Year: 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ပထမနေ့တွင် ပါတီအထွေထွေအတွင်း ရေးမှူးမှ တက်ရောက်နှုတ်ခွန်းဆက်စကားပြောကြား

အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးက ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်နှင့် အမျိုးသမီးကိုယ် စားလှယ်များအား မိတ်ဆက်ပေးခဲ့ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ အမျိုးသမီး ညီလာခံကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်က အမျိုးသမီးညီလာခံ (၂ဝ၁၈) လုပ်ငန်း ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
Read moreပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး အမျိုးသမီးညီလာခံ (၂ဝ၁၈) အကြိုဈေးရောင်း ပွဲတော်သို့ တက်ရောက်အားပေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမျိုးသမီးညီလာခံ (၂ဝ၁၈) ဈေးရောင်းပွဲတော်ကို ယနေ့ညနေ ၄ နာရီ က ပါတီဌာနချုပ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ယာဉ်ရပ်နားဝင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအမျိုးသမီးညီလာခံ (၂ဝ၁၈) ဈေးရောင်းပွဲတော်ကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဒေါက်တာစန်းစန်းနွယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
Read moreပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဈေးရောင်းပွဲတော် ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) အား ဂုဏ်ပြုသောအားဖြင့် ဈေးရောင်း ပွဲတော်အား ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီက ပါတီဌာနချုပ်ရုံးဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါဈေးရောင်းပွဲတော်ကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း နှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ မှ ဖွင့်လှစ်ပေးခဲ့သည်။
Read moreထွန်းထွန်းမင်းနှင့် လက်ရှိ မြန်မာပြည်ချန်ပီယံ ဒေ့ဗ်တို့ ဒီဇင်ဘာ ၁၆ ရက်တွင် ထိုးသတ်မည်

မြန်မာပြည် ချန်ပီယံဟောင်း လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် လက်ရှိ မြန်မာပြည်ချန်ပီယံ ဒေ့ဗ်လက်ဒပ်(ဒေဝ)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည့် မြန်မာပြည် အလွတ်တန်းချန်ပီယံလုပွဲကြီးကို ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။
Read more“ရီးရဲနဲ့ပြန်တွေ့လည်း ဂရုမစိုက်ဘူးဆိုတဲ့ ယာဂင်ကလော့ပ်”

ယမန်နေ့ညက နာပိုလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး သွင်းဂိုးအသာနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တဲ့ လီဗာပူးအသင်းဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ပြန်လည်တွေ့ဆုံနိုင်ပေမယ့် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဘယ်အသင်းနဲ့တွေ့မလဲဆိုတာကို စိတ်ထဲမရှိဘူးလို့ ပြောခဲ့ပါတယ်။
ယာဂင်ကလော့ပ်က နောက်ထပ်ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘယ်အသင်းနဲ့ ပိုပြီးတွေ့ဆုံချင်တယ်ဆိုတာမျိုးနဲ့ လက်ရှိချန်ပီယံရီးရဲမက်ဒရစ်အသင်းကို လက်စားချေဖို့ မတွေးထားကြောင်း ပြောကြားခဲ့ပါတယ်။
Read moreပရိသတ်တွေ ကန့်ကွက်နေတဲ့ကြားက အမေရိကမှာ လာလီဂါပွဲ သွားကစားဖို့ ဆက်ပြီးစီစဉ်နေတဲ့ ဘာစီလိုနာ

စပိန်ကလပ်ဘာစီလိုနာအသင်းဟာ အမေရိကန်နိုင်ငံမှာလာလီဂါပွဲအချို့ကို ကျင်းပနိုင်ဖို့ကြိုးစားနေတဲ့ လာလီဂါဘောလုံးအဖွဲ့ချုပ် ဥက္ကဌတီဘက်စ်ရဲ့ အစီအစဉ်ကို ထောက်ခံကာ ဇန်န၀ါရီ လ ၂၆ ရက်နေ့တွင် ကစားရမယ့် ကက်တလန်ဒါဘီပြိုင်ဖက်ဂီရိုနာအသင်းနဲ့ ပွဲစဉ်ကို အမေရိကန်မှာ သွားရောက်ကစားဖို့ကို ဆက်လက်စီစဉ်နေတယ်လို့ Marca သတင်းစာရဲ့ ဖော်ပြမှုအရ သိရပါတယ်။ ယခုနှစ်အစောပိုင်းက လာလီဂါဘောလုံးအဖွဲ့ချုပ် ဥက္ကဌတီဘက်စ်ဟာ အမေရိ ကန်မီဒီယာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Relevant နဲ့ တစ်နှစ်လျှင် လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်မှာ လာရောက်ကစားဖို့ ငွေကြေးမြောက်မြားစွာနဲ့ ၁၅ နှစ် စာချုပ် ချုပ်ဆိုထားခဲ့တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
Read moreဗလင်စီယာနှင့်ပွဲတွင် ပေါ့ဂ်ဘာ ပါဝင်မည်ဟု မော်ရင်ဟို အတည်ပြု

မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ မော်ရင်ဟိုဟာ ပေါ့ဂ်ဘာကို ပွဲကစားခွင့် မပေးတော့ပေမယ့် ရောင်းချဖို့တော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။
ပေါ့ဂ်ဘာဟာ မန်ယူအသင်းရဲ့ ပွဲစဉ်နှစ်ပွဲစလုံးမှာ အရန်ကစားသမားအဖြစ်ပဲ ပါဝင်ခဲ့ရပြီး မော်ရင်ဟိုကလည်း သူ့ရဲ့ နည်းစနစ်အသစ်မှာ အံမဝင်တာကြောင့် ပွဲထွက်အသုံးမပြုခဲ့တာလို့ သိရပါတယ်။
ပရီးမီးယားလိဂ်နှစ်ပွဲမှာ ပေါ့ဂ်ဘာကို ပွဲထွက်ကစားခွင့် မပေးခဲ့ပေမယ့် ဗလင်စီယာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ ပေါ့ဂ်ဘာကို ပွဲထွက်ကစားစေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Read moreမြောက်ကိုရီးယား အကြီးတန်းအာဏာပိုင်သုံးဦးကို အမေရိကန်က ပိတ်ဆို့ရန် လုပ်ဆောင်

ဝါရှင်တန် ဒီဇင်ဘာ ၁၁
အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်တိုးတက်မှု သိသိသာသာ မဖြစ်ထွန်းသေးချိန်တွင် အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားမှ ထိပ်တန်း အာဏာပိုင် သုံးဦးကို လူ့အခွင့်အရေး အလွဲသုံးပြုလုပ်မှုဖြင့် ပိတ်ဆို့မှုများချမှတ်ရန် စီစဉ်နေကြောင်း အင်န်အိတ်ခ်ျကေ သတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။
Read moreကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု၌ အမေရိကန်ကုမ္ပဏီများကြီးစိုးထား

စတော့ဟုမ်း ဒီဇင်ဘာ ၁၁
အမေရိကန်ပြည်ထောင်စုသည် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့အကြီးမားဆုံး စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း ဆွီဒင်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။
Read more
