ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သွေးလွန်တုပ်ကွေးကာကွယ်ရေးဆောင်ရွက်

 

ရန်ကုန် ဇူလိုင် ၂၅

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည် ရပ်ကွက်နှင့် ကျေး ရွာများမှ ပါတီဝင်များနှင့်အတူ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန် နေ့ မွန်းလွဲ ၂ နာရီက အမှတ် (၁၃)ရပ်ကွက်အတွင်းရှိ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ အား သွေးလွန်တုပ်ကွေးကာကွယ် ရေး ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

Read more

တမူးပြည်ခိုင်ဖြိုးပါတီမှ စာသင်ဆောင်အမိုးအတွက် ငွေလှူ

 

တမူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေနှင့် မြို့နယ် ဥက္ကဋ္ဌ ဦးမြင့်အောင်တို့သည် ဇူလိုင် ၂၃ ရက်က ထန်းတပင်ကျေးရွာ ၌ ကိုယ်ထူကိုယ်ထစာသင်ဆောင်အတွက် အမိုးမိုးရန် သွပ်ပြားဖိုး ငွေကျပ် ၁၅ဝဝဝဝ ကို သွားရောက်လှူဒါန်းစဉ်။

ကိုကိုရွှေ


Read more

ဗဟန်းပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင် ၂၄ နံနက်ပိုင်းက ပါတီဝင်မိသားစုများစုပေါင်း၍ ဆရာတော် ဦးဝဏ္ဏတ၊ ရတနာ ဓမ္မာရုံတိုက်ကျောင်းဆရာတော် ဦးဆောင်သည့်သံဃာတော်များ အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြစဉ်။

BHN


Read more

ဒီကနေ့ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူလူထုရဲ့အားကိုးအားထားပြုရမယ့်ပါတီဖြစ်တယ်ဆိုတာ ကျွန်မတို့ နားလည်လက်ခံယုံကြည်လာပြီဖြစ်ပါတယ်

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များတွင် ဇူလိုင် ၂၅ ရက်က ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများကျင်းပခဲ့ရာ ပါတီသို့ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု ရွာရှည်ကျေးရွာမှ မောင်စည်သူအောင်နှင့် သာစည်မြို့နယ် ကုက္ကိုကန်ကျေးရွာအုပ်စု ထနောင်းကုန်း(တ)ကျေးရွာမှ မအေးအေးအောင်တို့၏ ရင်တွင်းစကားများကို ဖော်ပြအပ်ပါသည်။

မေး – ပြည်ခိုင်ဖြိုးပါတီကို ဝင်ရောက် ခြင်းနဲ့ပတ်သက်ပြီး ရှင်းပြပါ။

Read more

ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်

 

ရေဖြူ ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁)ကိုယနေ့ နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဗဟိုကော်မတီဝင်ဦးမောင်စိန်၊ တိုင်းဒေသကြီးအတွင်းရေးမှူးဦးနေမျိုး၊ တိုင်းဒေသကြီးကော်မတီဝင်များ၊ ရေဖြူမြို့နယ်ပါတီ ဥက္ကဋ္ဌဦးနိုင်ဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များနှင့်သင်တန်းသား ၃၄ဝ တက်ရောက်ကြကြောင်း သိရသည်။

Read more

မဟာအောင်မြေမြို့နယ် မဟာအရှေ့ရပ်ကွက်မှ မောင်စိုင်းထက်ကျော်နှင့် ချမ်းအေးသာစံမြို့နယ် ကံကောက်ကြီးရပ်ကွက်မှ မယွန်းမီမီဇော်တို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ​ပြောကြားသွား​သောစကားသံများ

 

Read more

ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဗန်းမောက် ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဗန်းမောက်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်က ကျင်းပခဲ့သည်။

Read more

အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ လပတ်​ပုံမှန်​ညှိနှိုင်း အစည်းအ​ဝေးကျင်းပ

 

မန္တ​လေးခရိုင်​၊အမရပူရမြို့နယ်​လပတ်​ပုံမှန်​ညှိနှိုင်းအစည်း အ​ဝေးကို ယ​နေ့နံနက်​ ၁၀နာရီမှ၁၂နာရီအထိ မြို့နယ်​ပါတီရုံး အစည်းအ​ဝေးခန်းမတွင်​ ကျင်းပပြုလုပ်​ခဲ့သည်​။

အစည်းအ​ဝေးတွင်​ လာမည့်​ကြားဖြတ်​​ရွေး​ကောက်​ပွဲ၌ပါဝင်​​သော ရှမ်းတိုင်းရင်းသားမဲစာရင်းကိစ္စ၊ ပါတီဝင်​အင်​အားများတိုးချဲ့စည်းရုံး​ရေးကိစ္စနှင့်​ လက်​ရှိဖြစ်​​ပေါ်​နေ​သောနိုင်​ငံ​ရေးအ​ခြေအ​နေများအ​ပေါ်​ဆွေး​နွေးခဲ့ကြပြီး အစည်းအ​ဝေးပြီးဆုံးချိန်​တွင်​မြို့နယ်​ပါတီမှကြာဆံဟင်းခါးဖြင့်​ တည်​ခင်းဧည့်​ခံ​ကျွေး​မွေးခဲ့သည်​။

အစည်းအ​ဝေးသို့ အမရပူရမြို့နယ်​ပါတီအတွင်း​ရေးမှူး ​ဒေါ်​စောမြိုင်​နှင့်​​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ အမရပူရမြို့နယ်​အတွင်းရှိ ရပ်​/​ကျေး​ကော်​မတီဥက္ကဋ္ဌများနှင့်​ပါတီ ဝင်​များအပါအဝင်​စုစု​ပေါင်းအင်​အား(၁၀၀)ဦးခန့်​တက်
ရောက်​ခဲ့​ကြောင်းသိရသည်​။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးမြို့ပေါ် လေးမြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ တက်ရောက်အားပေး

 

မန္တလေး ဇူလိုင် ၂၄

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီက တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ကျင်းပ သော မန္တလေးမြို့ပေါ်လေး မြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန် ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ သည်။
အဆိုပါအခမ်းအနားအား နိုင်ငံ တော်အလံကိုအလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင် က အဖွင့်အမှာစကားပြောကြားခဲ့ ပြီးနောက်

Read more

ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ပုသိမ်ကြီးမြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

Read more