
ဂျပန်နိုင်ငံတောင်ပိုင်းရှိ ကျူးရှူးကျွန်းပေါ်တွင် စံချိန်တင် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ရေ ကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများဖြစ်ပွားပြီး အနည်းဆုံး လူနှစ် ဦးသေဆုံးခဲ့ရသည်။ အဆိုပါဖြစ် စဉ်များကြောင့် အာဏာပိုင်များက ရှားပါးသည့် သတိပေးချက်များ ထုတ်ပြန်ပြီး လူပေါင်းရှစ်သိန်းခွဲ နီးပါးအား ဘေးလွတ်ရာသို့ရွှေ့ ပြောင်းရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။








