ဆြစ္ဇာလန္တြင္ အီရန္-အေမရိကန္ အဆင့္ျမင့္ေဆြးေႏြးပြဲမ်ား စတင္၊ MoU အေပၚ အဓိပတိေခါင္းေဆာင္ ခါေမနီ၏ သေဘာထားေၾကာင့္ တီဟီရန္တြင္ သေဘာ ထားကြဲလြဲမႈမ်ားရွိခဲ့

ဆြစ္ဇာလန္တြင္ အီရန္-အေမရိကန္ အဆင့္ျမင့္ေဆြးေႏြးပြဲမ်ား စတင္၊ MoU အေပၚ အဓိပတိေခါင္းေဆာင္ ခါေမနီ၏ သေဘာထားေၾကာင့္ တီဟီရန္တြင္ သေဘာ ထားကြဲလြဲမႈမ်ားရွိခဲ့
=======================
ဇြန္ ၂၂

အေမရိကန္ႏွင့္ အစၥေရးတို႔ ပူးတြဲစတင္ခဲ့သည့္ စစ္ပြဲကို အဆုံးသတ္ရန္ ရည္႐ြယ္၍ လက္မွတ္ေရးထိုးထားေသာ နား လည္မႈစာခြၽန္လႊာ (MoU) ကို ေရွ႕ဆက္အေကာင္ အထည္ေဖာ္ရန္ အီရန္ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔မွ အဆင့္ျမင့္အရာရွိႀကီးမ်ားသည္ ဆြစ္ဇာလန္ႏိုင္ငံတြင္ ပထမဆုံးေန႔ ေဆြးေႏြးပြဲမ်ားကို ႐ုပ္သိမ္းခဲ့ၿပီး ျဖစ္သည္။

ပါကစၥတန္ႏွင့္ ကာတာႏိုင္ငံတို႔က ၾကားဝင္ေစ့စပ္ေပးသည့္ ဤအဆင့္ျမင့္ေဆြးေႏြးပြဲတြင္ အီရန္ဘက္မွ ပါလီမန္ဥကၠ႒ မိုဟမၼဒ္ ဘာဂါ ဂါလီဘတ္ ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး အဘတ္စ္ အရတ္ဂ္ခ်ီ တို႔က ဦးေဆာင္ခဲ့ၿပီး၊ အေမရိကန္ဘက္မွ ဒုသမၼတ ေဂ်ဒီဗန႔္စ္ ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ေတြ႕ဆုံခဲ့ျခင္း ျဖစ္သည္။

ေဆြးေႏြးပြဲ ပထမေန႔တြင္ လက္ဘႏြန္အေရး၊ ေဟာ္မုဇ္ေရ လက္ၾကားအေရးတို႔အျပင္ အီရန္၏ ထိန္းခ်ဳပ္ခံပိုင္ဆိုင္မႈမ်ား ျပန္လည္လႊတ္ေပးေရးႏွင့္ ေရနံပိတ္ဆို႔မႈ ယာယီေျဖေလွ်ာ့ေရး ကိစၥရပ္မ်ားကို ထည့္သြင္းေဆြးေႏြးခဲ့ၾကသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဟစ္ဇ္ဘိုလာအဖြဲ႕အား အီရန္က ေထာက္ပံ့ေနမႈအေပၚ စစ္ေရးအရ တိုက္ ခိုက္မည္ဟု ၿခိမ္း ေျခာက္ခဲ့ အီရန္ထိပ္တန္းညႇိႏႈိင္းေရးမႉး ဂါလီဘတ္က အေမရိကန္အေနျဖင့္ ေျပာဆိုမႈမ်ားတြင္ သတိထားရန္ ျပန္လည္သတိ ေပးခဲ့သည္။

​ တစ္ခ်ိန္တည္းမွာပင္ တီဟီရန္ၿမိဳ႕ေတာ္၌ ယခု MoU သေဘာ တူညီခ်က္အေပၚ အစြန္းေရာက္အုပ္စုမ်ားႏွင့္ အစိုး ရအၾကား အျပင္းအထန္ အျငင္းပြားမႈမ်ား ျဖစ္ပြားလ်က္ရွိသည္။ အဓိပတိေခါင္းေဆာင္သစ္ မိုဂ်တာဘာ ခါေမနီက “မိမိအေနျဖင့္ မူအား ျဖင့္ ကြဲျပားေသာအျမင္ရွိခဲ့ေသာ္ လည္း” သမၼတ မာဆု ပီဇက္ရွ္ကီယန္က တာဝန္ယူခဲ့သည့္ အတြက္ အတည္ျပဳေပးခဲ့ျခင္းျဖစ္ ေၾကာင္း ေၾကညာခဲ့ သည္။

အစြန္းေရာက္လႊတ္ေတာ္အမတ္ မာမုဒ္ နာဘာဗီယန္က ခါေမနီသည္ ေဟာ္မုဇ္ေရလက္ၾကားအတြက္ အီရန္၏ သီးသန႔္စီမံခန႔္ခြဲခြင့္ႏွင့္ စစ္ေလ်ာ္ေၾကးမ်ား မရရွိဘဲ အပစ္အခတ္ရပ္စဲေရးကို သေဘာမတူလိုေၾကာင္း ႏိုင္ငံပိုင္႐ုပ္သံ (IRINN)တြင္ ထုတ္​ေဖာ္ေျပာၾကားခဲ့အၿပီး ႐ုပ္သံၫႊန္ၾကားေရးမႉးခ်ဳပ္ရာထူးမွ ႏုတ္ထြက္သြားခဲ့ရသည္။ ထို႔ျပင္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီတြင္လည္း အစြန္းေရာက္ သမၼတေလာင္းေဟာင္း ဆာအိဒ္ ဂ်ာလီလီ တစ္ဦးတည္းသာ ဤ MoU ကို ကန႔္ကြက္မဲေပးခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အစၥေရးက လက္ဘႏြန္အေပၚ ဆက္လက္တိုက္ ခိုက္ေနၿပီး အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရးကာ့ဇ္က ၎တို႔တပ္ဖြဲ႕မ်ား လက္ဘႏြန္ေတာင္ပိုင္းတြင္ ဆက္ရွိေနမည္ဟု ဆိုျခင္းေၾကာင့္၊ အီရန္စစ္ဘက္က ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ လည္ပိတ္ဆို႔ေၾကာင္း ေၾကညာခဲ့ေသာ္ လည္း အေမရိကန္စစ္ တပ္ကမူ ေရလမ္းေၾကာင္း ပြင့္လင္းေနဆဲျဖစ္ေၾကာင္း တုံ႔ျပန္ သည္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆြတ္ဇာလန္ေဆြးေႏြးပြဲတြင္ လက္ဘႏြန္၌ အပစ္ရပ္ေရးကို အေကာင္အထည္ေဖာ္ရန္ အဓိကဦးစားေပးမည္ဟု အေလးေပးေျပာၾကားထားသည္။

သို႔ေသာ္လည္း တီဟီရန္ေျမျပင္တြင္ အစြန္းေရာက္အုပ္စုမ်ားသည္ ႏိုင္ငံပိုင္မီဒီယာမ်ားကို လက္နက္သဖြယ္အသုံးခ်ကာ ေဆြးေႏြးပြဲကို ပိတ္ဆို႔ရန္ ႀကိဳးပမ္းေနသည့္အျပင္၊ လမ္းမမ်ားေပၚတြင္ အစိုးရဆန႔္က်င္ေရး ညပိုင္းခ်ီတက္ပြဲမ်ားကို ေသနတ္ကိုင္ယာဥ္တန္းမ်ားျဖင့္ ျပဳလုပ္ေနၾကသျဖင့္ သံတမန္ေရးရာကို အဟန႔္အတားျဖစ္ေစသည္ဟု သမၼတ႐ုံးက ေဝဖန္ရႈတ္ခ်ထား သည္။


ဆွစ်ဇာလန်တွင် အီရန်-အမေရိကန် အဆင့်မြင့်ဆွေးနွေးပွဲများ စတင်၊ MoU အပေါ် အဓိပတိခေါင်းဆောင် ခါမေနီ၏ သဘောထားကြောင့် တီဟီရန်တွင် သဘော ထားကွဲလွဲမှုများရှိခဲ့
=======================
ဇွန် ၂၂

အမေရိကန်နှင့် အစ္စရေးတို့ ပူးတွဲစတင်ခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးထားသော နား လည်မှုစာချွန်လွှာ (MoU) ကို ရှေ့ဆက်အကောင် အထည်ဖော်ရန် အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ အဆင့်မြင့်အရာရှိကြီးများသည် ဆွစ်ဇာလန်နိုင်ငံတွင် ပထမဆုံးနေ့ ဆွေးနွေးပွဲများကို ရုပ်သိမ်းခဲ့ပြီး ဖြစ်သည်။

ပါကစ္စတန်နှင့် ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးသည့် ဤအဆင့်မြင့်ဆွေးနွေးပွဲတွင် အီရန်ဘက်မှ ပါလီမန်ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာဂါ ဂါလီဘတ် နှင့် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ တို့က ဦးဆောင်ခဲ့ပြီး၊ အမေရိကန်ဘက်မှ ဒုသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ ပထမနေ့တွင် လက်ဘနွန်အရေး၊ ဟော်မုဇ်ရေ လက်ကြားအရေးတို့အပြင် အီရန်၏ ထိန်းချုပ်ခံပိုင်ဆိုင်မှုများ ပြန်လည်လွှတ်ပေးရေးနှင့် ရေနံပိတ်ဆို့မှု ယာယီဖြေလျှော့ရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟစ်ဇ်ဘိုလာအဖွဲ့အား အီရန်က ထောက်ပံ့နေမှုအပေါ် စစ်ရေးအရ တိုက် ခိုက်မည်ဟု ခြိမ်း ခြောက်ခဲ့ အီရန်ထိပ်တန်းညှိနှိုင်းရေးမှူး ဂါလီဘတ်က အမေရိကန်အနေဖြင့် ပြောဆိုမှုများတွင် သတိထားရန် ပြန်လည်သတိ ပေးခဲ့သည်။

​ တစ်ချိန်တည်းမှာပင် တီဟီရန်မြို့တော်၌ ယခု MoU သဘော တူညီချက်အပေါ် အစွန်းရောက်အုပ်စုများနှင့် အစိုး ရအကြား အပြင်းအထန် အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိသည်။ အဓိပတိခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီက “မိမိအနေဖြင့် မူအား ဖြင့် ကွဲပြားသောအမြင်ရှိခဲ့သော် လည်း” သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တာဝန်ယူခဲ့သည့် အတွက် အတည်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း ကြေညာခဲ့ သည်။

အစွန်းရောက်လွှတ်တော်အမတ် မာမုဒ် နာဘာဗီယန်က ခါမေနီသည် ဟော်မုဇ်ရေလက်ကြားအတွက် အီရန်၏ သီးသန့်စီမံခန့်ခွဲခွင့်နှင့် စစ်လျော်ကြေးများ မရရှိဘဲ အပစ်အခတ်ရပ်စဲရေးကို သဘောမတူလိုကြောင်း နိုင်ငံပိုင်ရုပ်သံ (IRINN)တွင် ထုတ်​ဖော်ပြောကြားခဲ့အပြီး ရုပ်သံညွှန်ကြားရေးမှူးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့ရသည်။ ထို့ပြင် အမျိုးသားလုံခြုံရေးကောင်စီတွင်လည်း အစွန်းရောက် သမ္မတလောင်းဟောင်း ဆာအိဒ် ဂျာလီလီ တစ်ဦးတည်းသာ ဤ MoU ကို ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အစ္စရေးက လက်ဘနွန်အပေါ် ဆက်လက်တိုက် ခိုက်နေပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က ၎င်းတို့တပ်ဖွဲ့များ လက်ဘနွန်တောင်ပိုင်းတွင် ဆက်ရှိနေမည်ဟု ဆိုခြင်းကြောင့်၊ အီရန်စစ်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပြန် လည်ပိတ်ဆို့ကြောင်း ကြေညာခဲ့သော် လည်း အမေရိကန်စစ် တပ်ကမူ ရေလမ်းကြောင်း ပွင့်လင်းနေဆဲဖြစ်ကြောင်း တုံ့ပြန် သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆွတ်ဇာလန်ဆွေးနွေးပွဲတွင် လက်ဘနွန်၌ အပစ်ရပ်ရေးကို အကောင်အထည်ဖော်ရန် အဓိကဦးစားပေးမည်ဟု အလေးပေးပြောကြားထားသည်။

သို့သော်လည်း တီဟီရန်မြေပြင်တွင် အစွန်းရောက်အုပ်စုများသည် နိုင်ငံပိုင်မီဒီယာများကို လက်နက်သဖွယ်အသုံးချကာ ဆွေးနွေးပွဲကို ပိတ်ဆို့ရန် ကြိုးပမ်းနေသည့်အပြင်၊ လမ်းမများပေါ်တွင် အစိုးရဆန့်ကျင်ရေး ညပိုင်းချီတက်ပွဲများကို သေနတ်ကိုင်ယာဉ်တန်းများဖြင့် ပြုလုပ်နေကြသဖြင့် သံတမန်ရေးရာကို အဟန့်အတားဖြစ်စေသည်ဟု သမ္မတရုံးက ဝေဖန်ရှုတ်ချထား သည်။