အီးယူအနေဖြင့် တူရကီနိုင်ငံသားများအတွက် ဗီဇာမလိုဘဲ သွားလာခွင့်ကို အောက် တိုဘာအတွင်း ခွင့်ပြုပေးသင့်ပြီး ထိုသို့မဟုတ်ပါက အီးယူသို့ တရားမ၀င် ရွှေ့ပြောင်း နေထိုင်သူများ ၀င်ရောက်မှုကို တူရကီက တားဆီးပေးရေး သဘောတူညီမှုကို ဘေးဖယ်ထားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက ဂျာမနီသတင်းဌာနတစ်ခုအား ပြောကြားသည်။
ကြက်သွန်ဖြူ (garlic )ကိုစား ကျန်းမာခြင်းသည် လာဘ်တစ်ပါး
မြန်မာပြည်တွင် မက ကမ္ဘာတစ်ဝန်းလုံးတွင် ဟင်းချက်ပြုတ်၌ အသုံးပြုသော ကြက်သွန်ဖြူသည် ဆေးဖက်ဝင် အာနိသင်များဖြင့် ပြည့်စုံလှကြောင်း ၊ ကြက်သွန်ဖြူကို တစ်နေ့ တစ်လုံးစားသုံးပေးပါက ဗီတာမင်အေ ၊ ဘီ နှင့် စီ ပြည့်ဝစွာရရှိမည်သာမက သတ္တုဓာတ်အမျိုးမျိုးကို ခန္ဓာကိုယ်အတွက် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည် ။
ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ၌ ပြည်သူများ မဲပေးကြပြီ

တိုကျို ဇူလိုင် ၁ဝ
ဂျပန်နိုင်ငံ၌ အထက်လွှတ်တော်အမတ်များကို ရွေးချယ်နိုင်ရန် ဇူလိုင် ၁ဝ ရက်တွင် ပြည်သူများ မဲပေးလျက် ရှိကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်း ထုတ်ပြန်သည်။
ဘောလုံးကွင်း ၃၀ စာရှိသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် တရုတ်တပ်ဆင် ပြီးစီး

ပေကျင်း၊ ဇူလိုင် ၎
စက်တင်ဘာတွင် စတင်အသုံးပြုမည်ဖြစ်သည့် ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်အား တရုတ်နိုင်ငံက အပြီးသတ် တပ်ဆင်ပြီးစီးကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။
အကျယ် မီတာ ၅၀၀ ရှိသော Aperture Spherical Telescope သို့မဟုတ် FAST တယ်လီစကုပ်၏ အရွယ်မှာ ဘောလုံးကွင်း ၃၀ စာမျှ ရှိသည်။
လိုင်ယွန်နောက်ခံလူ အွမ်တီတီကို ဘာကာ ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူ

လိုင်ယွန်နောက်ခံလူ ဆမ်မြူရယ်အွမ်တီတီသည် ဘာ စီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း လိုင်ယွန်ဥက္ကဋ္ဌ ဂျိန်းမီချဲလ်အူလာ့စ်က အတည်ပြုပြောကြား သည်။
အွမ်တီတီ (၂၂) နှစ်သည် ပီအက်စ်ဂျီမှ မာကွင်မိုနှင့်အတူ စပိန်ချန်ပီယံဘာစီလိုနာက ယခု နွေရာသီတွင် အဓိက ခေါ်ယူလို သော ပစ်မှတ်များအနက် တစ်ခု ဖြစ်သည်။
တရုတ်(တိုင်ပေ)နှင့် တရားဝင်ဆက်သွယ်မှုများ ရပ်ဆိုင်းလိုက်ပြီဟု တရုတ်တာဝန်ရှိသူများ ပြော

ပေကျင်း ဇွန် ၂၆
တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)နှင့် တရားဝင်ဆက်သွယ်မှုများကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသဆိုင်ရာသတင်းဌာန များက ဇွန် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
တရုတ်(တိုင်ပေ)၏ အစိုးရအဖွဲ့သစ်က နိုင်ငံတစ်နိုင်ငံ စနစ်နှစ်မျိုးအခြေခံမူကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းကြောင့် တရားဝင် ဆက်သွယ်မှုများကို ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားသည်။
ရော်နယ်ကိုးမန်း အဲဗာတန်သို့ ပြောင်းရွှေ့နည်းပြရန် သဘောတူ

နယ်သာလန်သား ရော် နယ်ကိုးမန်းသည် အဲဗာတန်သို့ ပြောင်းရွှေ့နည်းပြရန် သဘော တူလိုက်သည်ဟု အဲဗာတန် အသင်းက ပြောကြားသည်။
ဆောက်သမ်တန်ကို ၂ နှစ် ကြာကိုင်တွယ်ခဲ့သော ရော်နယ် ကိုးမန်း (၅၃) နှစ်အတွက် အဲဗာ တန်က ပေါင်ငါးသန်း လျော်ကြေး ပေးမည်ဖြစ်သည်။ ကိုးမန်းသည် ဘောလုံးရာသီမကုန်ဆုံးမီ ထုတ်ပယ်ခံရသော မာတီနက်ဇ်နေရာ သို့ အစားထိုး ၀င်ရောက်မည် ဖြစ်သည်။
သောက်သုံးရေအဆင်ပြေစေရေး ပါဝင်ကူညီဆောင်ရွက်ပေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကန်ကြီးထောင့်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၏ စီမံဆောင်ရွက်မှုဖြင့် မြို့နယ် စည်ပင် သာယာရေးကော်မတီက အုန်းပင်ဆိပ်အုပ်စု၊ ပေပင်ကျေးရွာသို့ သောက်သုံးရေ လှုဒါန်းမှုတွင် ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပူးပေါင်းပါဝင် ကူညီခဲ့ကြသည်။ (၁၆-၅-၂၀၁၆)
ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး တွေ့ဆုံဆွေးနွေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ရွေးချယ်ခြင်းကိစ္စများ တွေ့ဆုံဆွေးနွေးခြင်းကို မေလ (၁၅) ရက် ညနေ (၅) နာရီခွဲအချိန်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှမ်းတဲကြီးကျေးရွာ အမှတ်(၂)လမ်းမကြီးပေါ်ရှိ ဦးကံညွှန့်နေအိမ်၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန် လပတ်အစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန်ပြုလုပ်သည့် လပတ်အစည်းအဝေး၌ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသိန်းမြင့်ထွန်းနှင့် မြို့နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုးသီဟတို့မှ တက်ရောက်လာကြသော ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၅၉)အုပ်စုမှ ပါတီခေါင်းဆောင်များအား ပါတီလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
credit;Usdp Yedashe



