ရန်ကုန် သြဂုတ် ၁၂
ရန်ကုန် သြဂုတ် ၁၂
သံတွဲခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ်စိုက်ထူပွဲကို သံတွဲခရိုင်ပါတီရုံး၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်သန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဌများ၊ လူငယ်ပါတီဝင်များ၊ အမျိုးသမီရေးရာပါတီဝင်များတက်ရောက်ခဲ့ပြီး ပါတီဆိုင်းဘုတ်အသစ်အား အမွှေးနံ့သာရေများ ပတ်ဖျန်းကာ စိုက်ထူခဲ့ကြသည်။
TD USDP
တမူး၊ ဇူလိုင် (၈)
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်/ တမူးမြို့နယ် ခမ်းပါတ်မြို့ မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ခမ်းပါတ်မြို့ အမှတ်(၂)ရပ်ကွက် လူငယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးမှ တွေ့ဆုံအမှာ စကားပြောကြားခဲ့ပါသည် ။

ရွှေဘို၊ သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပုခန်းကျောင်းတိုက်ဆရာတော် ဥူးဝိမာလအား ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ပါတီဗဟို အလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီအလုပ်အမှုဆောင် ရွှေဘိုခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးစိုးအေး၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြို့နယ်ကော်မတီဝင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူပြီး နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၃၁
ယနေ့ညနေ ၄ နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သည့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်၍ ရတနာတန်းဝင် (ကျွန်းပင်)အား ဦးဆောင် စိုက်ပျိုးပေးခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့်အတူ ပါတီဌာနချုပ်ရှိ ၀န်ထမ်းများမှ ရတနာတန်းဝင် သစ်ပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင် ၂၄ နံနက်ပိုင်းက ပါတီဝင်မိသားစုများစုပေါင်း၍ ဆရာတော် ဦးဝဏ္ဏတ၊ ရတနာ ဓမ္မာရုံတိုက်ကျောင်းဆရာတော် ဦးဆောင်သည့်သံဃာတော်များ အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြစဉ်။
BHN

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်စေမည့် အလားအလာကောင်းများ ရရှိခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
နတ်မောက် ဇူလိုင် ၁ဝ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် ကျင်းပခဲ့သည်။
မင်းဘူး(စကု)၊ ဇူလိုင် ၊ ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ် မင်းရွာကျေးရွာအုပ်စု၌ ယနေ့ ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့် ပါတီဝင်ကဒ်ပေးအပ်ပွဲအခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌ
ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မင်းဘူးမြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) ကို ၁၀.၇.၂၀၁၈ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါနိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) သို့ မကွေးတိုင်းတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ တက်ရောက်အမှာစကားပြောကြားပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ကော်မတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီများ သင်တန်းသား ၇၀ ဦးတို့ တက်ရောက်ကြကြောင်းသိရှိရပါသည်။