မြန်မာ့လူဦးရေ၏ ထက်ဝက်ခန့်သည် အိမ်ရာချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း အစိုးရထုတ်ပြန်

မြန်မာနိုင်ငံ၏လူဦးရေ ထက်ဝက်ခန့်သည် အိမ်ရာချို့တဲ့မှု နှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း ပြည်သူ့အင်အား ဦးစီးဌာန က ယမန်နေ့တွင် ထုတ်ပြန်သည့် ‘မြန်မာနိုင်ငံရှိ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝ ဖူလုံရေး’ စာတမ်း၌ ဖော်ပြသည်။

Read more

M ပိုက်ဆံတွင် QR Code ဖြင့် ငွေပေးချေနိုင်ရန် Ooredoo ဆောင်ရွက်

M ပိုက်ဆံအသုံးပြုသူတွေ QR Code အသုံးပြုကာ ငွေပေးချေမှုတွေ ပြုလုပ်သွားနိုင်ဖို့ Ooredoo အနေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Quick Response(QR) Code နဲ့ငွေပေးချေတာ၊ လျှပ်စစ်မီတာခ၊ ရေခွန်ပေးဆောင်တာနဲ့ အစိုးရနဲ့ဆိုင်တဲ့ ငွေပေးချေစနစ်တွေမှာ ငွေလွှဲပြောင်းမှုတွေလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ M ပိုက်ဆံမှာ မိုဘိုင်းဖုန်း ကနေ တစ်ဆင့် ကျသင့်ငွေပေးဆောင်ခြင်း၊ သုံးစွဲသူအနေနဲ့ M ပိုက်ဆံ ကိုယ်စားလှယ်ကနေ တစ်ဆင့် ငွေသား ထုတ်ယူတာနဲ့ ဘဏ်စာရင်းအတွင်း ငွေလွှဲပြောင်းမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Read more

ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေကို သွေးထိုးပေးနေကြောင်း သာယဉ်ဝန်ကြီး ပြောဆို

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံကို အဆက်မပြတ် အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ သွေးဆောင်ခံထားရသူတွေဖြစ်တယ်လို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ဘင်္ဂါလီ တွေကို ပြန်ခွင့်ပြုမှာမဟုတ်ကြောင်း၊ ပြန်လွှတ်လိုက်ရင် လူဦးရေ ကျဆင်းသွားမှာဖြစ်ကြောင်း၊ ဒုက္ခသည်စခန်း တွေမှာလည်း ဘင်္ဂါလီလူငယ်တွေကို မြန်မာပြည်ကို အလုံးအရင်းနဲ့ ၀င်ရောက်နိုင်ဖို့ သွေးဆောင် လှုံ့ဆော် နေကြောင်း ပြောဆိုခဲ့တာကို NewsWatch သတင်း ဝက်ဆိုဒ်က တင်ထားတဲ့ ဗီဒီယိုမှာ တွေ့ရတယ်လို့လည်း ဖေါ်ပြပါတယ်။

Read more

ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဇီးဖြူကုန်းကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်

ရွှေဘို၊ ဒီဇင်ဘာ ၎

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ဆိပ်ခွန်တိုက်နယ် ဇီးဖြူကုန်းကျေးရွာ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းဇော်၏ နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်ကြောင်း သိရသည်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီလူငယ်များ အမျိုးသမီးညီလာခံကို ကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေမှ ပြည်ခိုင်ဖြိုးပါတီ လူငယ်ခေါင်းဆောင် ဦးကျော်ဌေး၊ အမျိုးသမီး လူငယ်ခေါင်းဆောင် ဒေါ်သီတာထွေးတို့ ဦးဆောင်၍ ပုဗ္ဗသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်၌ လူငယ်အင်အား ၁၆ဝ ဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ကြသည်။

Read more

ထိပ်ဆုံးလေးသင်းဝင်ပါက အံ့သြစရာကိစ္စဖြစ်မည်ဟု မန်ယူနည်းပြ မော်ရင်ဟို ပြောကြား

မိမိတို့အနေဖြင့် ထိပ်ဆုံးလေးသင်းစာရင်းဝင်ရောက်ကာ ရာသီအဆုံးသတ်နိုင်ပါက အံ့ဩဖွယ်ရာကိစ္စ ဖြစ်လာမည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြော သည်။

ဒီဇင်ဘာ ၁ ရက်က ဆောက်သမ်တန်နှင့် နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် မန်ယူသည် ၂၂ မှတ် ဖြင့် အဆင့် (၇)တွင် ရှိနေပြီး အဆင့် (၄)ရှိ အာဆင်နယ်ကို လိုက်မီရန် ရှစ်မှတ်လိုနေသည်။

Read more

စီးရီးအေ အကောင်းဆုံးကစားသမားဆုကို အိုင်ကာဒီရရှိပြီး နည်းပြဆုကို အယ်လီဂရီဆွတ်ခူး

ပြီးခဲ့တဲ့ ရာသီစီးရီးအေအကေင်းဆုံးဆုတွေကို မနေ့ညက ပေးအပ်ခဲ့ရာမှာ တစ်နှစ်တာအကောင်းဆုံး ကစားသမား ဆုကို အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၁၁ နောက်ပိုင်း ဂျူဗင်တပ် ကစားသမား မဟုတ်သူတွေထဲက တစ်ဦး အကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။

Read more

အူဘာမီယန်းကို ငှက်ပျောခွံဖြင့် ပေါက်ခဲ့သည့် စပါးပရိသတ် ပွဲကြည့်ခွင့် တသက်တာအပိတ်ခံရ

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ငှက်ပျောသီးခွံနဲ့ ပစ်ပေါက်ခဲ့တဲ့ စပါးပရိသတ် ပန်တယ်လီကို စပါးအသင်းက တသက်တာ ပွဲကြည့်ခွင့် ပိတ်ပင်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးခဲ့ပါတယ်။ အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက ပယ်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူအပြီးမှာ စပါးအသင်း ပရိသတ်တွေနား အောင်ပွဲခံခဲ့တာပါ။ အဲဒီအချိန်မှာ စပါးပရိသတ် တဦးဖြစ်တဲ့ ပန်တယ်လီက ငှက်ပျောသီးခွံနဲ့ ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း ကို လူမျိုးရေးခွဲခြားလိုစိတ်နဲ့ ငှက်ပျောသီးခွံနဲ့ ပစ်ပေါက်ခဲ့တာ မဟုတ်ဘူးလို့ ပစ်ပေါက်ခဲ့တဲ့ ပန်တယ်လီက ပြောပါတယ်။

Read more

ကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခြေခံကွန်ပျူတာသင်တန်းဖွင့်

ကလေး၊ ဒီဇင်ဘာ ၎

Read more

ပြင်သစ်နိုင်ငံတွင် လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ဆိုင်းငံ့မည်

ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်အနေဖြင့် လာမည့်လတွင် စတင်မည့် လောင်စာဆီအပေါ် အခွန်တိုးမြှင့် ကောက်ခံမည့် အစီအစဉ်အား ဆိုင်းငံ့ထားမည်ဟုထုတ်ပြန်ကြေညာရန် မျှော်လင့် ရကြောင်း အင်န်အိတ်ခ်ျကေ သတင်းတွင် ဖော်ပြသည်။

လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်အား ပြင်သစ်နိုင်ငံတစ်ဝန်းလုံးတွင် ဆန့်ကျင်ဆန္ဒပြ မှုများ မကြာသေးမီက ဖြစ်ပေါ်လာပြီးနောက် ယင်းအစီအစဉ်အား ဆိုင်းငံ့ထားရန် လုပ်ဆောင်မှုများ ပြုလုပ် လာခြင်းဖြစ်သည်။

Read more