
ပြည်တွင်း စက်သုံးဆီ ဝယ်ယူတင်သွင်းရာမှာ ဆိုင်းငံ့ငွေပေးချေမှုစနစ်နဲ့ တင်သွင်းနိုင်ဖို့အတွက် ညှိနှိုင်းစီစဉ် နေတယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၊ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။ ဆိုင်းငံ့စနစ်နဲ့ စက်သုံးဆီ တင်သွင်းနိုင်ဖို့အတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အဆိုပြု ဖိတ်ခေါ်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လတ်တလောမှာတော့ စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်း စီစဉ်နေတုန်း ဖြစ်တယ်လို့ ဦးဝင်းမြင့်ကပြောပါတယ်။










