ဟာဇက်ကို ခေါ်ယူဖို့ ရီးရဲလ်တို့ သဘောတူညီမှုရခဲ့ပြီဟု စပိန်သတင်းဌာနများ ဖော်ပြ

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ စူပါစတား အီဒင်ဟာဇက်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ စပိန်နာမည်ကျော်သတင်းစာ AS က ဖော်ပြသွားခဲ့ပါတယ်။ စပိန်ရေဒီယိုတစ်ခုဖြစ်တဲ့ Onda Madrid ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး AS က ပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Read more

အဲဗာတန်နှင့်ပွဲတွင် အလွန်အကြူးအောင်ပွဲခံခဲ့သော လီဗာပူးနည်းပြ ကလော့ပ် ဒဏ်ငွေရိုက်ခံရ

အဲဗာတန်နှင့်မာဆေး ဆိုက်ဒါဘီပွဲ၌ နောက်ဆုံးမိနစ်တွင် အနိုင်ဂိုးရပြီးနောက် အလွန် အကြူး အောင်ပွဲခံခြင်းကြောင့် အက်ဖ်အေဘောလုံးအဖွဲ့ချုပ်က လီဗာပူးနည်းပြဂျာဂန်ကလော့ပ် ကို ပေါင်ငွေ ၈,၀၀၀ ဒဏ်ရိုက်ခဲ့သည်။

တနင်္ဂနွေနေ့က အဲဗာတန် ကို ၁-၀ ဂိုးဖြင့် နိုင်သောပွဲတွင် ဒီဖော့အိုရီဂီက နာကျင်အချိန်ပို ခြောက်မိနစ်၌ ဂိုးသွင်းယူ ပြီးနောက် ကလော့ပ်ကကွင်းအတွင်း ပြေးဝင်ကာ ဂိုးသမားအလီဆင် ကို ပွေ့ဖက်ခဲ့သည်။

Read more

လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်း ထိုင်းကလပ်ချောင်ဘူရီနှင့် စာချုပ်ချုပ်ဆို

(ဓာတ်ပုံ − Chonburi FC)

 

ရန်ကုန်ယူနိုက်တက်မှ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းကို ထိုင်းလိဂ်-၁ ကလပ်ချောင်ဘူရီအသင်းက တစ်ရာသီစာချုပ်ဖြင့် အပြီးသတ်ခေါ်ယူခဲ့ကြောင်း အသင်းဝက်ဘ် ဆိုက်က ဖော်ပြထားသည်။

 ချောင်ဘူရီအသင်းသည် ဇော်မင်းထွန်းကို ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်က ကြံ့ခိုင်မှုနှင့် ဆေးစစ်ခြင်း၊ အသင်းနှင့် ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ အောင်မြင်သဖြင့် အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့သည်။

Read more

အစိုးရကို ဆန္ဒပြမှုများကြောင့် ပြင်သစ်လီဂူးပွဲစဉ်အချို့ ရွှေ့ဆိုင်း

ပြင်သစ်လီဂူး ပြိုင်ပွဲကျင်းပရေးကော်မတီသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့်အခြေအနေများကြောင့် ပြင်သစ်လီဂူး ပွဲစဉ်အချို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြင်သစ်တွင် အစိုးရအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြုလုပ်နေကြသည်။ အဓိကမြို့ကြီးများတွင် လူအများက မီးရှို့ဖျက်ဆီးမှုများအပါအ၀င် လုံခြုံရေးထိခိုက်နိုင်သည့် အပြုအမူများကို ပြုလုပ်နေကြသည်။

ထို့ကြောင့် ပြင်သစ်ရဲအဖွဲ့က ပရိသတ်စုရုံးမှု ပိုများနိုင်သည့်ဘောလုံးပွဲများကြောင့် ပိုမိုရှုပ်ထွေးလာနိုင်သည့် အခြေအနေများရှိနေ၍ ပြင်သစ်လီဂူးထံသို့ ပွဲရွှေ့ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Read more

အမေရိကန်က နျူကလီးယားစာချုပ်လိုက်နာမှုနှင့်ပတ်သက်ပြီး ရုရှားကို ရက်ပေါင်း ၆၀ အချိန်ပေး

နျူကလီးယားလက်နက် သဘောတူညီချက်ကို လိုက်နာဖို့အတွက် ရုရှားကို ရက်ပေါင်း ၆၀ အချိန်ပေး လိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်အနေနဲ့ ၁၉၈၇ ခုနှစ် နျူကလီးယားလက်နက် သဘောတူစာချုပ် (INF) ကနေ နုတ်မထွက်ခင် နောက်ဆုံးအနေနဲ့ သံတမန်နည်းလမ်း ကျင့်သုံးသင့်တယ်ဆိုပြီး ဂျာမနီဦးဆောင်တဲ့ နေတိုး မဟာမိတ်တွေက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ဖိအားပေးခဲ့ပါတယ်။

Read more

အင်ဒိုနီးရှား၌ ခွဲထွက်ရေးအုပ်စုများက အလုပ်သမား ၃ဝ ကျော်ကို သတ်ဖြတ်ခဲ့ဟု သတင်းထွက်ပေါ်

ဂျကာတာ ဒီဇင်ဘာ ၅

အင်ဒိုနီးရှားနိုင်ငံ ပါပူရာအရှေ့ပိုင်း ပြည်နယ်တွင် ဆောက်လုပ်ရေးလုပ်သား ၃ဝ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ခွဲထွက်ရေး သူပုန်အုပ်စုများက လုပ်ဆောင်ခဲ့သည် ဟု ရဲတပ်ဖွဲ့က သံသယဖြစ်လျက် ရှိသည်။

Read more

အင်တာနက်ဆက်သွယ်မှု ပိုမိုကောင်းမွန်လာရေး အလေးလံဆုံး ဂြိုဟ်တုကို အိန္ဒိယလွှတ်တင်

အင်တာနက် ဆက် သွယ်ရေးများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး ပြင်သစ် ဒုံးပျံဖြင့် လွှတ်တင်ခဲ့သော အိန္ဒိယ နိုင်ငံ၏ အလေးလံဆုံးဂြိုဟ်တု သည် ကမ္ဘာ့ဂြိုဟ်ပတ်လမ်းအ တွင်း ရောက်ရှိခဲ့သည်။

၅,၈၅၄ ကီလိုဂရမ်လေး သော GSAT-11 ဂြိုဟ်တုသည် အိန္ဒိယနိုင်ငံ၏ အဆင့်အမြင့်ဆုံး ကြိမ်နှုန်းပေါင်းစုံပါ ဆက်သွယ် ရေး ဂြိုဟ်တုဖြစ်သည်။

Read more

ရေနံတင်ပို့ရောင်းချမှုကို အမေရိကန် တားဆီးဟန့်တားလာပါက ပါရှားပင်လယ်ကွေ့အား ပိတ်ပစ်မည်ဟု အီရန် သမ္မတ သတိပေး

အီရန်သမ္မတ ရူဟာနီက အမေရိကန်ဘက်မှ အီရန်၏ ရေနံတင်ပို့ရောင်းချမှုများကို တားဆီးဟန့်တားလာပါက ပင်လယ်ကွေ့ဒေသတွင် အဓိကကျသော ပါရှားပင်လယ်ကွေ့အား စစ်အင်အားသုံးကာ ပိတ်ပစ်မည်ဟု သတိပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြသည်။

အမေရိကန်သည် အီရန်အား ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက် အီရန်၏ အဓိက၀င်ငွေရလမ်းဖြစ်သော ရေနံတင်ပိုရရောင်းမှုများကိုပါ ဟန့်တာနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

Read more

တင်းတိပ်ကြောင့် စိတ်ညစ်နေသူများ အတွက် သဘာဝ တင်းတိပ်ပျောက်ဆေး

” တင်းတိပ်ဆိုတာ မျက်နှာအသားကို နေပူလောင်တာ၊ မီးပူမိတာကစတာပါ “..” မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာ တွေလည်းပါတာပေါ့” သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ ။ ကျွန်တော် အဲဒီနည်းကို အမကြီးတွေ ၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။

Read more

အိမ်သုံး FTTH အင်တာနက်ဝန်ဆောင်မှု MPT ထပ်မံတိုးချဲ့

အိမ်သုံးအင်တာနက်လိုင်းဖြစ်တဲ့ FTTH အင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်ရှိနေရာ အချို့မှာ ထပ်မံတိုးချဲ့လိုက်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုံ၊ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ ကြည်မြင်တိုင်၊ ရန်ကင်းအစရှိတဲ့ မြို့နယ်တွေမှာ တိုးချဲ့ထားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ ရှမ်းပြည်နယ်မှာ တောင်ကြီးမြို့ တို့မှာ တိုးချဲ့လိုက်ကြောင်း သိရပါတယ်။

Read more