်(၀၉:၁၅)အချိန်တွင် အခမ်းအနားကို ရုတ်​သိမ်းခဲ့ပါသည်​။

Read more

ကျိုက်ထိုမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီအလံအသစ်တင်အခမ်းအနားပြုလုပ်

 

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့ နယ်ရုံး၌ ၂၇ .၆ .၂၀၁၈ ရက်နေ့နံနက် ၉း၀၀ နာရီအချိန်တွင် ပြည်ခိုင်ဖြိုးအလံအသစ်တင်အခမ်းအနားအား မြို့နယ်ပါတီဥက္ကဌ ဦးဇေယျာဦး ၊ အတွင်းရေးမှူး ဦးကြည်စိုးနှင့် မြို့နယ်ကော်မတီဝင်များ တတ်ရောက်ပြီး အခမ်းအနားအား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။


Read more

ဒဂုံတောင်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုးံ၌ ပါတီအလံသစ်လွှင့်ထူ

 

၂၀၁၈ ဇွန်လ ၂၇ရက်နေ့နံနက် ၈ နာရီ ၁၀ မိနစ် မင်္ဂလာအချိန်တွင် ဒဂုံတောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မြို့နယ်ရုံးတွင် နိုင်ငံတော်အလံနှင့် ပြည်ခိုင်ဖြိုးပါတီ အလံအသစ်တင်ပွဲအခမ်းအနားကို မြို့နယ်ဥက္ကဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ ၃၂ ရပ်ကွက်ဥက္ကဌနှင့် ကော်မတီဝင်များ လူငယ်အမျိုးသမီးကော်မတီဝင်များ တက်ရောက်၍ အလံတင်အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံနှင့်ပါတီအလံအား လွှင့်တင်အလေးပြုပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

Read more