
မြဝတီနယ်စပ်မှ တဆင့် ပြည်ပသို့ တင်ပို့သည့် ပို့ကုန်အားလုံးကို ဇူလိုင်လ (၁) ရက်မှ စတင်ကာ အမေရိကန်ဒေါ်လာဖြင့်သာ တန်ဖိုးသတ်မှတ် တင်ပို့ခွင့် ပြုတော့မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အချို့ထံမှ သိရသည်။ ယင်းသို့ တင်ပို့ပြီးပါကလည်း ပို့ကုန်ရငွေ ဝင်ရောက်ပြီးကြောင်း ဘဏ်စလစ်ပြနိုင်မှသာ နောက်တစ်ကြိမ် ထပ်မံတင်ပို့နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။







