
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအနေနဲ့ ရေအားလျှပ်စစ်စီမံကိန်း အသစ်(၆)ခု ကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ဆောင်ဖို့ တင်ဒါခေါ်ယူထားပါတယ်။ အသစ်လုပ်ဆောင်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကတော့ ဖုန်အင်ခ ရေအားလျှပ်စစ်စီမံကိန်း၊ ကဆန်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်မယ် ဆိုင်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်ကန်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်တဘက်(ကယား)ရေအားလျှပ်စစ်စီမံကိန်းနဲ့ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။












