
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းထက် ပိုမိုရောင်းချခဲ့ကြောင်း စိစစ်ပေါ်ပေါက်ခဲ့သည့် စက်သုံးဆီအရောင်းဆိုင် ၈၂ ဆိုင်ကို ဥပဒေနှင့်အညီ အရောင်းဆိုင်အဆင့်အလိုက် ဒဏ်ကြေးငွေတပ်ရိုက်၍ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် အစိုးရက သတ်မှတ်ထား သည့် ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးကြပ်မတ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် အစိုးရသတ်မှတ်ဈေးနှုန်း အတိုင်း ရောင်းချခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်များကို အရေးယူရန် အစီအစဉ်ရှိ၊ မရှိ သတင်းထောက် တစ်ဦး၏ မေးမြန်းမှုအပေါ်ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။








