ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး အမေရိကန်သံရုံးမှCounselor Mr. William Flens အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး Political and Economic Affairs Counselor Mr.William Flens အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်လာမည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ နိုင်ငံတကာရေးရာကော်မတီဌာနမှူး ဦးမြင့်ကိုကို တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးPolitical and Economic Affairs Counselor Mr.William Flens နှင့်အတူ အဖွဲ့ဝင်တစ်ဦး တက်ရောက်ကြောင်း သိရသည်။

Read more

ဖီဖာ၏ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် စာရင်းတွင် မက်ဘီ၊ မိုဒရစ်နှင့် ဟာဇက်တို့ပါဝင်

ခရစ်တီယာနိုရော်နယ်ဒို နှင့် မက်ဆီတို့ လွှမ်းမိုးထားသော ဖီဖာအကောင်ဆုံး ကစားသမား ဆုကို စိန်ခေါ်မှုတွင် ကမ္ဘာ့ဖလား ကြယ်ပွင့်များဖြစ်သော ကိုင်လီ ယန်မက်ဘီနှင့် လူကာမိုဒရစ်တို့ က ဦးဆောင်မည်ဖြစ်သည်။

Read more

ဘယ်လ်ဂျီယံလူငယ်အသင်းနည်းပြကို မြန်မာအသင်း နည်းစနစ်ဒါရိုက်တာခန့်အပ်ရန်စီစဉ်

ဟာဇက်၊ လူကာကူ၊ ဒီဘရိုင်စသည့် နာမည်ကျော် ဘောလုံးကစားသမားများ မွေး ထုတ်ပေးခဲ့သည့် ဘယ်လ်ဂျီယံ လူငယ်အသင်းနည်းပြ အဲရစ်အပ်ရမ်ကို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
အဆိုပါ သြစတြေးလျလူမျိုး အဲရစ်အပ်ရမ်ကို လာမည့် စက်တင်ဘာတွင် အနည်းဆုံး ၂ နှစ် စာချုပ်ဖြင့် ခန့်အပ်ရန် စီစဉ်ထား ကြောင်း၎င်းကပြောသည်။

Read more

ပါကစ္စတန် ရွေးကောက်ပွဲ အကြိုရလဒ်ကို အာဏာရပါတီ ပယ်ချ

အစ္စတန်ဘူလ်၊ ဇူလိုင် ၂၆

ပါကစ္စတန်နိုင်ငံရဲ့ နောက်တက်မယ့် ၀န်ကြီးချုပ်အဖြစ် ခရစ်ကက်ကစားသမားဟောင်း အမ်မာရန်ခန်း တစ်ပြေးနေတဲ့ ရွေးကောက်ပွဲ အကြိုရလဒ်ကို အာဏာရပါတီက ပြောင်ကျကျ အကြံအဖန် လုပ်ထားတဲ့ ရွေးကောက်ပွဲဆိုပြီး ဇူလိုင် ၂၆ ရက်မှာ ပယ်ချလိုက်ပါတယ်။

Read more

အလံဒီဇိုင်းကို ခိုးမချသင့်ဟု ဩစတြေးလျကို နယူးဇီလန် ဝန်ကြီးချုပ် ဝေဖန်

ဩစတြေးလျ အနေဖြင့် မိမိတို့၏ အလံကို ပုံတူကူးနေခြင်းမှ ရပ်တန့်သင့်ပြီဟု နယူးဇီလန် ဝန်ကြီးချုပ်က ဝေဖန် ပြောကြားလိုက်သည်။
နယူးဇီလန်၏ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော ဝင်စတန် ပီတာစ်က အိမ်နီးချင်း နိုင်ငံ အနေဖြင့် ကွဲပြားသော အလံဒီဇိုင်းတစ်ခုကို အသုံးပြုသင့်ပြီဟု ဆိုသည်။ ဩစတြေးလျနှင့် နယူးဇီလန် အလံများမှာ ယူနီယံဂျက် သင်္ကေတကို အခြေပြုသည့် နောက်ခံ အပြာရောင် ဒီဇိုင်းများဖြင့် အလွန်နီးစပ် ဆင်တူနေကြသည်။

Read more

အီးယူနဲ့ ကုန်သွယ်ရေးစစ် ချုပ်ငြိမ်းရေး သဘောတူခဲ့ကြောင်း ထရမ့် ကြေညာ

ဝါရှင်တန်၊ ဇူလိုင် ၂၆

ဥရောပကော်မရှင် ဥက္ကဌ ဂျင်းကလော့ဂျန်ကာနဲ့ ၀ါရှင်တန်မှာ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သွင်းကုန်စည်းကြပ်ခွန် သုညအခြေအနေအထိ ဖော်ဆောင် သွားရန် အီးယူနဲ့ သဘောတူလိုက်ကြောင်း ဇူလိုင် ၂၅ ရက်မှာ ကြေညာပါတယ်။

Read more

ကျဆုံး အမေရိကန် စစ်သည် ရုပ်အလောင်းများ ယခုသီတင်းပတ်တွင် လွှဲပေးရန် မြောက်ကိုရီးယား စီစဉ်

စင်ကာပူ ဆွေးနွေးပွဲတွင် အတူတွေ့ရသည့် ဒေါ်နယ်လ်ထရမ့်နှင့် ကင်မ်ဂျုံအန်း။

 

ရှုပ်ထွေးလှသည့် ညှိနှိုင်းမှုများ အပြီးတွင် မြောက်ကိုရီးယား အနေဖြင့် ကိုရီးယား စစ်ပွဲကာလအတွင်း ကျဆုံးခဲ့သည့် အမေရိကန် စစ်သည်များ၏ ရုပ်အလောင်းများကို ယခုသီတင်းပတ်တွင် ပြန်လွှဲပေးတော့မည်ဟု သိရသည်။
တောင်ကိုရီးယား အခြေစိုက် ယွန်ဟပ် သတင်းအေဂျင်စီက အမေရိကန် စစ်သည် ၁၀၀ ဝန်းကျင်၏ ရုပ်အလောင်းများ ထည့်ထားသည့် ခေါင်းတလားများကို ဇူလိုင် ၂၇ ရက်တွင် မြောက်ကိုရီးယား အာဏာပိုင်များက လွှဲအပ်ပေးရန် အသင့်ရှိနေပြီဟု ဖော်ပြခဲ့သည်။

Read more

အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေတဲ့ ပန်းမုန်လာစိမ်း

ပန်းမုန်လာစိမ်း (Broccoli) မှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ အဆစ်အမြစ်ရာင်ရောဂါကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ ဖော်ထုတ် နိုင်ခဲ့ပါတယ်။ အဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ Osteoarthri tis, OA ရောဂါဟာ အဆစ်အမြစ်တွေ ရဲ့ အရိုးနု Cartilage ပျက်စီးယိုယွင်း ခြင်းကြောင့် ဖြစ်လာရတာဖြစ်ပြီး အဆစ်အမြစ် နာကျင်ခြင်းနဲ့ လှုပ်ရှားမှုတွေ ခက်ခဲခြင်းတွေကို ကြုံတွေ့ခဲ့ရတာကို လေ့လာရပါတယ်။ ဒီမှာ အဆစ်အမြစ်ရောင် ရောဂါအတွက် အဆစ်အစားထိုးကုသမှုတွေက ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် စရိတ်စက ကလည်း ထည့်သွင်း စဉ်းစားစရာ ဖြစ်နေပါသေးတယ်။

Read more

ကြားဖြတ်ရွေးကောက်ပွဲကာလ ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ဖို့ တောင်းဆို

နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးကာလအတွင်း ရခိုင် မြောက်ပိုင်း၏ လုံခြုံရေးကို ဦးစားပေး တိုးမြှင့်ပေးဖို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက တောင်းဆို လိုက်သည်။ ပြည်နယ် လွှတ်တော်၏ လစ်လပ်မဲဆန္ဒနယ်တစ်ခုဖြစ်သည့် ရသေ့တောင်မြို့နယ် တည်ရှိရာ ရခိုင်မြောက်ပိုင်းဒေသတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်းက အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သလို အကြမ်းဖက်သမားများ ခိုအောင်း နေထိုင်ခဲ့သည်ဟု ယူဆရသော မြေအောက် ဥမင်လိုက်ခေါင်းများကိုလည်း တွေ့ရှိခဲ့ကြသည်။

Read more

ပြည်တွင်း လေကြောင်းလိုင်း ၂ လိုင်း လိုင်စင်ရုပ်သိမ်း

ပြည်တွင်းခရီးစဉ်တွေပျံသန်းနေတဲ့ Air Bagan နဲ့ Apex Airline လေကြောင်းလိုင်းနှစ်ခုရဲ့ လေကြောင်းလိုင်း တည်ထောင် ပျံသန်းခွင့်လိုင်စင် ( AOC) ကိုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ပျံသန်းခွင့် လိုင်စင်တွေ ပြန်လည် ရုပ်သိမ်း ခဲ့တဲ့ အကြောင်း ကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဘီဘီစီ ကို အတည်ပြု ပြောကြား ပါတယ်။

Read more