ယူကျူ့ဘ်ချန်နယ်မှာ ကစားစရာအကြောင်းပြောတဲ့ ဗီဒီယိုတွေတင်ပြီး ဒေါ်လာ ၂၂ သန်း ဝင်ငွေရှိနေတဲ့ ၇ နှစ်သား

ကလေးကစားစရာ အရုပ်များအကြောင်း မိတ်ဆက် သုံးသပ်သည့် ရွိုင်ယန်အမည်ရှိ အသက် (၈)နှစ်အရွယ် ကလေးတစ်ဦးသည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၂၂ သန်းဖြင့် YouTube တွင် တစ်နှစ်တာ ဝင်ငွေအများဆုံး ကြယ်ပွင့်အဖြစ် ရပ်တည်ခဲ့သည်။

ဇွန်လအထိ ၁၂ လအတွင်း ရွိုင်ယန်၏ Ryan ToysReview ယူကျုဘ်ချန်နယ်သည် အမေရိကန် ဆယ်ကျော်သက် ဂျိတ်ခ် ပေါလ် (၂၁)နှစ်ထက် ဒေါ်လာ ငါးသိန်း ပိုရခဲ့ကြောင်း Forbes မဂ္ဂဇင်းက ထုတ်ပြန်သည်။

Read more

စပိန်တွင် ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့်ပါတီ လွှတ်တော်အတွင်းသို့ရောက်ရှိ

စပိန်ဒေသဆိုင်ရာ လွှတ်တော်များထဲတွင်သြဇာကြီးမားသည့် လွှတ်တော်တစ်ခုဖြစ်သော အန်ဒူလူစီယာဒေသ ဆိုင်ရာ လွှတ်တော်အတွင်းသို့ ရွှေ့ပြောင်းအခြေချသူများအား ဆန့်ကျင်သည့် မူဝါဒကို စွဲကိုင်ထားသောပါတီ ရောက်ရှိလာခြင်းကြောင့် စပိန်နိုင်ငံ၏ ရွှေ့ပြောင်းအခြေချသူများအားနှင့်ဆိုင်သော မူဝါဒပိုင်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း ရုရှားတိုင်းမ် သတင်းဌာနက ဖော်ပြသည်။

Read more

ကမ္ဘောဒီးယား အတိုက်အခံတွေ နိုင်ငံရေးပြန်လုပ်ခွင့်ရလာဖွယ်ရှိ

ကမ္ဘောဒီးယားနိုင်ငံမှာ တားဆီးပိတ်ပင်ခံထားရတဲ့ အတိုက်အခံပါတီဝင်တွေကို နိုင်ငံရေးဆောင်ရွက်ခွင့် ပြန်ရဖွယ် ရှိနေပြီး၊ သတင်းမီဒီယာတွေလည်း ပြန်ပွင့်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အဓိက အတိုက်အခံပါတီ မပါဝင်ဘဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ အနိုင်ရခဲ့အပြီး၊ အကျဉ်းကျနေတဲ့ အစိုးရဝေဖန်သူတွေ၊ စာနယ်ဇင်း သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အများအပြား ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။

Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံစက်ချုပ်သင်တန်းဖွင့်

ရန်ကုန်၊ ဒီဇင်ဘာ ၎

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ အမျိုးသမီးရေးရာ အခြေခံစက်ချုပ် သင်တန်းအမှတ်စဉ် ၇/၂ဝ၁၈ ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပုသိမ်ညွန့်ရပ်ကွက် ဆီစက်ဝင်း သာသနဟိတ ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ဗဟိုကော်မတီ တိုင်းအမျိုး သမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်အကြောင်းအရာများကို ပြောကြားခဲ့သည်။ ထိုအခမ်းအနားသို့ ဗဟိုကော်မတီ ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်း ဆရာဆရာမများ၊ သင်တန်းသူများ၊ ရပ်ကွက်ပါတီခေါင်းဆောင်များ စုစုပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့သည်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဘိလပ်မြေအိတ်များလှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ ၎

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကရင်တိုင်းရင်း သားများ နေထိုင်ရာ တောင်ပေါ်ဒေသ ဇေယျာသီရိမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ ကွန်ကရစ်လမ်း ခင်းနိုင်ရေးအတွက် ဘိလပ်မြေအိတ် ၅ဝ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ရေးညှိနှိုင်းဆွေးနွေး

 ရန်ကုန်၊ ဒီဇင်ဘာ ၃

လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါတီဝင်စိစစ်ရေးလုပ်ငန်း ဆောင်ရွက်ရန် အစည်း အဝေး ပြုလုပ်ကြောင်း သိရသည်။

Read more

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲကျင်းပ

မိုးကောင်း ဒီဇင်ဘာ ၃

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုအဆင့်မြင့် စက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

Read more

ဆောက်သမ်တန်နည်းပြရာထူးကနေ မာ့ဟုခ်ျ ထုတ်ပယ်ခံရ

ပရီးမီးယားလိဂ်မှာ (၁၀)ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးတဲ့နောက် နည်းပြမာ့ဟုခ်ျဟာ ဆောက်သမ်တန်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဆောက်သမ်တန်ဟာ ပြီးခဲ့တဲ့ စနေနေ့က မန်ယူနဲ့ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၁၈) နေရာမှာ ရပ်တည်နေပါတယ်။ မာ့ဟုခ်ျဟာ ဆောက်သမ်တန်အသင်းကို (၈)လကြာ ကိုင်တွယ်အပြီးမှာ အခုလိုရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ဗုဒ္ဓဟူးနေ့မှာ စပါးနဲ့ကစားမယ့်ပွဲကို ပထမအသင်းနည်းပြ ကယ်လ်ဗင်ဒေးဗစ် ကိုင်တွယ်သွားမှာပဲဖြစ်ပါတယ်။

Read more

အဂူရိုနဲ့ဟာဇက်ကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဆာလာ

လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက ကစားသမားတွေအပြင် အသင်းဖော် ဗန်ဒိုက်ကိုပါ ကျော်ဖြတ်ပြီး FSF က မဲပေးရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Football Supporters’ Federation က ပြုလုပ်တဲ့ မဲပေးရွေးချယ်မှုမှာ မိုဟာမက်ဆာလာဟာ ပရိသတ်ဦးရေ ၃၆၆၀၀၀ ရဲ့မဲပေးရွေးချယ်မှုအရ ပထမ ရရှိခဲ့တာဖြစ်ပါတယ်။

Read more

ရေပန်းစားတဲ့အတိုင်း ၂၀၁၈ Ballon d’Or ဆုကို မိုဒရစ်ဆွတ်ခူးပြီး မက်ဆီနဲ့ စီရော်နယ်ဒို တို့ရဲ့လွှမ်းမိုးမှုကို အဆုံးသတ်လိုက်

၂၀၁၈ Ballon d’Or ဆုပေးပွဲအခမ်းအနားကို မနေ့ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့ရာမှာ အားလုံး မျှော်လင့်ထားတဲ့အတိုင်း ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် မိုဒရစ်က ဆုရရှိ သွားခဲ့ပါတယ်။ အခုလိုသူဆုရလိုက်တာဟာ Ballon d’Or ဆုကို ၁၀ စုနှစ်တစ်ခုကြာတစ်လှည့်စီသိမ်းပိုက်ခဲ့ကြတဲ့ မက်ဆီနဲ့ စီရော်နယ်ဒို တို့ရဲ့လွှမ်းမိုးမှုကို အဆုံးသတ် လိုက်ခြင်းလည်း ဖြစ်ခဲ့ပါတယ်။

Read more