
နိုင်ငံတကာ နဲ့ ကုလသမဂ္ဂအဖွဲ့စည်းတွေက မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေ မပြန်ဖို့ ဖိအားတွေ ပေးနေပေမယ့် မြန်မာအစိုးရကတော့ လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။ မြန်မာအစိုးရအနေနဲ့ မူလက စီစဉ်ထားတဲ့အတိုင်း မနက်ဖြန်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက RFA ကို ဒီကနေ့ ပြောပါတယ်။



