
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် အကူအညီတောင်းခံ စာများ လက်ခံရရှိ သော်လည်း မြို့နယ်ရုံးများဖွဲ့စည်းပြီးမှ စတင်အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးကပြောသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် အကူအညီတောင်းခံ စာများ လက်ခံရရှိ သော်လည်း မြို့နယ်ရုံးများဖွဲ့စည်းပြီးမှ စတင်အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပနိုင်ရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြေလည်မှုရရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်အဆင့် တွေ့ဆုံသည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူရန် လိုအပ်သည်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ်ပေးရန် ၂၀၁၈ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၈) ၌ အတည်ပြုဆုံးဖြတ်ခဲ့ပြီး တိုးမြှင့်သတ်မှတ် ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစား ခွင့်ရှိမည်ဖြစ်ကြောင်း ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၁၈ ဖြင့် ထုတ်ပြန်သည်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက လီဗာပူးကို အိမ်ကွင်းရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွင် ကိုင်တွယ်ခဲ့သည့်ကွင်းလယ်ဒိုင် မာတီယူလာဟော့ဇ်ကို ဝေဖန်လိုက်သည်။
အဆိုပါပွဲစဉ်တွင် ဂွာဒီယိုလာက ဆာနေး၏သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ရာတွင် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ မိမိအားကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင်မှာ ပြီးခဲ့ရာသီမိုနာကို နှင့်တွေ့ဆုံခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း ရသင့်သည့် ပင်နယ်တီကို ငြင်းပယ်ခဲ့ခြင်းကြောင့် ကွင်းလယ်ဒိုင်မာတီ ယူလာဟော့ဇ်အကောင်းကို သိရှိထားပြီးဖြစ်သည်ဟု လည်း ဆိုခဲ့သည်။

ကမ္ဘာကျော် ဗြိတိသျှ သိပ္ပံ ပညာရှင်ကြီး စတီဗင် ဟောကင်း (အသက် ၇၆ နှစ်) ကွယ်လွန်သွားပြီလို့ မိသားစု ပြောခွင့်ရသူက ပြောပါတယ်။
စတီဗင်ဟောကင်းဟာ “အချိန်ရဲ့သမိုင်းအကျဉ်း” စာအုပ် အပါအဝင် နာမည်ကြီး သိပ္ပံဆိုင်ရာ ကျမ်းတွေ ပြုစုခဲ့သလို စကြ၀ဠာ အာကာသထဲက တွင်းနက်တွေ အကြောင်းနဲ့ နှိုင်းရ သဘောတရား တွေမှာလည်း အကြီးအကျယ် ပြောင်းလဲစေခဲ့သူ အဖြစ် လူသိများပါတယ်။
ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်အုပ်စု၊ ရွှေပြည်သာယာကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာများမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်ထောင်နယ်မြေဥက္ကဋ္ဌ ဦးဝေလွင်မှ ပါတီ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကော်မတီဝင် ဦးသန်းလှိုင်နှင့်အဖွဲ့၊ ကျန်စစ်သားရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်း၍ ယခုလ ၆ ရက် နံနက်ပိုင်း က ဒလမြို့နယ် ကျန်စစ် သားရပ်ကွက်’ရတနာအေးရိပ်သာ’ ဘုန်းတော်ကြီးကျောင်း၌ ပဋ္ဌာန်း ရွတ်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်း တိုက်ဆရာတော် ဦးသောဘဏ ထံမှငါးပါးသီလခံယူပြီး ရေစက်ချ တရားတော် နာယူခဲ့ကြကြောင်း သိရသည်။