၂၁ ရာစုပင်လုံတွင် နိုင်ငံရေးအရ အနှစ်သာရရှိသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရန် အစိုးရအဆိုပြု

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော် မတီ(UPDJC)အစည်းအဝေးတွင်  ၁၀ နာရီကြာညှိနှိုင်းပြီး နောက် ၂၁ရာစုပင်လုံ၌ နိုင်ငံရေးကဏ္ဍအပါအ၀င် ဆွေးနွေးမည့်အချက် ၁၂ ချက်ရရှိ ကြောင်း အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ဇူလိုင် ၉ ရက်ညတွင် ပြောသည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီအစု အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ်များ အချိုးကျပါဝင်ဖွဲ့စည်းထားသည့် UPDJC အစည်းအဝေးကို ဇူလိုင်  ၉ ရက်နံနက်မှ ည ၈ နာရီ ခန့်အထိ နေပြည်တော်၌ဆွေးနွေးခဲ့သည်။

Read more

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၃၅ ဦး စာရင်းပေး

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင် ၉ ရက်အထိ နိုင်ငံရေးပါတီ ၁၆ ခုမှ ကိုယ်စားလှယ်လောင်း များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၅ ဦးအမည် စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

Read more

မြန်မာကို ICC စစ်ဆေးရေးတင်ဖို့ အခွင့်အလမ်းနည်းပါး

ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးနိုင်ဖို့ ဆိုတာဟာ မြန်မာဘက်မှာ အင်အားကြီးနိုင်ငံတွေ ရှိနေတဲ့အတွက် အလားအလာ အတော်နည်း တယ်လို့ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို မနေ့က သွားရောက်ခဲ့တဲ့ မစ္စယန်ဟီးလီက သတင်းထောက်တွေကို အခုလို ပြောလိုက်တာပါ။

Read more

မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ ၂၁ ရာစုပင်လုံသို့ လမ်းကြောင်းနှစ်ခုမှ လာရောက်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ စလုံး တက်ရောက်မည်ဖြစ်ပြီး ပြည်တွင်းနှင့် တရုတ်နိုင်ငံလမ်း ကြောင်းနှစ်ခုမှ လာရောက်မည်ဟု မိုင်းလား အဖွဲ့(NDAA)အထွေ ထွေအတွင်းရေးမှူး ဦးကြည်မြင့် က ပြောသည်။

Read more

ကမ္ဘာ့ဖလား ဆီးမီး ဖိုင်နယ် Belgium နဲ့ ပြင်သစ် ပွဲ

ပြင်သစ်သမ္မတနှင့် ဘယ်လ်ဂျီယံဘုရင် အကြိုဗိုလ်လုပွဲသို့ တက်ရောက်အားပေးမည်

ကမ္ဘာ့ဖလားဘောလုံးအကြိုဗိုလ်လုပွဲရဲ့ ပထမပွဲစဉ်ကို ဒီကနေ့စတင်ပါလိမ့်မယ်။ ပြင်သစ်နဲ့ Belgium အသင်းတို့ ကစား ကြမှာပါ။

မနက်ဖြန်ကျရင်တော့ ခရိုအေးရှားနဲ့ အင်္ဂလန်အသင်းတို့ကစားကြမှာဖြစ်ပြီး နိုင်တဲ့၂သင်းက နောက်ဆုံးဗိုလ်လု ပွဲကိုတက်၊ ရှုံးတဲ့၂သင်းက တတိယနေရာကို လုရမှာပါ။ နောက်ဆုံးဗိုလ်လုပွဲကို ရုရှားနိုင်ငံရဲ့မြို့တော်မော်စကိုမှာ တနင်္ဂနွေနေ့ကျရင် ကျင်းပပါလိမ့်မယ်။

Read more

ဘလွန်းဒီအောဆု နီးစပ်လာသူများ

ကမ္ဘာ့ဖလားပြိုင်ပွဲသည် ရေပန်းစားသော အသင်းများနှင့် ကစားသမားများ၏ အကောင်းဆုံး အစီအစဉ်များကို ရိုက်ချိုးပစ်နိုင်ကြောင်း သက်သေပြခဲ့ရာ နေမာ ထက်ပို၍ သိသာသော နမူနာမရှိပေ။

နေမာသည် မက်ဆီနှင့်ရော်နယ်ဒိုတို့၏ လောင်းရိပ်မှရုန်းထွက်ရန် ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင်ကြေးဖြင့် ပြောင်းရွှေ့ခဲ့သည်။ ပီအက်စ်ဂျီတွင် ဒဏ်ရာပြဿနာရှိခဲ့သော်လည်း ၎င်း၏ ဘလွန်းဒီအောအလားအလာကို မထိခိုက်ခဲ့ပေ။

Read more

အာဆီယံအမျိုးသမီးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာနှင့်ထိုင်း တွေ့ဆုံ

အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ – MFF)

 

အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို ရှုံးနိမ့်၍ အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်ပြီး ထိုင်းအသင်းနှင့် ရင်ဆိုင် ရမည်ဖြစ်သည်။

Read more

လူးဝစ်အင်းနရစ် စပိန်နည်းပြသစ် ဖြစ်လာ

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်ကို နည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ တာဝန်ယူခဲ့တဲ့ ဖာနန်ဒိုဟီယာရိုဟာ စပိန်နည်းပြအဖြစ်ကရော စပိန်ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာရာထူးကနေပါ ထွက်သွားပြီးနောက် တစ်ရက်အကြာမှာဘဲ အင်းနရစ်ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။ 

90Minutes


Read more

ကမ္ဘာ့ဖလားဆုကြေး ခွဲဝေမည်

ယခုကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ချီးမြှင့်သောဆုကြေး စုစုပေါင်း ကန်ဒေါ်လာသန်း ၄၀၀ ရှိပြီး ၂၀၁၄ ဘရာဇီးကမ္ဘာ့ ဖလားက ချီးမြှင့်ခဲ့သောဒေါ်လာ ၃၅၈ သန်းထက်ပိုများသည်။

ဗိုလ်စွဲမည့်အသင်းသည် ဆုကြေးငွေ ကန်ဒေါ်လာ ၃၈ သန်း ရရှိမည်ဖြစ်ကာ ဒုတိယရရှိသော အသင်းက ၂၈ သန်း ရရှိမည်ဖြစ်သည်။ တတိယနေရာရရှိသော အသင်းက ၂၄ သန်းရရှိမည်ဖြစ် ကာ စတုတ္တနေရာနှင့် အဆုံးသတ်သော အသင်းက ၂၂ သန်း ရရှိမည် ဖြစ်သည်။

Read more

ဒူတာတေး ထံ တင်ပြလိုက်တဲ့ ဖိလစ်ပိုင် အခြေခံဥပဒေသစ် မူကြမ်း

ဖိလစ်ပိုင် သမ္မတ ဒူတာတေး ထံ တင်ပြလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းဟာ ဒူတာတေး ကို အာဏာအသစ်တွေ အပ်နှင်းလိုက်တဲ့အပြင် နောက်ထပ် ၈ နှစ်အထိ သမ္မတ အဖြစ် ဆက်ရှိနေနိုင်မှာဖြစ်တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

Read more