Facebook ဌာနချုပ်မှာ ဗုံးလန့်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီယားပြည်နယ်မှာရှိတဲ့ လူမှုကွန်ရက်ကုမ္ပဏီ Facebook ရဲ့ ရုံးဌာနချုပ်ဝန်း အတွင်း ဗုံးလန့်မှု တစ်ခုဖြစ်ခဲ့ပြီး အဆောက်အဦးတစ်ချို့ကို ရှင်းလင်းခဲ့ရကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၁၁ ရက်က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Menlo Park မှာ ရှိတဲ့ Facebook ရုံးချုပ်ဝန်းအတွင်းက အဆောက်အအုံ တစ်ချို့မှာ ရှိသူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပြီး ဗုံးရှာဖွေ ရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

Read more

ဝင်ငွေအနည်းဆုံး လုပ်သားများကို လုပ်ခတိုးမြှင့်ပေးမည်ဟု ပြင်သစ်သမ္မတ ကြေညာ

ပြင်သစ်နိုင်ငံအတွင်း သီတင်းပတ်ကြာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို လိုက်လျောတဲ့အနေနဲ့ ဝင်ငွေအနည်းဆုံး လုပ်သားတွေကို လုပ်ခတိုးမြှင့်ပေးပြီး ပင်စင်စားတွေကို အခွန်လျှော့ပေးမယ်လို့ သမ္မတမာခွန်းက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံတဝှမ်း အဆိုးရွားဆုံး မငြိမ်သက်မှုတွေ ဖြစ်ပေါ်ပြီးနောက် နိုင်ငံကို ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ မာခွန်းက တည်ငြိမ်ရိုကျိုးစွာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Read more

ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ လာမည့်ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပမည်

များစွာနှောင့်နှေးကြန့်ကြာမှုများဖြစ်ပွားနေခဲ့သည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို လာမည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် လက်ရှိစစ်အစိုးရ အာဏာယူခဲ့စဉ်မှ စတင်ကာ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုကို တင်းကျပ်စွာတားမြစ်ထားသည်ဖြစ်ရာ တားမြစ်ထားမှုအား ဖယ်ရှားရေးသည် အစိုးရပေါ်တွင် မူတည်သည်ဟု သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ပထမနေ့ ကျင်းပ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ(၂၀၁၈)ကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ခန်းမဆောင်၌ကျင်းပပြုလုပ်သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ(၂၀၁၈) ပထမနေ့အခမ်းအနားသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ တက်ရောက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

Read more

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးပွဲကျင်းပ

 

ပဲခူး၊ ဒီဇင်ဘာ ၁ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ ၉ ရက် နံနက် ၁ဝ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ရုံး ခန်းမ၌ လပတ်အစည်းအဝေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းသို့ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး၊ အဋ္ဌမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုးနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီ၏ရပ်/ကျေး ဥက္ကဋ္ဌများ တက်ရောက်ကြပြီး ယင်းတို့မှ မိမိတို့၏နယ်မြေဒေသအလိုက် လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးကာ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Read more

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး မဘိမ်းမြို့နယ်ပါတီတာဝန်ရှိသူများနှင့်အတူကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မဘိမ်း ဒီဇင်ဘာ ၁ဝ

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ နှင့်ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးစံလင်း တို့သည် ယမန်နေ့က ခိုတာကျေးရွာ အုပ်စု ဝိုင်းလုံကျေးရွာပါတီဝင်များ နှင့်သွားရောက်ပြီးပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။ ပါတီဝင်များနှင့် တွေ့ဆုံရာ တွင် ခရိုင်အတွင်းရေးမှူးနှင့်မြို့နယ် ပါတီဥက္ကဋ္ဌတို့က ပါတီဝင်များ အင်အား တောင့်တင်းခိုင်မာရေး၊ အလွှာအလိုက်ဖွဲ့စည်းရေး၊ပါတီဝင် တစ်ဦးချင်းအလိုက်အခွင့်အရေးများ၊ ပါတီအောင်နိုင်ရေးလုပ်ငန်းများ တွင်တက်ကြွစွာပါဝင်ရေး၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ရေး၊ယနေ့နိုင်ငံရေးဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပါတီဝင် အင်အားစိစစ်ခြင်းလုပ်ငန်းဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကျင်းပ

 

ကောလင်း ဒီဇင်ဘာ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီလပတ်ပုံမှန်အစည်းအဝေးကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင် သန်းဦးက ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူ မြို့နယ်ကော်မတီဝင် များက မိမိတို့ဆောင်ရွက်ထားရှိသော ပါတီလုပ်ငန်း များကို ဆွေးနွေးတင်ပြကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ အမျိုးသမီးညီလာခံ(၂ဝ၁၈)တက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များရောက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၁ဝ

Read more

တပ်ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာနေပြည်သူများသို့ ဆန်များလျှော့ဈေးဖြင့်ရောင်းချ

 

နေပြည်တော် ဒီဇင်ဘာ ၁ဝ

ပြည်ထောင်စုနယ်မြေတပ်ကုန်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ က ယမန်နေ့နံနက် ၁ဝ နာရီတွင် တပ်ကုန်းမြို့နယ် လွှပုံအုပ်စု လွှပုံ ကျေးရွာနှင့် သာယာအေးအုပ်စု ရွာ သစ်ကျေးရွာများသို့ ရပ်/ကျေး ပါတီဆိုင်းဘုတ်တင်ပြီး ဆန်များ ကို လျှော့ဈေးဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံဦးဇော် မျိုးသိန်း၊ တပ်ကုန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်၊ အတွင်းရေးမှူး၊ဘဏ္ဍာရေး မှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ရပ်/ကျေး ဥက္ကဋ္ဌကော်မတီဝင်များက အထူးလျှော့ ဈေးဆန်များ ကျေးရွာအတွင်းလှည့်လည် ရောင်းချပေးပြီး လွှပုံကျေးရွာအုပ်စုနှင့် သာယာအေးအုပ်စု ပါတီဆိုင်းဘုတ်များ ကို ရပ်/ကျေးကော်မတီဝင်နေအိမ်များ၌ အသစ်ပြန်လည်စိုက်ထူခဲ့ကြောင်းသိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ အမျိုးသမီးညီလာခံ (၂ဝ၁၈) တက်ရောက်ရန် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များရောက်ရှိ


နေပြည်တော်၊ ဒီဇင်ဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ကို ယခုလ ၁၁ ရက်နေ့တွင် စတင် ပြုလုပ်မည်ဖြစ်ရာ ညီလာခံတက်ရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးညီလာခံကိုယ်စား လှယ်များ နေပြည်တော်ရှိ ပါတီဌာနချုပ်သို့ ယနေ့ရောက်ရှိလာခဲ့ကြသည်။

Read more