မင်းလှ ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ အမှတ်(၇)ရပ်ကွက် ဗိုလ်ရုံတန်း လမ်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့ နံနက်ပိုင်းက လဝက်ပုံမှန်အစည်းအဝေးပြု လုပ်ခဲ့ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီကော် မတီဝင်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီ ဝင်များ စုစုပေါင်းအင်အား ၈ဝ ခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။









