ကနေဒါနိုင်ငံသားနောက်တဦး တရုတ် ဖမ်းဆီး

တရုတ်က ဖမ်းဆီးထားတဲ့ သံတမန်ဟောင်း Michael Kovrig နှင့် စီးပွားရေးအကြံပေး Michael Spavor

တရုတ်နည်းပညာကုမ္ပဏီတခုရဲ့အမှုဆောင်အရာရှိတဦးကို ကနေဒါအာဏာပိုင်တွေက အခုလအစောပိုင်းမှာ ဖမ်းဆီးလိုက်ပြီးတဲ့နာက် ဒုတိယမြောက် ကနေဒါနိုင်ငံသားတစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တရုတ်အာဏာပိုင်တွေဘက်က အတည်ပြုလိုက်ပါတယ်။

Read more

အာဆင်နယ်က အဓိက ကစားသမားအချို့ကို အနားပေးပြီး ကွာရာဘတ်နှင့် ရင်ဆိုင်မည်

ယူရိုပါလိဂ်တွင်နောက် တစ်ဆင့်တက်ခွင့် သေချာပြီး ဖြစ်သော အာဆင်နယ်က ကွာရာဘတ်ကို လက်ခံ ရင်ဆိုင်ရမည့်ပွဲတွင် အဓိကကစားသမားအချို့ ကို အနားပေးမည်ဖြစ်သော်လည်း မီခီတာယန်နှင့် ကိုစီယံနီတို့ ပွဲထွက် ကစားမည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အမ်မရီကပြော သည်။

ပြိုင်ပွဲအရပ်ရပ် ပြီးခဲ့သည့် ၂၁ ပွဲတွင် ရှုံးပွဲမရှိခဲ့သော အာဆင်နယ်သည် ကွာရာဘတ်ကို အရန်ကစားသမား အများစုနှင့် ရင်ဆိုင်မည်ဖြစ်သော်လည်း ရှုံးပွဲ မရှိသောအခြေအနေကို ဆက်ထိန်းရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အမ်မရီက ပြောသည်။

Read more

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို စတာလင်း ဆွတ်ခူး

မန်စီးတီးတိုက်စစ်ကစားသမား စတာလင်းဟာ နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွယ် ကစားသမားဟာ နိုဝင်ဘာလကစားခဲ့တဲ့လိဂ် ပွဲတွေမှာ အသင်းအတွက် (၃)ဂိုး သွင်းနိုင်ခဲ့သလို (၃)ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။

စတာလင်းအနေနဲ့ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ်ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့စနေနေ့က ချဲလ်ဆီးကိုရှုံးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူမျိုးရေးခွဲခြားဆဲဆိုခံခဲ့ရပြီး ရက်အနည်းငယ် အကြာမှာ ဒီဆုကို ရရှိခဲ့တာပါ။

Read more

အောင်လအန်ဆန်၏ လက်ဝှေ့အိတ်သုံးခု လေလံတင်ရောင်းချပြီး ကလေးများကို လှူဒါန်းမည်

MMA (One Champio-nship)  မစ်ဒယ်ဝိတ်တန်းနှင့် လိုက် ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် နှစ်ခုပိုင်ရှင် အောင်လအန်ဆန် ထိုးသတ်ဖူးသည့် လက်ဝှေ့အိတ် သုံးခု လေလံတင်ရောင်းချပြီး ပညာသင်ကြားရေး အခက်အခဲဖြစ်သည့် ကလေးများကို လှူဒါန်းမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဒေါ်မေ မြတ်နိုးက ပြောသည်။

Read more

ထရမ့်၏ ရှေ့နေဟောင်း မိုက်ကယ်ကိုဝင်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ရေးရှေ့နေဟောင်းဖြစ်သူ မိုက်ကယ်ကိုဝင်ကို နယူးယောက် တရားရုံးက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

မိုက်ကယ်ကိုဝင်ကို ထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်ပွဲ အထောက်အကူဖြစ်ဖို့အတွက် အမျိုးသမီးတွေကို တရားမဝင် တိတ်တဆိတ် ငွေပေးရာမှာ ပါဝင်ခဲ့မှု၊ အဆိုပြုထားတဲ့ ရုရှားက ထရမ့်တာဝါ ပရောဂျက်နဲ့ ပတ်သက်လို့ ကွန်ဂရက်ကို လိမ်ညာခဲ့မှုအတွက် အခုလို ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Read more

မက္ကဆီကိုနယ်စပ်တစ်လျှောက် နယ်စပ်တံတိုင်းကာရန် ဘတ်ဂျက်ခွင့်မပြုပါက အစိုးရယန္တရားရပ်ဆိုင်းမည်ဟု ထရမ့်ပြော

ဝါရှင်တန် ဒီဇင်ဘာ ၁၂

မက္ကဆီကိုနယ်စပ်တစ်လျှောက် နယ်စပ်တံတိုင်း ကာရံရန်ကိစ္စသည် နိုင်ငံတော်က အရေးပေါ်လုပ်ရမည့် အလုပ်ဖြစ်ကြောင်း၊ လွှတ်တော်အမတ်များဘက်မှ လုံလောက် သည့် ရန်ပုံငွေချမပေးလျှင် အစိုးရယန္တရား လည်ပတ်မှု ရပ်တန့်အောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့က အိမ်ဖြူတော် ရုံးခန်းထဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

Read more

ကနေဒါသံတမန် ဖမ်းဆီးမှု တရုတ်အစိုးရ လုံခြုံရေး အကြောင်းပြ

ကနေဒါသံတမန် Michael Kovrig

တရုတ်ပြည်ဆိုင်ရာ ကနေဒါ သံတမန်ဟောင်းတဦးကို တရုတ်နိုင်ငံ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တနင်္လာနေ့က ဖမ်းဆီးခဲ့ကြောင်း တရုတ်အစိုးရက ဗုဒွဟူးနေ့မှာ ကြေညာပါတယ်။

Read more

ရုရှားနှင့်ပတ်သက်သည့်မေးခွန်းများကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး လျစ်လျူရှု

တိုကျို ဒီဇင်ဘာ ၁၂

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို သည် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု ကိစ္စရပ်များကို ဂျပန်နှင့် ညှိနှိုင်းဆွေးနွေးရာတွင် ရုရှား၏ သဘောထားတင်းမာမှုများနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်း လာသည့် မေးခွန်း အချို့ကို ဖြေကြားခြင်း မရှိကြောင်း သိရသည်။

Read more

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမတိုင်ခင် တင်းမာမှုတိုး

ဘင်္ဂလားဒေ့ရှ် ၂၀၁၄ ရွေးကောက်ပွဲ

ဘင်္ဂလားဒေရှ့်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ တင်းမာမှုတွေ တိုးလာတာနဲ့ အတူနိုင်ငံရေးပါတီတွေကြား ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပြီး ပါတီ စည်းရုံးရေး ၀န်ထမ်း ၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ထိုက်ခိုက်ဒဏ်ရာ ရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Read more

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 ပန်းတနော် ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသည့် မြို့နယ်ပါတီနှင့်ရပ်ကျေးပါတီတွေ့ဆုံပွဲ အခမ်းအနားကို ယခုလ ၉ ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more